ဇွန်လ ၃၀ ရက်နေ့က အပစ်အခတ် ရပ်စဲရေး တွေ့ဆုံဆွေးနွေးပြီး၂ ရက်ခန့် အကြာ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ အစိုးရစစ်တပ်နှင့် ကချင် လွတ်လပ်ရေး တပ်မတော်(KIA) တပ်ဖွဲ့ဝင်များ ပြီးခဲ့သည့် တပတ် စနေနေ့က တိုက်ပွဲဖြစ်ပွားခဲ့ရာ အစိုးရတပ်ဘက်က၂ ဦး ကျဆုံးသွားကြောင်း KIA တွဲဖက် အတွင်းရေးမှူး ဦးလနန်က ပြောသည်။
KIA တပ်မဟာ ၅ ထိန်းချုပ်ရာ မိုးညှင်းမြို့နယ် ဆင်ဘိုဒေသတွင် လှုပ်ရှားနေသည့် အစိုးရတပ် ခြေမြန်တပ်ရင်း (ခမရ) ၁၄၁ တပ်ဖွဲ့ဝင်များကို ခြုံခိုတိုက်ခိုက်ခဲ့သောကြောင့် ကျဆုံးသွားကြောင်း ၎င်းက ဆိုသည်။
တိုက်ပွဲ ဖြစ်ပွားချိန်တွင် အစိုးရတပ်ဘက်မှ စစ်သည် အင်အား ၄၀ ခန့်ရှိကြောင်း၊ KIA ဘက်မှ ထိခိုက်ကျဆုံးမှု မရှိကြောင်း ဦးလနန်က ဆက်ပြောသည်။
ကချင် ဒေသခံများ ပြောပြချက်အရ ယမန်နေ့က ကချင်ပြည်နယ် ပူတာအိုနှင့် ဆွမ်ပရာဘွမ်မြို့နယ် အကြားရှိ တံတား တစင်း ကိုလည်း KIA တပ်ဖွဲ့ဝင်များက ဗုံးခွဲဖျက် ဆီးခဲ့ကြောင်း သိရသည်။
ဦးလနန်ကမှု ယင်း တံတားဖျက်ဆီးမှုနှင့် ပတ်သက်၍ ဒေသခံများ၏ ပြောကြားချက်ကို ၎င်းအနေဖြင့် ကြားသိရကြောင်း ပြော ဆိုသော်လည်း KIA တပ်ဖွဲ့ဝင်များ၏ လက်ချက်ဖြစ်ကြောင်း အတည်မပြုခဲ့ပေ။
မြစ်ကြီးနားမြို့မှ ဗန်းမော်မြို့သို့ ခရီးသည် ကားများ ပုံမှန် ပြန်လည် ပြေးဆွဲနေပြီး တချို့ကုန်သည်များက လိုင်ဇာမြို့အထိ ကုန်ပစ္စည်းများ လာတင်ကြောင်း သိရှိရသည်။
ဦးလနန်က“နှစ်ဘက် တွေ့ဆုံတာလည်း ဘာမှ အကောifအထည် မဖော်ရသေးဘူးဆိုတော့ ဒုက္ခသည်တွေကလည်း ဘယ်မှ မပြန်ရဲကြသေးဘူး”ဟု ဆိုသည်။
အစိုးရက ကချင်ပြည်နယ် မိုးမောက်မြို့နယ် အတွင်းရှိ တာပိန် ရေအားလျှပ်စစ် စီမံကိန်း အနီးရှိ KIA တပ်များအား လုံခြုံရေး အရ စိတ်မချရဟု အကြောင်းပြကာ ထွက်ခွာရန်ပြောဆိုခဲ့ပြီး ဇွန် ၉ ရက်နေ့က စတင်၍ တိုက်ပွဲများ နေ့စဉ်နီးပါးဖြစ်ပွားခဲ့ကြ သည်။
ယင်းတိုက်ပွဲများကြောင့် ဒေသခံ ထောင်နှင့်ချီ၍ ထွက်ပြေး တိမ်းရှောင်ခဲ့ကြရသည်။ ယခင် စစ်အစိုးရနှင့် KIO သည် ၁၉၉၄ ခုနှစ်က စတင်၍ အပစ်အခတ်ရပ်စဲရေး ပြုလုပ်ခဲ့သည်။
ယမန်နှစ် အောက်တိုဘာလ အတွင်းက အစိုးရ သတင်းစာများ၌ KIA ကို “သောင်းကျန်းသူ”ဟု ပြန်လည်သုံးနှုန်းခဲ့ ပြီးနောက် အပစ်အခတ် ရပ်စဲရေးလည်း ပျက်ပြယ်ခဲ့သည်။
Set as favorite
Bookmark
Email this
Hits: 4877
Comments (12)

written by ပြည်ထောင်စုသား, September 27, 2011
ဘယ်သူဘယ်သူ ရယ်လို့တော့ မမှန်ကြဘူးဗျ။ တစ်ယောက်နဲ့ တစ်ယောက် မုန်းတီးနေကြတယ်။ ပြည်ထောင်စြု မန်မာနိုင်ငံမှာ resources တွေကတော့ မျှသုံးရမှာပဲလေဗျာ။ တစ်ဦး တည်းတော့ သုံးလို့မရဘူးပေါ့။ ဒါပေမယ့် အစိုးရ စစ်တပ်မှာ မှားတာတွေ လည်း တစ်ပုံကြီးရှိမှာပေါ့။ ပြောမယ်ဗျာ။ ထစ်ခနဲရှိ ပစ်မနေနဲ့။ ခင်များတို့ ခေါင်းဆောင် နှစ်ယောက် စင်ပေါ်တက်။ ချကျ။ အဲလို လုပ်ရဲလား။ ရဲဘော်တွေ တစ်ယောက်နဲ့ တစ်ယောက် သတ်ချင်တယ် ထင်နေလား။ ကချင် ရဲဘော်ရော ပြည်ထောင်စု တပ်က ရဲဘော်တွေကော သူတို့တွေ အကုန်လုံး ချစ်ချစ်ခင်ခင်ပဲ။ ခင်ဗျားတို့ပဲ ဆိုးနေတာ။
written by chindits, July 07, 2011
Destroying bridges and roads are part of war strategy. It's a defensive strategy. Every armed forces carry out that kind of tactic to cut enemy supplies and communications. It's perfectly normal in a war where two armies exchange fire.Its a war. All goes!!! Also, Geneva conventions have no restrictions with destroying bridges and roads as apart of war strategy.
If I were KIA I would carry out more tactic like this to stop rapist army coming into my home and killing my friends and families.
If I were KIA I would carry out more tactic like this to stop rapist army coming into my home and killing my friends and families.
written by ရဲနောင်, July 05, 2011
KIO တွေကို အားပေးထော က်ခံပါတယ်။ အားမလျှော့ ဖို့လည်း တိုက်တွန်း ချင်ပါတယ်။ တို့ပြည်သူတွေ အခွင့်သာတဲ့ တစ်နေ့တော့ ရှိလာ မှာပါ။
written by Tawk Hkam, July 05, 2011
သေနတ် ပစ်တတ် မပစ်တ တ်တော့ မသိဘူး.. ဗမာဘက်က ဗျူဟာမှူးနှ စ်ကောင်ေ တာ့ ကျသွားပြီ....
written by zau, July 05, 2011
burmese sodiers don't know how to shot,use....hahahaa
..everywhere were die...
..everywhere were die...
written by nyokowin, July 05, 2011
တံတား မိုင်းခွဲတာ ပြည့်သူ့ အကျိုး အတွက်လား.....
KIA အဆင့်က တောပုန်းဓါးပြ အဆင့်ပဲ ရှိတာ ခုမှသိတယ်. that is written by illegal government.it is rumor Actually , they build up bridge for to bring our natural resources from our states..
KIA အဆင့်က တောပုန်းဓါးပြ အဆင့်ပဲ ရှိတာ ခုမှသိတယ်. that is written by illegal government.it is rumor Actually , they build up bridge for to bring our natural resources from our states..
written by nyokowin, July 05, 2011
KIA must fight faster than Decoit /Rebel ?illegal government .What you do that u r right .If u delay to fight them ,u can fail.
written by ma hnin, July 05, 2011
စစ်သားေ တွသေနက် မပစ်တက်ေ တာ့ဘူးလား မသိဘူးနော်
written by မင်းထက်နေ, July 05, 2011
တံတား မိုင်းခွဲတာ ပြည့်သူ့ အကျိုး အတွက်လား.....
KIA အဆင့်က တောပုန်းဓါးပြ အဆင့်ပဲ ရှိတာ ခုမှသိတယ်..
KIA အဆင့်က တောပုန်းဓါးပြ အဆင့်ပဲ ရှိတာ ခုမှသိတယ်..
Write comment
| < Prev | Next > |
|---|







