အာဏာပိုင်နှင့် နီးစပ်သည့် ကုမ္ပဏီများ ၅ သိန်းတန် GSM ချပေးခွင့်ရရှိ

E-mail Print
ကျပ် ၅ သိန်းတန် GSM ဖုန်းချထားပေးသည့် လုပ်ငန်းများကို အာဏာပိုင်များနှင့် နီးစပ်သော ကုမ္ပဏီ ၃ ခုက အကျိုးတူ လုပ်ကိုင်ခွင့် ရရှိထားပြီး အဆိုပါ ကုမ္ပဏီများတွင် လျှောက်ထားနိုင်ကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း အင်ဂျင်နီယာချုပ် ဦးသိန်းဦးက တရားဝင် ပြောဆိုလိုက်သည်။

phone400ပုဇွန်တောင်မြို့နယ် မြန်မာ့ဆက်သွယ်ရေး သင်တန်းကျောင်းတွင် ဇွန်လ ၆ ရက်နေ့က ကျင်းပခဲ့သော ဆက်သွယ်ရေး သင်တန်းဖွင့်ပွဲ အခမ်းအနားအပြီး ပြည်တွင်း သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဦးသိန်းဦးက ထိုသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းက တာဝန်ယူ ချထားပေးလျက်ရှိသော ကျပ် ၅ သိန်းတန် GSM ဖုန်းများကို ဦးတေဇပိုင် E-Lite Techကုမ္ပဏီ၊ ရတနာပုံတယ်လီပို့ကုမ္ပဏီနှင့် Asia Mega Linksတို့တွင် တိုက်ရိုက် လျှောက်ထားနိုင်ပြီဖြစ်ကြောင်းနှင့် ထိုသို့ လျှောက်ထားပါက နေ့ချင်းပြီး ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

“ကုမ္ပဏီတွေကို ကျပ် ၅ သိန်းတန် GSM ချပေးတဲ့ လုပ်ငန်း လွှဲပေးတယ်လို့တော့ တရားဝင်မပြောဘူး။ သူပြောတာက အကျိုးတူ လုပ်တာပေါ့။ ဒါပေမယ့် ဒါက လွှဲပေးလိုက်တာနဲ့ အတူတူပါပဲ။ အဲဒီကုမ္ပဏီတွေမှာ သွားလျှောက်ရင် ချက်ချင်းရမယ်။ နေ့ချင်းပြီး တခါတည်း၊ တချိန်တည်း၊ တနေရာတည်းမှာ One Stop Service နဲ့ လုပ်ပေးမယ်” ဟု အခမ်း အနား တက်ရောက်ခဲ့သော သတင်းထောက်တဦးက ဆိုသည်။

ဦးတေဇပိုင် E-Lite Tech ကုမ္ပဏီသည် ရန်ကုန်မြို့တွင် ကျပ် ၅ သိန်းတန်CDMA 800 MHz ဖုန်းများချထားပေးသည့် လုပ်ငန်းအပြင် ဖုန်းနှင့် အင်တာနက်ချိတ်ဆက် တပ်ဆင်ပေးသော လုပ်ငန်းများကိုပါ လုပ်ကိုင်ခွင့် ရရှိခဲ့သည်။

မေလ ၃၁ ရက်နေ့တွင် သတ်မှတ်ဖုန်း အလုံးရေ ပြည့်မီသွားသည့်အတွက် CDMA 800 MHz ဖုန်းများချထားပေးမှု ရပ်ဆိုင်းခဲ့ကာ ယခုကဲ့သို့ ကျပ် ၅ သိန်းတန် GSM ဖုန်းချထားပေးသည့် လုပ်ငန်းကို ထပ်မံလုပ်ကိုင်ခွင့် ရရှိသွားခြင်း ဖြစ်ကြောင်း E-Lite ကုမ္ပဏီမှ သိရသည်။

“CDMA 800 MHz က ဖုန်းအလုံးရေ ၂ သိန်းပြည့်သွားလို့ ရပ်လိုက်တာပါ။ ဖုန်းချထားပေးတာတွေ ရပ်ပေမယ့် CDMA 800 MHz ဖုန်းတွေမှာ အင်တာနက် တပ်ဆင်ခွင့်တော့ ပြန်ပြီးလုပ်ပေးဖို့ ရှိပါတယ်” ဟု ဗဟန်းမြို့နယ် ပုလဲကွန်ဒိုရှိ E-Lite Tech ရုံးချုပ်မှ တာဝန်ရှိသူတဦးက ပြောသည်။

E-Lite Tech ကုမ္ပဏီသည် ရတနာပုံမြို့သစ်တွင် ဖုန်းဟန်းဆက်များ ထုတ်လုပ်သည့်လုပ်ငန်း၊ ဖိုက်ဘာ ကြိုးမျှင်များ ထုတ်လုပ်သည့်လုပ်ငန်း၊ ကျပ် ၅ သိန်းတန် CDMA 800 MHz၊ GSM၊ CDMA 450 MHz ဖုန်းငွေဖြည့်ကတ် ထုတ်လုပ်သည့် လုပ်ငန်း၊ တခါသုံး ဖုန်းကတ်များ ထုတ်လုပ်ရောင်းချသည့် လုပ်ငန်းအပါအ၀င် ဆက်သွယ်ရေးနှင့် နည်းပညာဆိုင်ရာ လုပ်ငန်းများစွာကို လုပ်ကိုင်ခွင့် ရရှိထားသည်။

E-Lite Tech အပြင် အာဏာပိုင်များနှင့်နီးစပ်သည့် ရတနာတယ်လီပို့နှင့် Asia Mega Link ကုမ္ပဏီတို့သည်လည်း ဆက်သွယ်ရေးဆိုင်ရာ လုပ်ငန်းများကို လုပ်ပိုင်ခွင့် ရရှိထားသည်။

“ရတနာပုံ တယ်လီပို့ရော၊ Asia Mega Link ရောက ဗိုလ်ချုပ်တွေရဲ့ ဆွေမျိုး အသိုင်းအဝန်းတွေ ရှယ်ယာပါထားတဲ့ ကုမ္ပဏီတွေပါ။ ဒီလိုကုမ္ပဏီမျိုးတွေပဲ လုပ်ကိုင်ခွင့်ရတာ မဆန်းပါဘူး” ဟု အပတ်စဉ်ထုတ် ဂျာနယ်တခုမှ စီးပွားရေး သတင်းထောက် တဦးက ပြောသည်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအင်ဂျင်နီယာချုပ် ဦးသိန်းဦးက မြန်မာနိုင်ငံမှ GSM ဖုန်းများကို အာဆီယံ ၁၀ နိုင်ငံနှင့် အာရှနိုင်ငံ များသို့ သယ်ဆောင် အသုံးပြုနိုင်ရန် စီစဉ်လျက်ရှိပြီး အပြန်အလှန်အားဖြင့် ပြည်ပနိုင်ငံများမှ ဖုန်းများကိုလည်း မြန်မာနိုင်ငံတွင် သယ်ဆောင် အသုံးပြုခွင့် ပေးမည်ဖြစ်ကြောင်း၊ လက်ရှိတွင် ယင်းကိစ္စအတွက် ဖုန်း ဆက်သွယ်ခနှင့် ပြောဆိုခများ အတွက် ညှိနှိုင်းနေဆဲဖြစ်ပြီး ယခုနှစ်အကုန်တွင် အဆိုပါ ကိစ္စရပ်များ အကောင်အထည် ဖော်မည်ဖြစ်ကြောင်း ရှင်းပြသည်။

ယင်းအပြင် ကျပ် ၅ သိန်းထက် နည်းသော ပမာဏဖြင့် ဖုန်းများ ထပ်မံချထားပေးရန်လည်း ရှိကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။

“ထိုင်းနိုင်ငံတောင်မှ GSM SIM ကတ်တွေ လေဆိပ်မှာ အလကားပေးတယ်။ ဒီမှာတော့ ဖုန်း SIM အတွက် ကျပ် ၅ သိန်း၊ ၃ သိန်းလောက် ပေးနေရတာ သိပ်တော့ သဘာဝမကျလှဘူး။ ကိုယ်မလုပ်နိုင်လည်း လုပ်နိုင်တဲ့သူကို လုပ်ငန်း လွှဲပေးလိုက် ပြီးတော့ ဈေးနှုန်းသက်သက်သာသာနဲ့ ဖုန်းတွေ ချထားပေးသင့်တယ်” ဟု ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ မကြာခဏ သွားရောက်လေ့ရှိသူ ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) မှ စီးပွားရေးသမား တဦးက ပြောသည်။

မြန်မာနိုင်ငံတွင် GSM မိုဘိုင်းလ်ဖုန်း သန်း ၃၀ အား ၅ နှစ်အတွင်း ချထားပေးမည်ဟု မြန်မာ့ဆက်သွယ်ရေး ၀န်ကြီး ဦးသိန်းထွန်းက နေပြည်တော်တွင် ကျင်းပပြုလုပ်သော အထူး စီမံကိန်းများ ညှိနှိုင်း အစည်းအဝေး (၁/ ၂၀၁၁) တွင် ပြောဆိုခဲ့သည်။
Comments (3)Add Comment
0
Only Change Policy
written by Nyo Min Lwin, June 09, 2011
တရုတ်ပြည်မှာ ဟန်းဆက်မပါ ဖုန်းတစ်လုံးသုံးလိုရင် ဗမာငွေ(၈၀၀၀)ကျပ်ပေးလိုက်ရင်ရပြီ၊ အဲဒီအထဲမှာ ဖုန်းပြောခက
(၆၀၀၀)ကျပ်ဖိုးလောက် ပါပြီးသား ဖြစ်တယ်၊ ကဒ်ဖိုး(၂၀၀၀)ကျပ် ကျတယ်ဆိုတဲ့ သဘောပါ။ ဒါကြောင့် တရုတ်နယ်စပ်မြို့
က မြန်မာတွေ တရုတ်ဖုန်းပဲ သုံးတယ်၊ ဒ်ီတော့ တရုတ်က စီးပွားဖြစ်တယ်၊ မြန်မာပြည်ထဲမှာလည်း အစိုးရကစေတနာရှိ
ရင် ဖုန်းကိစ္စတွေကို ဈေးကွက် ဘောင်သွင်းပေး ရပါမယ်၊ ကြိုက်တဲ့နိုင်ငံကြိုက်တဲ့ကုမ္မဏီလာပြီး ရင်းနှီးပါစေ၊ လာပါ၊လိုင်း
ကဒ်ရောင်းရင် ရောင်းဈေးပေါ်က အခွန်၂၀%ကောက်မယ်၊ ပြောခကဒ်ပေါ်က အခွန်၅% ကောက်မယ်ဆိုပြီး လွှတ်တော်
ထဲမှာဥပဒေပြုပေး လိုက်ရင်တောင် ဖုန်းတစ်လုံးကိုင်ဖို့ ကျပ်(၁၅၀၀၀)သာ ကုန်ကျ ပါလိမ့်မယ်လို့၊ ရဲရဲပြောနိုင်ပါတယ်။
စီးပွားရေးးသမား စစ်မှန်ရင် နိုင်ငံတကာကို တိုးဝင်နိုင်ဖို့ ခိုင်မာတဲ့အုတ်မြစ်ချပြီး တိုးဝင်စေလိုပါတယ်၊ ကိုယ်နိုင်ငံထဲ
မှာ အခွင့်ထူးယူပြီး နိုင်ငံသားတွေ အပေါ်မှာ အများကြီး အမြတ်ထုတ် နေတာတော့ စစ်မှန်တဲ့ စီးပွားရေးသမားလို့
မဆိုနိုင်ပါကြောင်း။
0
မူပိုင်
written by aung, June 08, 2011
မြန်မာနိုင်ငံစိပွာရေးက ဘာတူသလည်ဆိုရင် ထိုင်းနိုင်ငံမှာမြန်မာနိုင်ငံသား ပလာတာေ၇ာင်းသလိုဖြစ်နေပြီး
ဘာဖြစ်လည်းဆိုတော့ ပလာတာရောင်တဲ့သူက ထိုင်းရဲနဲပေါင်းပြီး သူတစ်ဦးဘုေ၇ာင်းလို၇တယ်
တစ်ခြားလူဝင်ေ၇ာင်းရင်း ပလိပ်တိုင်းပြီးဖမ်းခိုင်လိုက်တော့ အဲ့ဒီလူကဘသပျက်ရော....
ဒီလိုဘယ်တိုနိုင်ငံဘဲ လုပ်လိုရတယ် တစ်ခြာလူအတွက်ဆို ဥပဒေတို အမျိုးမတော်လို့ နဲ့ ဘယ်.....
0
government should analyze the mobile market
written by Washington, June 08, 2011
no comments for allowing of mobile licences to private companies.but market must be acceptable by public.should stop selling the mobile in world most expensive price in Myanmar.and should co operate with foreign telcom company and make ease the product coast and settle the low quality of mobile line connectivity.

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်