ဇနီးသည် ၄၅ ဦး ရေလုပ်သားများအတွက် လျော်ကြေးတောင်း

E-mail Print
ပြီးခဲ့သည့် မတ်လက လေပြင်း မုန်တိုင်းကြောင့် ပင်လယ်တွင်း မျောပါသွားသည့် ရေလုပ်သား ၄၅ ဦးအတွက် လျော်ကြေး ရလိုကြောင်း ၎င်းတို့၏ ဇနီးသည်များက အလုပ်ရှင် နှင့် အာဏာပိုင်တို့ထံ တောင်းဆိုထားကြောင်း အကျိုးဆောင် ရှေ့နေတဦးက ပြောသည်။

kawthaung01“ကျန်ရစ်တဲ့ မုဆိုးမ ၁၅ ဦးနဲ့ တခြား အမျိုးသမီး ၃၀ က စုပြီးတော့ မေလ ကတည်းက တောင်းဆိုတာ ခုချိန်ထိ ကူညီပေးတာမျိုး၊ ဆောင်ရွက်ပေးမယ် ဆိုတာမျိုး တုန့်ပြန်မှု မရှိဘူး” ဟု ရှေ့နေ ကိုဖိုးဖြူက ဧရာဝတီကို ပြောသည်။

အမျိုးသမီး ၃၀ သည် မုန်တိုင်းမိ၊ ပျောက်ဆုံးပြီးမှ ပြန်လည်ရောက်ရှိလာသူ ရေလုပ်သားတို့၏ ဇနီးများ ဖြစ်သည်။

ရေလုပ်သားများသည် ပင်လယ်ပြင်တွင် ကျားဖောင်လုပ်ငန်း၊ ငါးဖမ်းလုပ်ငန်းများ လုပ်ဆောင်နေသည့် ဖျာပုံ၊ ဒေးဒရဲ၊ လပ္ပတ္တာ၊ မြောင်းမြ၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်း စသည့်မြို့နယ်တို့မှ ဒေသခံများ ဖြစ်သည်။

မတ်လလယ်က တိုက်ခတ်ခဲ့သော လေပြင်း မုန်တိုင်းကြောင့် ရေလုပ်သား တသောင်းခြောက်ထောင်ကျော် ရေထဲ မျောပါသွားခဲ့သည်။ အများအပြား အသက်ရှင်ပြီး နေရပ်ရင်းသို့ ပြန်ရောက်ရှိပြီး ဖြစ်သည်။

ယခု သုံးလ ပြည့်မြောက်ချိန်တွင် ပျောက်ဆုံးနေသူ အရေအတွက် ၅၀၀ ၀န်းကျင် ရှိသည်ဟု သိရသည်။

“အလုပ်ရှင်တွေ ပြောတာက ရာသီဥတု မကောင်းလို့ ဖြစ်သွားတာ လျော်ကြေးပေးစရာ မလိုဘူး ဆိုပြီး ဟိန်းဟောက်တယ်” ဟု ခင်ပွန်းနှင့် သားမက်တို့ ပျောက်ဆုံးနေသူ ဖျာပုံမြို့နယ်၊ ဒေါ်ညိမ်းရွာမှ ဒေါ်စန်းစန်းက ဧရာဝတီကို ပြောသည်။

ယခင် လုပ်အားခများကို တောင်းဆိုရာတွင်လည်း ကြမ်းကြမ်း တမ်းတမ်း ဟိန်းဟောက်ခံရသည်ဟု ဒေါ်စန်းစန်းက ပြောသည်။

ထိုအမျိုးသမီး ၄၅ ဦးက လျော်ကြေး နှင့် နစ်နာကြေး ရရှိရေးအတွက် လိုက်ပါ ဆောင်ရွက်ပေးရန် ရှေ့နေကိုဖိုးဖြူကို အကူအညီတောင်းထားခြင်း ဖြစ်သည်။

အာဏာပိုင်တို့က လျော်ကြေး ပေးမည်မဟုတ် ဟူသော ပြောဆိုချက်ကို ရန်ကုန်အခြေစိုက် ဂျာနယ်တစောင်တွင် တွေ့ရသည်။

“ယခုကိစ္စတွင် ရေလုပ်သားများသည် သဘာဝ ဘေးအန္တရာယ်ကြောင့် သေဆုံးရခြင်း ဖြစ်သည့် အတွက် ၁၉၂၃ ခုနှစ် အလုပ်သမား လျော်ကြေးဥပဒေနှင့် အကျုံးဝင်ခြင်း မရှိ” ဟု ရှေ့နေချုပ်ရုံး၏ ညွှန်ကြားချက်ကို အခြေခံ၍ မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်၏ တာဝန်ရှိသူ တဦးက ရှင်းပြကြောင်း မေလ ၁၁ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားသည်။

ထိုသို့ ပြောဆိုခြင်းသည် မျှတမှု လုံးဝမရှိကြောင်း ရှေ့နေကိုဖိုးဖြူက ပြောသည်။

“ရေလုပ်သားတွေက ပင်လယ်ပြင်ကို အပျော်သွားကြတာ မဟုတ်ဘူးလေ၊ အလုပ် လုပ်ဖို့ သွားတာကို အလုပ်ရှင်က တာဝန်ယူရမှာပေါ့” ဟု ကိုဖိုးဖြူက ဆိုသည်။

ထိုကိစ္စများနှင့် ပတ်သက်သည့် ဧရာဝတီ၏ ယနေ့ ဆက်သွယ် မေးမြန်းချက်ကို ငါးလုပ်ငန်း အဖွဲ့ချုပ်က ဖြေဆိုရန် ငြင်းဆန်သည်။
Comments (3)Add Comment
0
နိုင်ငံခြား ၀င်ငွေ ရှာဖွေေ ပးနေသူများ
written by ရိုးကျော်, June 09, 2011
အလုပ်သမားတွေ အတွက် လူမှုဖူလုံရေး ဥပဒေသစ်တွေ ပြန်ဆွဲမယ်လို့ လွှတ်တော်မှာ အတည်ပြုခဲ့တယ်။ အလုပ်သမား အခွင့်အ ရေးတွေကို
ထည့်သွင်း စဉ်းစားရမှာက အလုပ်သမား ၀န်ကြီးဋ္ဌာနမှာ တာဝန် မရှိဘူးလား။
ဒီလူတွေ အသက်စွန့်ပြီး ရှာဖွေခဲ့တဲ့ ငါးတွေ ၊ပုဇွန်တွေက နိုင်ငံခြား ၀င်ငွေတွေ အများကြီး ရခဲ့တာ မဟုတ်လား။
သူတို့တွေ ကျောပြော င်ပြောင်နဲ့ ဂျွတ်တ က်အောင် ကုန်းရုန်းလုပ်ခဲ့ကြတဲ့ ဒီကျောမွဲ လူတန်း စားတွေမှာ သူတို့ပြန်ရ တာက
ထမင်း နပ်မှန်အောင် စားရဖို့ဆိုတဲ့မျှော်လင့်ချက်ပဲ ရှိတယ်။ စောစော ကတည်းက အသက် အာမခံတွေ၊ ရေလုပ် သား လိုင်စင်တွေ မဖြစ်မနေရအောင်
လုပ်ပေးဖို့ ငါးဦးစီးမှာ တာဝန် မရှိဘူးလား။ လုပ်ငန်းရှင်တွေက လုပ်ပေးရမှာကို ဖိဖိစီးစီး ဦးဆောင် မပေးဘဲ ပိုက်ဆံစားဖို့ပဲ သိတဲ့
ငါးဦးစီး ၀န်ထမ်းတွေကြောင့် ရေလု ပ်သားတွေရဲ့ဘ၀တွေ ပျက်စီးခဲ့ရ ပေါင်းများပြီ။ နိုင်ငံတော် အစိုးရ ဆိုတဲ့၊ တာဝန် ရှိသူ ဆိုတဲ့လူတွေက
ဘာတာ၀န္မွ မယူေ တာ့ဘူးလား။
0
သူတို့ဘ၀ကိုသနားကြပ
written by Than Htaik, June 08, 2011
ကျွန် တော် ကိုယ် တိုင် ဒေါ်ငြိ မ်း ကျေး ရွား မှာတစ် နှစ် လောက် နေဖူး ပါတယ် ။
ကျား ဖောင် ရေလုပ် သား များ ရဲ့ဘ၀ဟာအလွန် ကိုသနား စရာကောင်း ပါတယ် ။

သူတို့ရတဲ့လုပ် အား ခကို ၈၀% လောက် အဖြတ် ခံရတယ် ။ ကိုယ် တွေ့ပါ။
နွေဦး ရာသီကစပြီး ပင် လယ် ထဲ ထွက် သွား တာ မိုး ဦး ကျမှတစ် ခေါက် ပြန် ရောက် ကြတဲ့သူတွေပါ။
ပြန် ရောက် တော့လည်း အချို့မိ န်း မတွေက နောက် လင် ယူသွား တာကြုံရတာများ နေပြီ။

အခုလည်း သူတို့ခမျာ အသက် ပါပေး သွား ကြရပြီ။ သူ့မိ န်း မနဲ့လူမမယ် ကလေး များ ကိုဘယ် သူဆက် လုပ် ကျွေး မှာမို့လို့ လဲ။
ကျား ဖောင် ပိုင် ရှင် အများ စုဟာချမ်း သာသူတွေပါ။ လုံလောက် တဲ့လျော် ကြေး ကိုပေး ကိုပေး သင့် ပါတယ် ။

ငါး လုပ် ငန်း အဖွဲကလည်း အခွန် လည်း အများ ကြီး ကောက် ပြီး တော့ လျှော် ကြေး ကိ စ္စကိုတော့ခေါင်း မရှောင် သင့် ပါဘူး ။

၁၉၂၃ ကတည်း ကရေး ဆွဲထား တဲ့ဥပဒေကိုလည်း အခုလိုသဘာဝဘေး ရန် တွေအ၇မ်း များ တဲ့ကာလမှာပြင် သင့် နေပါပြီ။ လောလောလတ် လတ် မှရှင် ပြုပေး ခံထား ရတဲ့လွှတ် တော် အမတ် များ စဉ်း စား ကြပါကုန် ။
ကျွန် တော် တို့အား လုံး လူသား ချင်း စာနာစိ တ် နဲ့ကူညီကြပါစို့။
0
ယုတ်ကန်းတဲ့ ကောင်တွေ ...
written by ကိုဘ၀င်း, June 08, 2011
ရေလုပ်သားများ ဟာ ပင်လယ်မှာ ရှိ နေစဉ် သဘာဝဘေးအန္ဒရာယ် ကြုံတွေ့ရစေကာမူ အလုပ်ခွင်ဟု မှတ်ယူရမြှာ ဖစ်ပါတယ်၊ အလုပ်ခွင်မှာ ဖြစ်ပွားတဲ့ ဘေး အန္ဒရာယ်ကို အလုပ်ရှင်က အကာအကွယ်ပေးရမှာပါ၊ ကြိုတင် ကာကွယ်မြှု ပုလုပ်ရမှာပါ၊ နစ်နာမှုကိုတော့ ကုစားေ ပးရမှာပါ၊ ဖင်ပိတ်ပြီး ငြင်းနေတာ မတရားပါဘူး၊ အစိုးရရဲ့ Weather Forecast မှားလို့ မဖြစ်သ င့်ဘဲဖြစ်ရတာ ဆိုရင်လည်း၊ အလုပ်ရှင်က အစိုးရကို တရားစွဲဘို့ ဘဲရှိပါတယ်။ ကိုယ့်အိမ်မှာကိုယ် ထိုင်နေရင်း မုန်တိုင်း မိတာ မဟုတ်ပါဘူး၊ ဒါဆိုရင်တောင် အဲဒီဒုက္ခသည် ပြည်သူေ တွအတွက် အစိုးရက ကူညီ စောင့်ရှောက်ရမှာပါ၊ အခုတော့ အလုပ်ရှင်နဲ့ အာဏာပိုင်တွေ ပေါင်းပြီး အလုပ် သမားတွေရဲ့ နစ်နာမှုကို လစ်လျူ ရှုဘို့ ကြံစည်တာဟာ ယုတ်ကန်း လွန်းပါတယ်။

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်