နေပြည်တော်နှင့် ရန်ကုန်တွင် GSM ဖုန်းများ အင်တာနက် စသုံးနိုင်ပြီ

E-mail Print
နေပြည်တော်နှင့် ရန်ကုန်ရှိ ကျပ် ၁၅ သိန်းတန်နှင့် ၅ သိန်းတန် GSM ဖုန်းများအား အင်တာနက် တပ်ဆင် အသုံးပြုခွင့်ကို ယနေ့မှစတင် ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ရန်ကုန် ရွှေဂုံတိုင်ရှိ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။

phone400“ရန်ကုန်နဲ့ နေပြည်တော် နှစ်မြို့မှာပဲ အင်တာနက် သုံးလို့ရမှာပါ။ GSM ဖုန်းမိတဲ့ နေရာတိုင်းမှာ သုံးခွင့်ပြုတာမျိုး မဟုတ်ပါဘူး” မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ လက်ထောက် အင်ဂျင်နီယာတဦးက ပြောသည်။

ကျပ် ၅ သိန်းတန် GSM ဖုန်းများ ချထားပေးခွင့် လုပ်ငန်းကို လုပ်ကိုင်ခွင့် ရရှိထားသော ရတနာပုံ တယ်လီပို့ ကုမ္ပဏီ၊ E-Lite ကုမ္ပဏီနှင့် Asia Mega Link ကုမ္ပဏီများကလည်း GSM ဖုန်းများတွင် အင်တာနက် တပ်ဆင်ပေးသော ၀န်ဆောင်မှုများ ယနေ့ စတင် လုပ်ဆောင်နေပြီဟု ပြောကြသည်။

“၅ သိန်းတန် GSM ဖုန်းကတ်တွေကိုတော့ ကုမ္ပဏီမှာပဲ ချက်ချင်း ကျပ် ၁ သောင်းသွင်းခိုင်းပြီး အင်တာနက်ကတ် ပြောင်းထုတ် ပေးလိုက်တယ်။ ၁၅ သိန်းတန် ဖုန်းတွေကတာ့ ရွှေဂုံတိုင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှာ သွားပြီး လျှောက်မှ အင်တာနက် တပ်လို့ရမယ်” ဟု ဗဟန်းမြို့နယ် ပုလဲကွန်ဒိုရှိ E-Lite ရုံးချုပ်မှ အကြီးတန်း ၀န်ထမ်းတဦးက ပြောသည်။

အင်တာနက် တပ်ဆင်ခအဖြစ် ကျပ် ၁ သောင်းပေးသွင်းရမည် ဖြစ်ပြီး အင်တာနက် အသုံးပြုခမှာ ၁ မိနစ်လျှင် ၄ ကျပ် ဖြစ်သည်။

GSM ဖုန်းများတွင် အင်တာနက် တပ်ဆင်အသုံးပြုခွင့် ပေးလိုက်သောကြောင့် အင်တာနက် အသုံးပြုနိုင်သည့် ဖုန်းဟန်းဆက် များ ဈေးကွက်တွင် အရောင်းအ၀ယ်ကောင်းမွန် လှုပ်ရှားလာမည်ဟု ရန်ကုန်မြို့ရှိ Mr. Fone ဟန်းဆက် အရောင်းဆိုင် ၀န်ထမ်းတဦးက ပြောသည်။

“အင်တာနက် သုံးနိုင်တဲ့ ဟန်းဆက်တွေ ၀ယ်အား ထိုးတက်လာမယ် ထင်ပါတယ်။ ကျပ် ၅ သိန်းတန် 800 MHz ဖုန်းတွေမှာ အင်တာနက် သုံးခွင့်ပေးလိုက်တုန်းကလည်း အင်တာနက်သုံးနိုင်တဲ့ Huawai C8500၊ C8600 လို ဖုန်းမျိုးတွေ ချက်ချင်း ဆိုသလို ၀ယ်တဲ့သူ အရမ်းများလို့ ပစ္စည်းပြတ်တဲ့အထိ ဖြစ်သွားတယ်” ဟု လူကြီးမင်း ဖုန်းဆိုင်ဝန်ထမ်းတဦးက ဆိုသည်။

ရန်ကုန်မြို့ခံ တချို့က GSM ဖုန်းများတွင် အင်တာနက် အသုံးပြုခွင့် ပေးလိုက်သည်ကို ကြိုဆိုကြသော်လည်း နေရာကန့်သတ်ချက်ရှိမှုအပေါ် သဘောမကျကြကြောင်း ပြောဆိုကြသည်။

“ဘာပဲပြောပြော အင်တာနက်ကို ထိတွေ့ခွင့်ပေးတာကို တော့ကြိုဆိုတယ်။ ဒါပေမယ့် နေပြည်တော်နဲ့ ရန်ကုန်ပဲ သုံးခွင့်ပေးတာကိုတော့ မကြိုက်ဘူး။ အကုန်လုံး သုံးခွင့်ပေးသင့်တယ်။ နိုင်ငံတကာမှာလိုပဲ ဈေးပေါပေါနဲ့ ဖုန်းသုံး နိုင်အောင် လုပ်ပေးသင့်တဲ့အပြင် မြို့ရော တောပါမကျန် အင်တာနက် သုံးနိုင်အောင် လုပ်ပေးသင့်တယ်” ဟု ရန်ကုန် အခြေစိုက် ဧည့်လမ်းညွှန် တဦးက ဆိုသည်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းသည် ၂၀၁၀ ပြည့်နှစ်တွင် CDMA 800 MHz ဖုန်းများဖြင့် အင်တာနက် ချိတ်ဆက် အသုံးပြုခွင့် ပေးခဲ့သည်။

မြန်မာနိုင်ငံတွင် ဖုန်းအလုံးရေ ၂ သန်းကျော်ရှိပြီး လာမည့် ၅ နှစ်အတွင်း GSM မိုဘိုင်းလ်ဖုန်း အလုံးပေါင်း သန်း ၃၀ ချထားပေးမည်ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက တရားဝင် သတင်းထုတ်ပြန်ခဲ့သည်။
Comments (6)Add Comment
0
ရိုက်စား
written by mg zaw, June 24, 2011
အင်တာန က်လိုင်းချေ ပးလည်း အလကါး ပါဘဲဘာ မှသုံးလို့ လ ည်းရတာ မဟုတ် ဘူးလုပ် စားနေ တာပါ
0
Connection မကောင်းတဲ့ Phone တွေ
written by တောသား, June 23, 2011
Mobile phone တွေနဲ့ internet ဆက်သွယ်ခွင့်ရပေမဲ့ connection မကောင်းတော့ ၁ နာရီသုံး တာတောင် ADSL တို့ Broadband တို့ ၁ မိနစ် သုံးလောပ်ပဲရှိတယ်၊
0
လူကြီးမင်းသို့
written by mmt, June 22, 2011
"လူကြီးမင်း ဆက်သွယ်သော အင်တာနက်ဆိုသူမှာ ဆက်သွယ်ရေးပြင်ပသို့ ရောက်ရှိနေပါသဖြင့် ခေါ်ဆို၍မရနိုင်ပါရှင်" Sorry. The internet u have dialed is currently unavailable. pls don't try again later" smilies/cheesy.gifsmilies/cheesy.gifsmilies/cheesy.gif
0
သူများတွေတိုင်းပြည မှာ သုံးလို့ ရိုးအီနေပြီ။
written by မောင်ရစ်, June 22, 2011
ဂျီအက်စ်အမ်မှ CDMA မှ အင်တာနက် တွေသုံးခွင့်ပြုတယ် ဆိုတာ ဗမာပြည်အတွက် က တကယ့်သတင်းထူးလို ဖြစ်
နေတာပေါ့။ ပြီးတော့ ဘာတဲ့  ၅ သိန်းတန် ဆိုယင် ဆင်းကတ် လဲထည့်ပေးတယ်။ တစ်သောင်း ( ၁၂ ဒေါ်လာခွဲ) တောင်
ထပ်ပေးရတယ်တဲ့ ။ ၁၅ သိန်းတန် ကျပြန်တော့ တစ်ခါ ရွှေဂုံတိုင်ရုံး ကို သွားရမယ်တဲ့ ။ လျှောက်ထားရမယ် တဲ့ ။
တကယ့် ကို ရူးကြောင်ကြောင် နိုင်တဲ့  လုပ်ရပ်တွေပါပဲ။
တကမ္ဘာလုံး SIM ကတ်တွေ ကို အလကားပေးနေချိန်၊ DATA ဆားဗစ်တွေကို သုံးဖို့  ဆွယ်နေချိန်မှာတော့ ဆက်သွယ်ရေး
ကို ခယပြီးတော့ အင်တာနက်တပ်ဖို့  တစ်သောင်းလဲပေးရ၊ လျှောက်လွှာတင်ရ နဲ့  ဘယ်လောက် အချိန်ကုန်သွားပြီလဲ။
သူများတိုင်းပြည်တွေမှာ GSM,CDMA ဘာမှမခွဲခြားဘူး။ SIM ကတ်ဝယ်ကတည်းက ACTIVATE လုပ်ပေးပြီးသား။
EDGE, 3G, GPRS သုံးချင်တာသုံး။ ကျသလောက် ဖုန်းထဲ က ငွေ ဖြတ်သွားမယ်။ ငွေ မရှိယင် မသုံးနဲ့ တော့။
ဒီလောက် လွယ်နေတာကို မခက်ခက်အောင်၊ ဒီလောက်ဈေးပေါ်နေတာကို ဈေးမကြီးကြီးအောင် ၊ ချမ်းသာနေတဲ့ 
တိုင်းပြည် ဆင်းရဲအောင်၊ စီမံခန့် ခွဲအုပ်ချုပ်တာ ဘယ်လောက်ညံ့ဖျင်းလဲ ဆိုတာပေါ်လွင်နေတာပေါ့။
၂၀၀၂ လောက်က ဗမာပြည်က ၀န်ကြီး တစ်ဦး ဘင်္ဂလားဒေ့ရှ် ကို အလည်သွားသတဲ့။ အဲဒီအချိန်ကတည်း ဒါကား
မြို့ မှာ ဆိုက်ကားသမားတောင် ဟန်းဖုန်းသုံးနေပြီလေ။ ၀န်ကြီး က တအံ့ တသြ နဲ့  “ ဟင် ဒီနိုင်ငံမှာ က ဆိုက်ကားသမား တောင် ဟန်းဖုန်း သုံးနိုင်လား” လို့ မေးတယ်တဲ့ ။ အဲသလောက် ဗဟုသုတခေါင်းပါးတာလား
လက်ထိုးထောင်ခေါင်းညိတ် လုပ်ယင်း မစဉ်းစားတတ်တော့တာလား ။
သန်း ၅၀ သောပြည်သူပြည်သားတွေ စိတ်ဆင်းရဲတာနဲ့ အမျှ သူတို့ လည်းတစ်ခါ ခံစားရမှာပါ။
အခုပေးတဲ့  GSM မှာအင်တာနက်ရတယ် ဆိုတာ ထိုင်း နိုင်ငံမှာ ဟိုးကနဦး ၂၀၀၃ ၂၀၀၄ ကတည်းက GPRS နဲ့
ကြိုက်သလိုသုံး တစ်မိနစ် ကို တစ်ဘတ် ဖြတ်နေတာ။ အခုသူတို့ ဆီမှာ 3G , 3.5G ကိုတောင်သွားတော့မှာ။ ထိုင်း တနံတလျား အပြင် တခြားနိုင်ငံ ကိုယူသွားဦး။ အင်တာနက်သုံးလို့ ရနေတယ်။
0
Time Delay on renewing GSM card at ရွှေဂုံတိုင်
written by Arnold Myint, June 22, 2011
how long does it take to get a new card at ရွှေဂုံတိုင်
0
ဖွင့်ပေးချင်ရှာမှာါ။
written by Chit, June 22, 2011
စစ်တပ်ရဲ့ အပုတ် သတင်းတွေ နဲ့ အစိုးရ အဖွဲ့ရဲ့ မဟုတ် တရုတ် လုပ်ရပ် တွေကို ကမ္ဘာက မြန်မြန် သိမှာလည်း ကြောက် တယ်နဲ့တူပါ တယ်။ တစ်ဖက်ကလည်း ချိတ်ရုံသာ ချိတ်မိပြီး ၁ မီနစ် ကို ၄ ကျပ် နဲ့ ဆက်သွယ်ရေး ၀င်ငွေ တိုးအောင် လုပ်တြာ ဖစ်မှာပေါ့။

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်