ရပ်ကွက် အုပ်ချုပ်ရေးမှူးနေရာ ဘာသာရေးအရ ကန့်ကွက်မှုများဖြစ်ပေါ်

E-mail Print
ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် ကျိုက္ကဆံ အနောက်ရပ်ကွက်၏ အုပ်ချုပ်ရေးမှူး နေရာအတွက် အစ္စလမ် ဘာသာဝင် တဦး ကို ခန့်အပ်လိုက်၍ ဒေသခံများနှင့် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများက ကန့်ကွက်နေကြကြောင်း သိရသည်။

ကျိုက္ကဆံ အနောက် ရပ်ကွက်သည် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း ၃၇ ကျောင်းနှင့် ဆရာတော်၊ သံဃာတော်များ၊ သီလ ရှင်များ အပါအ၀င် ဗုဒ္ဓဘာသာဝင် အများဆုံးနေထိုင်သော ရပ်ကွက်တခုဖြစ်ကြောင်း၊ ထို့ကြောင့် ဘာသာခြား တဦးအား အုပ် ချုပ်ရေးမှူး ခန့်ထားခြင်းသည် ဘာသာရေးအရ ပြဿနာများ ဖြစ်ပေါ်လာနိုင်ကြောင်း သင်္ဃန်းကျွန်းဒေသခံ ဆရာတော် တပါး က မိန့်ကြားသည်။

“ဗုဒ္ဓဘာသာတွေ အများဆုံးနေတဲ့ ရပ်ကွက်မှာ အစ္စလမ် ဘာသာဝင်တဦးကို အုပ်ချုပ်ရေးမှူးခန့်ထားတဲ့ကိစ္စကို စဉ်းစား မရ အာင်ဘဲ၊ ခန့်တဲ့သူကကော ဗုဒ္ဓဘာသာဝင်ဟုတ်ရဲ့လားလို့ မေးခွန်းထုတ်ရမယ်”ဟု ဆရာတော် က ဧရာဝတီကို မိန့်ဆိုသည်။

ရပ်ကွက် အုပ်ချုပ်ရေးမှူးတာဝန်ပေးခံရသော အစ္စလမ်ဘာသာဝင် ဦးဝင်းသိန်းသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ  (ကြံ့ဖွံ့ပါတီ)၏ ရပ်ကွက်ပါတီ စိစစ်ရေးမှူး တာဝန်အား လက်ရှိအချိန်အထိ ထမ်းဆောင်နေသူ တဦးလည်း ဖြစ်ကြောင်း သင်္ဃန်းကျွန်းမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြောသည်။

ဇွန်လ ၂၇ ရက်နေ့တွင် မြို့နယ် သံဃနာယက အဖွဲ့ဝင်များ၊ ဘုန်းကြီးကျောင်း ၃၇ ကျောင်း မှ ဆရာတော်၊ သံဃာတော်များ၊ ရပ်ကွက်သူ၊ ရပ်ကွက်သားများက ရန်ကုန်တိုင်း အစိုးရအဖွဲ့၊ သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေးမှူး၊ လွှတ်တော် ကိုယ်စားလှယ် များထံ တိုင်ကြားစာများ ပေးပို့၍ ကန့်ကွက်ကြကြောင်း ဦးသိန်းညွှန့် က ဆိုသည်။

မြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့သော အစိုးရ အဆက်ဆက်သည် နိုင်ငံရေးထွက်ပေါက် နည်းလမ်းမရှိတော့သည့် အချိန်၌ ကုလား-ဗမာ အဓိကရုဏ်းပုံစံမျိုး ဖြစ်ပွားစေရန် လုပ်ဆောင်ခဲ့ကြကြောင်း၊ ဗုဒ္ဓဘာသာဝင်အများဆုံးနေထိုင်သည့် ရပ်ကွက်၌ အစ္စလမ် ဘာသာဝင်အား အုပ်ချုပ်ရေးမှူး ခန့်အပ်ခြင်းကပင် ပြည်သူများကို မထီမဲ့မြင် ပြုရာ ရောက်ကြောင်း ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ ၌ သီတင်းသုံးနေသော ဆရာတော်တပါးက မိန့်ကြားသည်။

အစ္စလမ်ဘာသာနှင့် အစ္စလမ်စာပေများအား တရားဝင် သင်တန်းကျောင်းဖွင့်၍ သင်ကြားပေးနေသော (ABEC) သင်တန်း ကျောင်းမှ ကျောင်းဆရာ ဦးမြင့်သိန်းက အစ္စလမ်ဘာသာဝင်ဖြစ်၍ အုပ်ချုပ်ရေးမှူးတာဝန်ထမ်းဆောင်ခြင်း မပြုရဟုဆိုခြင်း သည် ဘာသာရေး၊ လူမျိုးရေးအရ ခွဲခြားခြင်း သာဖြစ်ကြောင်း၊ လွတ်လပ်ရေးမရမီက နိုင်ငံရေး၊ အုပ်ချုပ်ရေး ကဏ္ဍများ၌ 
အစ္စလမ် ဘာဝင်များအနေဖြင့် အဆင့်မြင့်တာဝန်များကို ထမ်းဆောင်ခဲ့သည့် သမိုင်းများရှိခဲ့ကြောင်း ဧရာဝတီ ကို ပြောသည်။

အုပ်ချုပ်ရေး၊ နိုင်ငံရေး ကိစ္စဆောင်ရွက်ရာ၌ ဘာသာရေး၊ လူမျိုးရေး မခွဲခြားဘဲ အရည်အချင်းရှိသော မည်သည့်ဘာသာ၊ မည် သည့် လူမျိုး မဆို ပြည်သူလူထု ကောင်းကျိုးဆောင်ရွက်နိုင်ပါက တာဝန်ပေးသင့်သည်ဟုလည်း ဦးမြင့်သိန်းက ဆိုသည်။

ပြီးခဲ့သည့် ရက်ပိုင်းတွင်လည်း မန္တလေးမြို့၌ တရုတ်လူမျိုးများနှင့်မြန်မာလူမျိုး များအကြား လူမျိုးရေးအရ ပြဿနာဖြစ်ပွားခဲ့၍ လူမျိုးရေး မုန်းတီးမှုများ ဖြစ်ပေါ်နေကြောင်း ဒေသခံများ က ပြောဆိုသည်။
Comments (27)Add Comment
0
သိစေချင် ပါတယ်
written by နန္ဒာ, July 05, 2011
စစ်အ စိုးရရဲ့ လက်ထက်မှာ ဘယ်လို လူမျိုးတွေ နေရာရသလဲ ဆိုတာ အားလုံး သိပြီးသားပါ။ အစ္စလာ မ်ဘာသာ၊ ဗုဒ္ဓဘာသာ၊ ခရစ်ယာ န်ဘာသာဖြ စ်လို့ဆိုပြီး ပြောနေတာ မဟုတ်ပါ။ ကြံ့ဖွတ် အဖွဲ့ဝင်တေ ယာ က်ဖြစ်လို့ ပြောေ နခြင်းသာဖြ စ်ပါတယ်။
0
GO
written by ROHINGYA, July 04, 2011
THINK YOUR SELF
0
စဉ်းစားစေချင်
written by ရိုဟင်ဂျာ, July 04, 2011
ကြံခိုင်က လူမို.လို.လား။အစၥလာမ္ဘာသာ ၀င္မုိ.လုိ.လားးးး ။ဒီမိုကေ၇စီ ကိုလိုချင်တာလားးးး.MYကေ၇စီ လိုချင်တာလားးးးးး သေချာ စဉ်းစားပါ။။။ မြန်မာနိုင်ငံသား အားလုံးကို ပညာ အမွေပေးခဲ.တာ ဘယ်သူလဲးးးး????ကြံခိုင်က လူဖြစ်လို.ဆို၇င် သူတယော က်ကိုပဲမြင်တာလားးးးး တလောက စာပေဟောပြော ပွဲတခုမှာ ကြားဖူးတယ် တို.ဗမာတွေက ငါနဲ.တို. ဆိုတဲ.ေ၇ာဂါ ကို မကုနိုင်သေး ဘူးတဲ.းးးးး
0
mm
written by star, July 04, 2011
ကျနော်တော. နားမလည်နိုင်ဘူးဗျာ... မာယာ များလွန်းလှတဲ. အာဏာ ၇ူးတွေကို အပြစ် တင်၇မလား ဘာသာ ခွဲခြားနေတဲ. သူတွေက မှားလား ..ခေါင်း ကိုက်မိတယ်ဗျာ
0
...
written by ဗုဒွစစ် စေတနာ, July 02, 2011
မြန်မာနိုင်ငံမှ ဦးသန့်အား ကမ်ဘာ့ ကုလသမဂ အတွင်းရေး မှုးချု ပ်ရာထူးကို ရွေးချ ယ်ခဲ့ပြီးပါပြီး
နောက်ပို င်းဦးနေ၀ င်းလက်ထက် မှစပြီး အရည် အချင်းမဲ့သော နိုင်ငံဥသျှော င်ကြီးများ အနားေ တာ ငိမသီနို င်တော့ပါ
နိုင်ငံရေးနှင့် ဘာသာေ ရးရောေ ထွးအော င်လုပ်ပြီး လူတွေသွေး ထွက်သံ ယိုဖြစ်ကြ တာကို အရသာခံကြ ည့်ကြအုံး မယ် ထင်ပါတယ်
ဗုဒွရှင်တော် မြတ် ကိုယ် တို င်ဟောကြားခဲ့ ပါတယ် လူသားတိုင်း ကိုမေတာ ထားနိုင်ဘို့
ဗုဒွ ခရစ်ယာန် အစွလာန် မခွဲခြားပဲ အစိုးရနှောက် သမျှလိုက် မပါကြ ပါနှင့်
သူ့စေတ နာအတို င်းသူ့ကို အကျိုးပေးလိမ့်မယ်
ဘာသာေ ရးတော့မ ခွဲခြာြး ကပါနှင့် သူ့အရည်အချ င်းေ လးတော့စော င့်ကြည့် လိုက်ပါဦး smilies/grin.gif
0
problem
written by myo, July 01, 2011
this guy will get problem .before starting the job, people statred to make problems.
0
ရန်တိုက်ေ ပးနေတာပါ
written by skybluemz2010, July 01, 2011
ဘာကိုမှ မတွေးပဲဖြ စ်သင့်တာကို စဉ်းစားပါ
0
ရန်တိုက်ေ ပးနေတာပါ
written by skybluemz2010, July 01, 2011
ဘာကိုမှ မတွေးပဲ ဖြစ်သင့်တာကို စဉ်းစားပါ
0
no
written by အာလီးဘာဘာ, July 01, 2011
ကြံဖွတ်မှာ လူရှုပ်လူပွေဘဲ နေတ ယ်နော က်လူတွေ ဒုတ်ခပေးတဲ့လူ
အဖါတော်သြူ ဖစ်နိုင်တယ်
0
ပညာ
written by မျိုးချစ်သွေး, July 01, 2011
အရေးအကြီးဆုံးက နိုင်ငံမှာပ ညာတတ်တွေ များ လာဖို့ပါပဲ။ အမြင်ကျယ်ဖို့ ဆိုတာ ပညာမျက် စိရှိဖို့လိုပါတယ်။ ပညာမျက်စိ မရှိသ၍ ဒီပြဿနာတွေဖြ စ်နေဦးမှာပါပဲ။ မူဆလင်လည်း ပညာတတ်ရင် (ပညာကိုလည်း တန်ဘိုးထားရင်) တိုင်းပြည် အကျိုး အမျိုးသား အကျိုးကို ရှေးရှုလာ ပါလိမ့်မယ်။ ဗုဒ္ဓဘာသာဝင်ေ တွလည်း ပညာတတ်ပြီး ပညာကိုတန် ဘိုးထားရင် သမိုင်းတ စ်လျှောက်လုံး စွဲလမ်းလာခဲ့တဲ့ ဘာသာခြား ရွံရှာမု န်းတီးမှုတွေကို ပယ်ဖျောက်နိုင် ပါလိမ့်မယ်။ ဆရာေ အာင်သင်ြးေ ပာသလိုပေါ့ ပညာနဲ့ပဲ သွားပါ။ တခြားနည်းလ မ်းနဲ့မရပါဘူး။
0
Shouldn't
written by christian, July 01, 2011
All kind of human has right. Shouldn't think on religion. However he is Islam, if he is good man all Myanmar should accept.I am christian i love my Mynmar country a lot and I love democracy and Daw aung San Su Kyi.
0
အားလုံး အသိပါ...
written by mg mg soe, July 01, 2011
အစ္စလမ် ဘာသာဝင် တဦး phit lo ကန့်ကွက်နေတာ မဟုတ် bu. (ကြံ့ဖွံ့ပါတီ) ၀င် တဦး phit lo ကန့်ကွက်နေတာ!!!
0
ဘယ်တော့မှ မပြီးဘူး
written by lin, July 01, 2011
ဘာသာရေး ဟာ အခုနောက်ပိုင်း စိတ်ပျတ်စရာ အကောင်းဆုံး အကြောင်းတစ်ခုပဲ. ပြသာနာ တစ်ခုပြီးပြီ ဆိုရင် ဒီဘာသာရေး ဟာ ထိပ်ဆုံးကပဲ. တကယ့်တော့ ဒီက မ္ဘာကြီးမှာ ဘာသာရေး လိုအပ်တာ ထက် ပြသာနာဖ န်တီးမှုက သူက ထပ်ဆုံးကပဲ. ကိုယ်ကျင့်တရားနဲ့ နေပြီး ဘာသာ တိုင်းထဲက ကောင်းတဲ့ အတွေးအေ ခ်ါတွေသာ (ကိုယ်နဲ့သင့်ေ တ်ာရာ) ယူပြီး ကမ္ဘာကြီးမှာ အေးအေး ချမ်းချ မ်းနေသင့်ြ့ပီ.
0
တော်သင့်ပြီ
written by theinsein, July 01, 2011
မြန်မာပြ ည်လဲ လူမျိုးရေး ဘာသာရေး ခွဲခြား တာတွေ ရပ်သင့်ပြီ
ပြောလိုက် ရင် ယ ဉ်ကျေးမှု အဆင့် အတ န်းမြင့်တယ် စိတ္ထားေ တြေ ကာင်းတ ယ်ဆိုပြီး
ဒီလို ခွဲခြား မှုတွေ ကြား တိုင်း ရှက်မိတယ်
အခုလဲ ဒီလိုပဲ သူလုပ်ရမဲ့ ကိစ္စ က ဘုရားလူကြီး မှ မဟုတ်တာ ရပ်ကွက် လူကြီးပဲ
သူ ကိုစောင့်ြ ကည့်ပေါ့ဗျာ သူ့ တာဝန် သူ မကျေ ရင် ပြန်ဖြုတ်ချပေါ့
0
တိုင်းပြည်ေ အးချမ်းပါစေ။
written by ကိုဒိုး, July 01, 2011
ကုလသမဂ္ဂ မှာ “လည်း စစ်မှန်သော ဘာသာကို သာရွေးချယ်၍ အုပ်ချုပ်ေ ရးမှူးခန်. အပ်ေ နပါသဖြင်. အရည်အ ချင်ြး ပည် .၀နေကြသော
မြန်မာလူ မျိုးများ ၀င်ရော က်လျော က်ထားနို င်ပါသည်။
0
လာပြောမနေနဲ့
written by အာကာထက်, July 01, 2011
ဖြစ်သင့် ဖြစ် ထိုက်တာ ကို လုပ်ရတယ်
အများ ပြည်သူ သဘော မတူရင် မလုပ်သင့်ဘူး
လက်ခံတဲ့ သူကလဲ ဆင်ခြင် သင့်တယ်

ကြံ့ဖွတ်ကို မုးန်နေ၇တဲ့ အထဲ
ဘာသာခြားလဲ ဖြစ်တယ်ဆိုတော့ ပိုဆိုးမယ်
0
အုပ်ချုပ်သူဆိုတာ
written by aungsun, July 01, 2011
တိုးတ က်နေတဲ့ အနောက်နို င်ငံတွေမှာတော့ အများက ရေးဆွဲ ထားတဲ့ ဥပဒေအတိုင်းပဲ ရာထူးခန့် ကြပါတယ်။ လူမဲ လူဖြူ၊ ဘာသာတူ၊ မတူ ၊ လုပ်ဆောင် ချက်ကောင်း၊ မကောင်း ဆိုတာတွေကိုတော့ အများ သဘောတူ ဆန္ဒမဲ သဘော အတိုင်း ရာထူး ခန့်ထားကြတဲ့ အတွက် အေးချမ်း တိုးတက်ပြီး ဘာသာရေး အဓိ က ရုဏ်းတွေ၊ လူမျိုးရေး အဓိကရုဏ်းတွေ မဖြစ်လို့ တိုးတက် ကြီးပွား ပျော်ရွှင် အေးချမ်းေ နကြတာကို နမူနာ ယူသင့်ပါကြောင်း
0
...
written by -, June 30, 2011
ဒါဘာဆန်းလို့လဲ၊ ခေတ် အဆက်ဆက် မွတ်ဆလင်၊ ခရစ်ယာန် အမျိုးေ ကာင်း သားသမီး တွေ တိုင်းပြည် ရဲ့လူမှုရေး၊ နိုင်ငံရေး၊
ဘာသာရေးေ တွမှာ စွမ်းေ ဆာင်ခဲ့တာဘဲ၊
0
ခွဲခြား ဆက်ဆံ တတ်သူများသား
written by Zindarbyar, June 30, 2011
ဘာဖြစ်လို ခွဲခြား ဆက်ဆံခြင်း ၇ပါသလဲ....
လုမျိုး ဘာသာ ခွဲခြားတာဟာ ကောင်းတဲ့ အရာ မဟုတ်ပါဘူး.....
ကောင်းတယ် မကောင်းဘူး ဆိုတာ လူပေါ်မှာ မူတည်ပါတယ် .... .ဘာသာ တရားနဲ. မဆိုင်ပါဘူး....
0
အများအကြိုက်ဖြစ်သင့ 
written by KoThant, June 30, 2011
ရပ်ကွက် အုပ်ချုပ်ရေးမှုးေ လာက်ကိုမှ ရပ်ကွက် ထဲက လူအများကြိုက်ေ ရွးချယ်တ င်မြှောက်ခွင့် မရှိဘူး ဆိုရင် ရေ မရှိတဲ့ချောင်းမှာ နှာခေါင်းဖေါ်ပြီး သေဖို့ကောင်းလှပါဘိ။
0
အားလုံးသတိ
written by သတိ, June 30, 2011
မဖြစ်သင့်တဲ့ အကြောင်းကို ပြောပါဦး..
အစ္စလာမ် ဘာသာဝင် မကလို့ ဘာဘာသာပဲ ၀င်ဝင် ဘာ ဘာသာမှပဲ မ၀င်ဝင် ဘာသာရေးဟာ အကြောင်ြး ပချက် တစ်ခုကို ဖြစ်မလာရပါဘူး..
ဒါမျိုး ကိစ္စတွေကို ကန့်ကွက် နေတဲ့ လူတွေဟာ သူတို့ပြောတဲ့ ဒီမိုကရေစီ ဆိုတာကို နားမှ လည်ကြရဲ့လား မေးခွန်း ထုတ်စရာပါပဲ..smilies/grin.gifsmilies/grin.gif
0
ဟင်း
written by Myo min, June 30, 2011
အမေရိကား မှာတော့ ?
0
တကယ် အရည်အချင်း ရှိလို့ မဟုတ်
written by မျိုးချစ်သူ, June 30, 2011
ကြံ့ဖွံ့ထဲ ၀င်ပြီး အဖားကောင်း လို့ ဆိုတာ အားလုံး သိပါတယ်။
0
သဘာဝကျ စွာတွေး
written by kogyi, June 30, 2011

မျက်ဖြူ ဆိုက်လေ ဆရာကြိုက်လေ

မည့်သည့် ဘာသာဝင် မဆို သဘာဝကျစွာ တွေးစေချ င်
0
Muslim for Quarter Administrator in a Buddhist Quarter
written by Maung Maung , June 30, 2011
It should not be if the aim is peace and harmony. The question is:
Is not there a Buddhist person to match that Muslim's qualifications? I don't think so!
0
ဒီမိုကရေစီဆိုသည်မှ
written by မျိုးချစ်, June 30, 2011
ဒါဟာ ဖိနှိပ်ခွဲခြား မှုပဲ။ လူတ စ်ယောက်ရဲ့ အရည် အချင်း ပေါ်မှာမကြည့်ပဲ။ လူမျိုး ။ ဘာသာ။
အထီး အမ ။ စတဲ့ခွဲခြား မှုတွေဟာ တရား ဥပဒေ တွေအရ ဆိုရင်တော့ တရား မ၀င်တဲ့အ ရာတွေပဲ။
ဒါပေမဲ့ ဘယ်မှာပြဲ ကည့်လိုက် ကြည့်လိုက် လူများ စုကြီး က အဲဒါတွေ ကိုသဘောေ ပါက်နိုင်လောက်တဲ့ အမြင်မျိုး မရှိကြဘူး ။
ကိုယ့်ဘာသာ။ ကိုယ့်လူမျိုး ။ အဲလိုအစွဲေ တွနဲ့ပဲဆုံး ဖြတ်ကြတယ်။
အဲံလို လူနည်း စုတွေရဲ့အ ခွင့်အရေး ကိုကာကွယ်ဘို့က တာဝန်ရှိသူတွေ အစိုး ရတွေရဲ့ တာဝန်ပဲ။
ဒီမိုကေ ရစီဆိုမှာ လူများ စု က သိပ် လူပါး ၀လာ တတ်တယ်။ ဒါကြောင့် နိုင်ငံသား အခွင့်အရေး ။ လူ့အခွင့်အရေး ။
ဒါတွေနဲ့ပဲထိမ်း ကြောင်း ရမယ်။
0
မဖြစ်သင့်ပါ...
written by kaorot, June 30, 2011
ဒါကတော့ လုံးဝ မဖြစ်သင့် ပါဘူး။ အဲဒီလူ ဘယ်လောက် အရည် အချင်း ရှိပါတယ် ပြောပြော သူ့ အရည် အချင်းလောက်ကတော့
လူတိုင်း ရှိပါတယ်။ တကယ်တော့ ဒီအစိုးရ လက်ထက်မှာ အရည် အချင်း ရှိလို့ နေရာရ တဲ့လူ မမြင်ဖူးပါဘူး။
အဖား ကောင်းလို့... လည်လို့... ဆွေမျိုး နီးစပ်ဖြ စ်လို့ နေရာရတာတွေပဲ ရှိပါတယ်။

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်