SSA စခန်းတခု အစိုးရတပ် သိမ်းပိုက်

E-mail Print
ရှမ်းပြည်နယ်၊ တန့်ယန်းမြို့နယ်ရှိ ရှမ်းပြည်တပ်မတော် (SSA) မြောက်ပိုင်း၏ ၇ မိုင် တပ်စခန်းကို အစိုးရ စစ်တပ်က ယနေ့ ထိုးစစ်ဆင် သိမ်းပိုက်လိုက်သည်ဟု သိရသည်။

လက်နက်ကြီးများဖြင့် တိုက်ခိုက်ခံရပြီးနောက်ပိုင်း  စခန်း ကျသွားခြင်း ဖြစ်ကြောင်း ထိုင်းနိုင်ငံ အခြေစိုက် သျှမ်းသံတော်ဆင့် သတင်းစဉ်မှ အယ်ဒီတာ ဦးစိန်ကြည်က ဧရာဝတီသို့ ပြောသည်။

“အစိုးရ စစ်တပ်က အင်အား ၁၀၀ ကျော်နဲ့ ရှမ်းတပ်ကို ဒီမနက် တက်တိုက်တယ်၊ မွန်းတည့်ချိန်မှာ ရှမ်းတပ်က အစိုးရ စစ်တပ်ရဲ့ လက်နက်ကြီးဒဏ်ကို မခံနိုင်လို့ ဆုတ်ပေးလိုက်ရတယ်” ဟု ၎င်းက ဆိုသည်။

တပ်ဖွဲ့ဝင်များ ဒဏ်ရာ မရသော်လည်း မူးဝေသည့် ဝေဒနာ ခံစားနေကြသဖြင့် အစိုးရတပ်က သုံးခဲ့သည့် လက်နက်ကြီးများတွင် ဓာတု ပစ္စည်း ပါဝင်မှုရှိ မရှိ SSA မြောက်ပိုင်းက စုံစမ်းနေသည်ဟု ထိုဒေသအရေး လေ့လာနေသည့် ဦးစိန်ကြည်က ဆက်ပြောသည်။

ထိုင်းမြန်မာနယ်စပ် အခြေစိုက် SSA တောင်ပိုင်း ပြောခွင့်ရ ပုဂ္ဂိုလ် စိုင်းလောင်ဆိုင်းကလည်း ထိုသို့ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်ဟု ကြားသိရကြောင်း ဒေသခံများကို ကိုးကားပြီး ပြောပြသည်။

SSA မြောက်ပိုင်းသည် အစိုးရနှင့် ငြိမ်းချမ်းရေးယူထားသည့် လက်နက်ကိုင်အဖွဲ့ ဖြစ်သည်။ သို့သော်လည်း နယ်ခြားစောင့်တပ်ဖွဲ့အဖြစ် အသွင်ပြောင်းရေးအစီအစဉ်ကို လက်မခံသဖြင့် ငြိမ်းချမ်းရေး ပျက်ပြားပြီး တိုက်ခိုက်မှုများ ပြန်လည် ပေါ်ပေါက်လာသည်။

SSA မြောက်ပိုင်း ထိန်းချုပ်နယ်မြေများဖြစ်သော မိုင်းရူး၊ မိုင်းယန်း၊ တန့်ယန်း၊ ကျေးသီး၊ လားရှိုး၊ သီပေါ၊ နမ့်ဆန်မြို့၊ မိုးမိတ် စသည့် ဒေသများတွင် ဖေဖော်ဝါရီလဆန်းပိုင်းမှ စတင်ပြီး တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

SSA တောင်ပိုင်းသည် အစိုးရနှင့် အပစ်အခတ် ရပ်စဲခြင်း မပြုဖူးသည့် အဖွဲ့ဖြစ်သည်။ မကြာသေးမီက SSA တောင်ပိုင်း နှင့် မြောက်ပိုင်းသည်  နိုင်ငံရေး၊ စစ်ရေး ပူးပေါင်းဆောင်ရွက်ရန် သဘောတူထားသည်။

ဖြစ်ပွားခဲ့သည့် တိုက်ပွဲတချို့တွင် တောင်ပိုင်းက စစ်ရေးအကူအညီ ပေးခဲ့သည်ဟု သိရသည်။
Comments (7)Add Comment
0
...
written by thein tan, June 06, 2011
Now it is the best time to attack Burmese military by ethic groups.
If ALL attack at the same time, Than Shwe and Burmese generals will be so afraid of.
In Burmese military now the quaility is so low and there are many disagreements between soilders
and officers. Than Shwe is afraid that NATO will involve same as Lybria. So he will not use airforce.
He has no land to run. Even he runs to China, China will not accept him.
Most of the Burmese generals family members are in Thailand, Singapore and England.
They are trying to get the power to make their own business to be rich.
0
Not for defance but for force
written by saw, June 05, 2011

To all ethnics arms group in Burma,
You should know that you ask for the freedom and state. also you already known they are not gonna give you in peace. You are not the govvenment to defence your place. You started the revolution to fight the Burma Army and distroy them to get your state. Why do you wait for the government comes and fight you, I think your strategy might be wrong so.............................you will probably know what I mean.............
0
သတင်း အရေးအသား
written by သက်မျိုးနိုင်, June 05, 2011
ကျနော်ဟာ irrawaddy ယင့် ပုံမှန် ပရိတ်သတ်လို့ ပြောလို့ရပါတယ်။ အဲလိုဖြစ် လာရတာလည်း ဒီနေရာ မှာဘဲ သတင်းစုံလင် မှန်ကန် တွေကို သိခွင့် ရသလို ခံစားမိတာနဲ့ ဆက်စပ်တယ် ဆိုရင် မှာမယ် မထင်ပါဘူး။ စာဖတ်သူယင့် ဗဟုသုတ ဟာ အမျိးမျိုး ကွဲပြားနို င်ပါတယ် ။ဒီတခါတော့ စာဖတ်သူဖက်က ဒွိဟ ဖြစ်သွားနို င်တာမို့ စဉ်းစားမိလို့ မေးကြည့်ပါရစေ irrawaddy ရယ်။ ရှမ်းပြည်က ဘယ်မှာလဲ။ အစိုးရ ဆိုတာ ဘယ်အစိုးရကို ရည်ညွန်း ပါသလဲလို့။ ဆက်လက် ပရိတ်သတ်ြ ဖစ်ခွင့်ပြုပါ irrawaddy ရယ်။
0
Bring them to ICC
written by Kyaw, June 04, 2011
Chemical Weapons????
Report to UN and US Immediately with the Chemical test report.
It is using of WMD, a crime committed to the Human Being.
The Government VIPs must be brought to ICC.
0
BURMA ARMY......
written by eel, June 04, 2011
Nowadays BURMA ARMY is no good like before...They are very afraid to die...So they will not fight Face to Face...They will use Human covers like villagers and prisoners and Young soldiers...Especially some army chiefs understand thats WE All are not ENEMIES...So they dont want to fight...and Some army Chiefs are very rich and scare to die...but for soldires ..they are very poor and scare to orders...and no supports from government,too. So they only depend on weapons... In the other hand, they are very easy to run away if they got chance...So to be belive is...they only can win because of Weapon...not because of their mind-set... So SSA ..BE STRONG....U HAVE FUTURE...MYANMAR PEOPLES WILL BE BEHIND YOU BY MIND...SUPPORTING YOU MENTALLITY....smilies/smiley.gif
0
ဘာတွေ ကိုထပ် ပြီးစောင့်ေ နဦးမှာလဲ သျှမ်းပြ ည်တပ်မတော်
written by မိုးမခ သူရ, June 03, 2011
နယ်ချဲ့ ဗမာ့တ ပ်မတော်ေ တွကစတိုက်လာတာကြာပါပြီ။ ဘာတွေကို ထပ်စောင့်ပြီးရင်းေ စာင့်နေကြတာလဲ။
တောင်နဲ့ မြောက် သျှမ်းတပ်တွေပေါင်း စည်းကြပြီဆို၊ စစ်မ တိုက်လိုဘူး၊ မတိုက်ရဲဘူး ဆိုရင်လဲ ကျူးကျော်သူတွေ တာင်းဆိုထား တဲ့အတိုင်း
ဌာနေပြ ည်သူ့ စစ်၊ နယ်ခြားစောင့်တပ်တွေ အဖြစ်အသွင်ေ ပြာင်းလိုက်ကြပါ တော့လား။
တမင်းကျွှေးထားရတာ ပြည်သူတွေအ တွက်ဝန်ကြီးလွန်းတ ယ်။အလကားအလဟသပဲ၊ ဘာမှအ ကျိုးမဖြစ်ဘူး။
ကြွေးေ ကြာ်ထားတဲ့ အတိုင်းတကယ့်တ ကယ်မျိုးချစ်စစ်မှန်တယ်ဆို ရင်စဉ်းစားကြပါဦး။
0
That is too bad!!!!
written by Myanmar Phyi Tha, June 03, 2011
To kill one own country man with such poisonous weapon is too bad!!! The poison weapon is not the victory!!! It should not be happened and must not happen!!! That is against the international law! Against human right! Against one's own consciousness. !!! The poison weapon is not the remedy for ethnic conflicts. Unless there is justice and mutual respect there will be no peace!!! The conflict will never end! in fact, it create more anger and hatred among us. Please, voice it out in internal issue as possible ! The one who sell it to SPDC is also part of committing criminal war. We have to voice it out, we cannot just keep silent to let our own people killed by such weapon. The money they bought is from civilians. They use it to kill their own civilians. How can we, poeple of Burma trust this new Government!!!!
Peace Burma!!!!

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်