စစ်တိုင်းမှူးများ အပြောင်းအလဲလုပ်

E-mail Print
ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က လက်ရှိ စစ်တိုင်းကြီးများအား တာဝန်ယူနေသည့် တိုင်းမှူးများကို ပြီးခဲ့သည့် သောကြာနေ့က နေရာ အပြောင်းအလဲ ပြုလုပ်လိုက်ကြောင်း နေပြည်တော် စစ်ဘက် အသိုင်းအ၀န်းမှ သိရသည်။

General-Min-Aung-Hlaing-Mar-30-11ထိုပြောင်းလဲမှုတွင် ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းသန်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းနေလင်း၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးသိန်း၊ အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် တင်မောင်ဝင်းတို့ ပါဝင်ကြောင်း စစ်ဘက်နှင့် နီးစပ်သူ တဦးကပြောသည်။

“ကာချုပ်က အသစ်ဆိုတော့ သူထားချင်တဲ့ သူတွေကိုအဲဒီနေရာမှာထားဖို့လုပ်တာ၊ ဘာအကြောင်းပြချက်မှမပေးဘူး”ဟု ၎င်းကဆို သည်။

ပြီးခဲ့သည့် ရက်ပိုင်းက နေပြည်တော်၌ ပြုလုပ်ခဲ့သည့် စစ်တပ် လေးလပတ် အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် ကာကွယ်ရေး ဦးစီးချုပ် တာဝန်ယူခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် စစ်တိုင်းမှူး အပြောင်းအလဲ ပြုလုပ်ခြင်း ဖြစ် သည်။

ယင်းပြောင်းလဲမှုမှာ စစ်တိုင်းမှုးအချင်းချင်းနေရာ ပြောင်းလဲတာဝန်ယူခိုင်းခြင်း ဖြစ်သည်။

ကချင် လွတ်လပ်ရေး တပ်မတော်(KIA)ကလည်း အဆိုပါ သတင်းနှင့် ပတ်သက်၍ စုံစမ်းသိရကြောင်း အတည်ပြု ပြောကြား သည်။

အဆိုပါ စစ်တိုင်းမှူးများသည် ပြီးခဲ့သည့်နှစ် သြဂုတ်လက ဖြစ်ပွားခဲ့သည့် စစ်တပ်ရာထူးအပြောင်းအရွှေ့၌ တိုင်းမှူးတာဝန်ကို ရယူခဲ့ သူများဖြစ်သည်။

လက်ရှိ မြန်မာ့တပ်မတော် ဖွဲ့စည်းပုံတွင် စစ်တိုင်းကြီး စုစုပေါင်း ၁၄ ခုဖြင့် ဖွဲ့စည်းထားပြီး တပ်မ စစ်ဌာနချုပ် ၁၀ ခု၊ စစ်ဆင်ရေး ကွပ်ကဲမှု စစ်ဌာနချုပ် ၂၀ ဖြင့် ဖွဲ့စည်းထားသည်။

ပြီးခဲ့သည့်မေလအတွင်းကလည်း တပ်မမှူးများနှင့် စစ်ဆင်ရေးကွပ်ကဲမှု စစ်ဌာနချုပ်(စကခ) မှူးများကို နေရာအပြောင်းအလဲ ပြုလုပ်ခဲ့သေးသည်။

နေပြည်တော် စစ်ဘက်အသိုင်းအ၀န်းတွင် ပြောဆိုနေသည့် အတည်မပြုနိုင်သော သတင်းများအရ ယခုစစ်တပ်အပြောင်းအလဲကို ပြုလုပ်ရန် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်အား ဗိုလ်ချုပ်မှူးကြီး သန်းရွှေက နောက်ကွယ်မှ ကြိုးကိုင် ခိုင်းစေနေခြင်းဖြစ်သည်ဟု ပြောဆိုနေကြကြောင်း သိရသည်။
Comments (6)Add Comment
0
...
written by diamond, July 06, 2011
နင်တို့အားလုံးပြော င်းကြရမှာပါ၊ မကြာခင်မှာပေါ့
ဘယ်ကိုလို့ ထင်လဲ။
အ၀ဇိငရဲေ အာက္မွာေ နာက်ထပ် ငရဲအသစ် တခုပေါ်လာတယ်လေ။
သံဃာ့ အရေးအခင်း စတည်း ကေ ပ်ါလာတာတဲ့
အခုတော ဦးစိုးဝင်းကြီး တယောက် သူပါပါ၊ မာမာ ၊ဦးဦး ၊ဒေါ်ဒေါ်၊ ကိုကို၊ မမ၊ ညီလေး၊ ညီမေလးေ တြကိုေ စာင့်နေပါတယ်
န၀တငရဲ တဲ့
0
...
written by Hnin Kaythi, July 05, 2011
အင်္ဂလိပ်က မြန်မာနိုင်ငံကို Divide and Rule နဲ့ အုပ်ချုပ်ခဲ့တယ်။ လက်ရှိစစ်အစိုးရကတေ
0
နောက်ကွယ်က ကြိုးကိုင်တုံးပါပဲ
written by တောသား, July 05, 2011
သမ္မတ အထက်မှာ ကာကွယ်ရေး ဦးစီးချုပ် ရှိတယ်၊ ကာကွယ်ရေး ဦးစီးချုပ် အထက်မှာ တပ်ချုပ်ကြီး ရှိတယ်။ တပ်ချုပ်ကြီးက Divide and Rule လုပ်နေတယ်။
0
လောကပါလတရား
written by Minn, July 04, 2011
မည်သို့ပင်ဆိုစေ ကြမ္မာဘီး ဆိုသည်ကား အမြဲလည်ပတ်နေ၏။ မည်သည့် အခြေအနေနှင့် ကျဆုံးမည်ကို မသိရသော်
လည်း သွားလေသူ နောင်တော် များထက် ပိုသော ကံဆိုးမှုကို ကြုံရမည်ဟု လောကပါလ တရား၏ မှန်ကန်သော
ဆုံးဖြတ်ချက်သည် လူသားတို့ အတွက် ယနေ့အထိ မှားသွားသည်ဟု မတွေ့ရသေးချေ။
0
Good news
written by Tun Tun Oo , July 04, 2011
smilies/smiley.gif:smilies/smiley.gif
0
Tup Choke Gyi idea.
written by U Aung, July 04, 2011
General Min Aung Hlaing was a toy. Every decisions are control by Tup Choke Gyi. He didn't believe every Military officers because he has learned many lessons in the past. He has feeling of fear like as General Nwe Win.He controlled our country more atrocious than Nwe Win .In our Burmese stories he must be felt how he had done in the past.In the end he can't run away from World Criminal Court.

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်