အဆိုပါ အဆောက်အဦးကို သီလဝါ ရေတပ် သင်္ဘောကျင်း၏ ဘယ်ဘက်ကပ်လျက်တွင် ဆောက်နေကြောင်း သင်္ဘောကျင်း ဆောက်လုပ်ရေးတွင် ပါဝင်နေသူ တဦးနှင့် နီးစပ်သူတဦးက ပြောသည်။
အဆိုပါ ဆောက်လုပ်ရေး လုပ်ငန်းတွင် မြန်မာအင်ဂျင်နီယာ များနှင့်အတူ မြောက်ကိုရီးယား အင်ဂျင်နီယာများပါ ပါဝင် ဆောက်လုပ်နေကြောင်း သိရသည်။
စစ်အစိုးရ လက်ထက်ကတည်းက စတင် ဆောက်လုပ်နေခြင်းဖြစ်ပြီး အစိုးရအပြောင်းအလဲတွင် လုပ်ငန်းကို ခေတ္တ ရပ်ထားခဲ့ကြောင်း၊ ယခုအခါ လူအင်အား၊ စက်အင်အားများနှင့် နေ့ဆိုင်း ညဆိုင်းခွဲကာ ဆက်လက် ဆောက်လုပ် နေကြောင်း ဆောက်လုပ်ရေး လုပ်ငန်းတွင် ပါဝင်သူနှင့် နီးစပ်သူက ဆိုသည်။
“မြေတူး၊ မြေသယ်စက်ကြီးတွေ ၄၊ ၅ လုံးလောက်နဲ့ ညဘက်ဆို မီးတွေထွန်းပြီး လုပ်နေတာပဲ။ အဲဒီစက်ကြီးတွေ ငှားခက တနေ့ကို တခုအတွက် ကျပ် သိန်း ၅၀ လောက်ပေးရတယ်” ဟု ၎င်းက ဆက်ပြောသည်။
ယခုလက်ရှိတွင် အဆောက်အအုံ သက်သက်ကိုသာ ဆောက်လုပ်နေခြင်း ဖြစ်ပြီး ပြင်ပမှ ကြည့်လျင် သာမန် ဆောက်လုပ်ရေး လုပ်ငန်းခွင် အတိုင်းပင်ဖြစ်ကြောင်း၊ အင်ဂျင်နီယာများ အပါအဝင် လခစားဝန်ထမ်း ၂၀၀ နှင့် နေ့စားဝန်ထမ်း ၅၀၀ ကျော်တို့ အလုပ်လုပ်နေကြကြောင်း၊ အဆောက်အအုံမှာ အစိမ်းရောင်ဖြစ်၍ အတွင်း၌ သင်္ဘော ၂ စီးစာ နေရာရှိကြောင်း၊ အလယ်တွင် လျှောက်လမ်းတခု ရှိကြောင်း၊ အဆောက်အအုံထဲမှ ရထားသံလမ်းကဲ့သို့သော သံလမ်းတခု ထုတ်ထားပြီး အဆိုပါ သံလမ်းကို ရေထဲသို့ ချထားကြောင်း မျက်မြင် တွေ့ခဲ့သည့် သူကပြောသည်။
အဆောက်အအုံမှာ အပေါက် ၂ ပေါက် ပါရှိပြီး တပေါက်လျှင် ပေ ၂၀ ခန့်ရှိကြောင်း၊ တံခါးက အဖြူရောင်တပ်ထားပြီး ထို အပေါက်များထဲမှ သံလမ်း ၂ ခုသည် ရေထဲသို့ ဆင်းသွားကြောင်း၊ အင်ဂျင်နီယာများက ရေငုပ်သင်္ဘောကို “ငှက်ပျောဖူး” ဟု စကားဝှက်နှင့် ပြောကြောင်း မြောက်ကိုရီးယား အင်ဂျင်နီယာများကိုပါ တွေ့ခဲ့သော သူက ဆိုသည်။
ဆောက်လုပ်ရေး လုပ်ငန်းများကို ရေထဲတွင် လုပ်ကိုင်ရသောကြောင့် ဝန်ထမ်းများက ရှင်ဥပဂုတ္တ ဖောင်မျှောခြင်း၊ ရေငန်ပိုင် ဦးရှင်ကြီး တင်ချင်း စသည့် ရိုးရာ နတ်တင်ခြင်းများ ပြုလုပ်ကြရာ မြောက်ကိုရီးယား အင်ဂျင်နီယာများပါ လိုက်ပါ လုပ်ဆောင်သည်ဟု သိရသည်။
ယခုလက်ရှိ အဆောက်အအုံပိုင်းကိုသာ လုပ်ဆောင်နေခြင်းဖြစ်ပြီး ပြင်ပ အဆောက်အအုံ ပြီးသွားပါက ဝန်ထမ်းအားလုံး ဖယ်ပေးရမည် ဖြစ်ကြောင်း၊ ရေငုပ်သင်္ဘော ဆောက်လုပ်ရန် နောက်ထပ် တဖွဲ့ လာရောက်မည်ဖြစ်ကာ ထိုအချိန်တွင် ထိုနေရာကို အဝင်အထွက် အားလုံး ရှင်းလင်း ပိတ်ဆို့လိုက်တော့မည် ဖြစ်ကြောင်း အင်ဂျင်နီယာ တဦး၏ ပြောဆိုချက်ကို ကိုးကား၍ ၎င်းနှင့်နီးစပ်သူက ပြောပြသည်။
လောလောဆယ် အဆောက်အအုံ၏ အနောက်ဘက်ကို ဖွင့်ထားကြောင်း၊ အထဲတွင် သံငြမ်းများကိုလည်း တွေ့ရကြောင်း ၎င်း၏ ပြောဆိုချက်အရ သိရသည်။
မြန်မာ့ တပ်မတော် (ရေ) သည် ၁၉၈၈ ခုနှစ်နောက်ပိုင်းတွင် တပ်မတော် ကြည်း၊ လေ တို့နှင့်အတူ အင်အားဖြည့်ဆည်းမှုများ ပြုလုပ်ခဲ့သည်ကို တွေ့ရသည်။
မြန်မာ့တပ်မတော်အကြောင်း လေ့လာရေးသားခဲ့သည့် မောင်အောင်မျိုး၏ “တပ်မတော်ကို တည်ဆောက်ခြင်း” ဆိုသည့် စာအုပ်တွင် တပ်မတော် (ရေ) သည် “ရေညိုမှသည် ရေပြာသို့” ဆိုသည့် ဆောင်ပုဒ်အတိုင်း ပင်လယ်သွား သင်္ဘောများအား ကိုယ်တိုင် တည်ဆောက်ရန်အထိ ရည်မှန်းထားကြောင်း ရေးသားထားသည်။
တပ်မတော် (ရေ) တွင် ပေါ့ပါးသွက်လက်သည့် လှည့်ကင်း စစ်သင်္ဘော (Frigates) များ၊ အကြီးစား သင်္ဘော (အရှည် ၇၅ မီတာနှင့် အထက် corvettes) များ တည်ဆောက်ရေးနှင့် နည်းပညာပိုင်းကိုပါ ဖြည့်ဆည်းနေကြောင်းလည်း သိရသည်။
၂၀၀၀ ပြည့်နှစ်မှ စတင်၍ တပ်မတော် (ရေ) ၏ အကြီးစား စစ်သင်္ဘောတည်ဆောက်ရေး စီမံကိန်းများကို စတင် အကောင် အထည် ဖော်ခဲ့ရာ ၎င်းနှစ် စက်တင်ဘာလ၌ ၇၇ မီတာ (၂၅၂ . ၆၂ ပေ) ရှည်သည့် UMS 771 အမျိုးအစား စစ်သင်္ဘောကြီး တစင်းကို ပြည်တွင်း၌ပင် တည်ဆောက်ခဲ့သည်။ ၎င်းသင်္ဘောကို အနော်ရထာဟု အမည်ပေးခဲ့ကြောင်း မောင်အောင်မျိုးက ရေးသားထားသည်။ အဆိုပါ စစ်သင်္ဘောတွင် အသုံးပြုသော လက်နက်ကိရိယာများနှင့် ရေဒါ စနစ်များမှာ တရုတ်ပြည်ဖြစ် များဖြစ်ကြောင်းလည်း ၎င်းစာအုပ်ကဆိုသည်။
ဒုတိယမြောက် တည်ဆောက်သည့် ရေယာဉ်မှာ UMS 772 သင်္ဘောကြီး အမျိုးအစားပင်ဖြစ်ပြီး ၂၀၀၁ ခုနှစ်က စတင် အသုံးပြုခဲ့သည်။ ၂၀၀၅ ခုနှစ်က တတိယမြောက် စစ်သင်္ဘော UMS 773 ကိုတည်ဆောက် ခဲ့ပြီး ယခုလက်ရှိတွင် ပေါ့ပါး မြန်ဆန်သည့် ကင်းလှည့်ရေယာဉ်အမျိုးအစား F – 108 ကိုတည်ဆောက်နေသည်။
၎င်းအပြင် ဒုံးပျံ ဆင်ထားသည့် စစ်ရေယာဉ်များကိုလည်း တရုတ်နှင့် ယူဂိုဆလားဗီးယား နိုင်ငံများမှ ဝယ်ယူခဲ့ကြောင်း လေ့လာသူတို့၏ အဆိုအရ သိရသည်။
ကာကွယ်ရေးဦးစီးချုပ်နှင့် စစ်တပ်သည် ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ် အစိုးရ အသုံးစရိတ်စုစုပေါင်းမှ ကာကွယ်ရေး အသုံးစရိတ်အဖြစ် ၂၅ ရာခိုင်နှုန်းကျော် သုံးစွဲလိမ့်မည် ဖြစ်သည်။ မတ်လ ၁ ရက်နေ့က ထုတ်ပြန်သည့် နိုင်ငံတော် ပြန်တမ်းအရ ယခုဘဏ္ဍာရေးနှစ်အတွက် လျာထားချက်တွင် စစ်သုံးစရိတ်မှာ ကျပ် ၁.၈ ထရီလီယံ (အမေရိကန် ဒေါ်လာ သန်း ၂ ထောင်) ဖြစ်ပြီး စုစုပေါင်း ဘတ်ဂျက်၏ ၂၃.၆ ရာခိုင်နှုန်းအထိ ရှိသည်။

၂၀၀၈ ခုနှစ် နိုဝင်ဘာလအတွင်းက စစ်အစိုးရ တပ်မတော် ကြည်း၊ ရေ၊ လေ ကွပ်ကဲရေးမှူးအဖြစ် တာဝန်ယူခဲ့သူ ဗိုလ်ချုပ်ကြီးဟောင်း၊ လက်ရှိ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် မြောက်ကိုရီးယားနိုင်ငံသို့ သွားရောက် လည်ပတ်ကာ စစ်ရေးအတွက် အရေးပါသည့် ထုတ်လုပ်မှုများအား လေ့လာခဲ့စဉ် မြောက်ကိုရီးယား ရေတပ်ကိုလည်း သွားရောက်ခဲ့ သေးကြောင်း ပေါက်ကြားခဲ့သည့် လျှို့ဝှက် အစီအရင်ခံစာတွင် ပါရှိသည်။
ယခုနှစ် ဇွန်လအတွင်းကလည်း စစ်လက်နက် ပစ္စည်းများ တင်ဆောင်၍ မြန်မာပြည်သို့ ဦးတည် လာနေသည့် မြောက် ကိုရီးယား သင်္ဘောတစင်းကို အမေရိကန် ရေတပ်က တားမြစ်သဖြင့် လာလမ်းအတိုင်း ပြန်လှည့်သွားခဲ့ရသည်။ ၂၀၀၉ ခုနှစ်က မြန်မာရေပိုင်နက်ကို ဦးတည်လာခဲ့သော မြောက်ကိုရီးယားသင်္ဘော Kang Nam (1) သည် အမေရိကန် ရေတပ်က နောက်ယောင်ခံ ဖိအားပေးခဲ့ပြီးနောက် မိခင်နိုင်ငံဘက်သို့ ပြန်လည်လှည့်ပြန် သွားခဲ့ဖူးသည်။
၂၀၀၇ ခုနှစ် ဧပြီလက မြန်မာနှင့်မြောက်ကိုရီးယားနိုင်ငံတို့ ၂ နိုင်ငံဆက်ဆံရေး ပြန်လည်ထူထောင်ပြီး လပိုင်း အကြာတွင် မြောက်ကိုရီးယားသင်္ဘောတစင်းသည် မြန်မာနိုင်ငံ သီလ၀ါ နိုင်ငံတကာ ဆိပ်ကမ်း (MITT) သို့ ဆိုက်ရောက် လာခဲ့ဖူးသည်။
မြန်မာနှင့် မြောက်ကိုရီးယားအစိုးရတို့သည် ၁၉၈၃ ခုနှစ်က သံတမန် ဆက်ဆံရေး ရပ်ဆိုင်းခဲ့သည်။ ထိုနှစ်က မြန်မာနိုင်ငံသို့ အလည်လာရောက်သော တောင်ကိုရီးယား သမ္မတ ချန်ဒူးဝမ် နှင့်အဖွဲ့အား ရန်ကုန်မြို့ အာဇာနည် ဗိမာန်တွင် မြောက် ကိုရီးယား ကွန်မန်ဒိုတို့က ဗုံးခွဲတိုက်ခိုက်ရာ သမ္မတ ချန်ဒူးဝမ် သေဆုံးခြင်း မရှိသော်လည်း ၀န်ကြီး ၄ ဦး အပါအ၀င်၂၁ ဦး သေဆုံးပြီး နောက်ပိုင်း သံတမန် ဆက်ဆံရေး ရပ်သွားခြင်း ဖြစ်သည်။
ထိုကဲ့သို့ မြန်မာနှင့် မြောက်ကိုရီးယားတို့သည် ၂ နိုင်ငံ သံတမန် ပုံမှန် ဆက်ဆံရေး ရပ်ဆိုင်းခဲ့ရာမှ မကြာသေးသော နှစ်များ အတွင်း တိတ်တဆိတ် ဆက်ဆံရေးများ ပြုလုပ်လာခဲ့ကာ ပြီးခဲ့သည့် ၂၀၀၇ ခုနှစ် ဧပြီလတွင် တရားဝင် ဆက်ဆံရေး ပြန်လည် စတင်ခဲ့သည်။
Set as favorite
Bookmark
Email this
Hits: 15864
Comments (44)

written by ရိုဟင်ထိုင်း, August 04, 2011
ကန်.ကွက်ပါတယ်။ ဒါဟာပြည်သူတွေ လမ်းပေါ်ထွက်လာယင် နှိမ်နင်းဖို.နဲ. တောတွင်းနဲ.ေ တာင်ပေါ်ဒေသက လူမျိုးစု သူပုန်တွေကို တိုက်ခိုက်ဖို.ဖြစိတယ်။
written by ဘ၀င်း, July 07, 2011
ရေငုတ် သဘောင်္န ည်းပညာကို ရရင်တော့ တိုင်းပြည် အတွက်ေ ကာင်းပါတယ်၊ ဆက်စပ် စိုးရိမ်စရာ ရှိတာက ဟိုတလောက မြန်မာပြည်ဘက်ေ မာင်း လာနေတဲ့ မြောက် ကိုရီးယား စစ်လက်နက် သဘောင်္ တစင်းကို US Frigate က တားခဲ့ တာကြောင့့် ပြန်လှဲ့ သွားခဲ့ရတယ်၊ နောင်မှာ ရေငုတ်သဘောင်္နဲ့ ၀င် လို့ရအောင် Dock တွေ တည်ဆောက်နေ တာများလား...၊ မြန်မာပြည်က မြောက် ကိုရီးယားရဲ့ နျူကလီးယား warehouse ဖြစ်များေ နပြီလားေ ပါ့နော်...၊ အဲဒီ အခြေအေ နကတော့ ကျနော်တို့ တိုင်းပြည် က US နဲ့ N/Korea အကြား နျူကလီ ယာစစ်တလင်း မဖြစ်ပါစေနဲ့ ဆုတော င်းရမှာဘဲ...။ လာဆောက်နေတဲ့ကောင်တွေကလဲ မြောက်တွေ ...။
written by သော်က, July 07, 2011
ခင်ဗျားတို့ ရေငုတ်ပဲေ ဆာက်ဆောက် ရေမြုပ်ပဲေ ဆာက်ဆောက် လောလော ဆယ် ဟောဒီကလေးတွက် တရားမျှ တရေးနှင့် ဆေး ကုဖို့ ငွေ လိုနေတယ် အဲဒါ အသိကျွမ်းများ ရှိရင် ကူညီသင့်တယ် ဘယ်လို ဘယ်သူ့ကို ဆက်သွယ်ရမလဲ မသိဖူး မီဒီယာက အော်ပေးမှ အစိုးရ ဆိုတဲ့ေ ကာင်တွေ နဲနဲသိမယ်။ မြန်မာပြည်မှာ လူစိတ်မဲ့တွေ များနေပြီး။ http://burmese.dvb.no/archives/12272
written by kyaw kyaw, July 07, 2011
mind ur business!do u think that ur family can eat everything they want?i will never agree to use my money for building xxxxing submarine. wasting my money without being known.
written by KoThant, July 06, 2011
၁။ ရေငုပ် သင်္ဘောတွေကို ဒုတိယ ကမ္ဘာစစ် အချိန်ကတည်းက ဆောက်နေကြတာမို့ ဗမာတွေ အခုအချိန်မှာ ဘာကြောင့် မဆောက်နိုင်ရ မှာလဲ။ လက်ရှိ နိုင်ငံခြား တိုင်းပြည်များ မှာလို အဆင့်မြင့် ချင်မှတော့ မြင့်မှာပေါ့။ သူများဆီက ပညာရှင် အကူ အညီလည်း ယူချင် ယူရမှာပေါ့။ နောက်ထပ်နှစ်(၅၀)ထိ ကြိုးစားဖို့ မလိုတာတော့ သေချာပါတယ်။
၂။ ဒီသတင်း ဟုတ်နေခဲ့ရင် နိုင်ငံတော် ဘဏ္ဍာကို ဒီလိုအချိန်မျိုးမှာ ဒီလို ကိစ္စထက် အရေးကြီးတဲ့ေ နရာတွေမှာ သုံးဖို့ သင့်တဲ့ အကြောင်းပဲ ငြင်းခုံသ င့်တယ်လို့ ထင်ပါတယ်။
၃။ ထစ်ခနဲရှိ ကိုယ့်လူမျိုးကို ရစရာ မရှိအောင် အထင်ေ သးနေတာတွေ၊ ထစ်ခနဲရှိ အစိုးရ ဘာပဲ လုပ်လုပ် အကောင်း မမြင်နိုင် တာတွေကတော့ မမျှတဘူးလို့ မြင်ပါတယ်။ စစ်တပ်ထဲမှာလည်း ကိုယ့်တိုင်းပြည် တိုးတက်ေ စချင်သူတွေ အများကြီး ရှိမှာပါ။
၎။ ကျွန်တော်လည်း ဧရာဝတီကို အမြဲ ဖတ်နေတဲ့ ပရိတ်သတ် တစ်ယောက်ပါ။ စစ်တပ် အမျိုးထဲကလည်း မဟုတ်ပါဘူး။ ဗမာတွေ ရေငုပ်သင်္ဘောေ ဆာက်နိုင်တယ် ဆိုရင်တော့ ၀မ်းသာတယ်ဗျာ။

written by့ htike, July 06, 2011
အဲတာ ရေငုပ် သင်္ဘော ဆောက်ဖို့ မဖြစ်နိုင်ပါဘူး ။ဖြစ်နိုင်တာ...... မြောက်ကိုရီးယားက နျူလ က်နက်တွေကို ရိုးရိုး သင်္ဘောနဲ့ သယ်တာ သယ်လို့ မရဘူးလေ။ ဒါကြောင့် ရေငုပ် သင်္ဘော သုံးပြီး ခေါက်တုံ့ ခေါက်ပြန် သယ်ဖို့ဖြ စ်လိမ့်မယ်။
written by Mr.mai, July 06, 2011
လုပ်ချင်တာ လုပ်တာ ကို ဂရုမစိုက်ဘူး...တစ်ပြားမှ မရှိဘဲ နဲ့ လူထုငွေကို ထင်တိုင်း ကျဲနေတာကို.. ဂရုစိုက်နေရတာ..
တရုတ် .ရုရှား .မြောက်ကို ရီးကား.. တစ်နိုင်ငံမှ နာမည်ကောင်း မရှိဘူး. .ဂျိုလိမ်တွေ ချီးဘဲ...
ပြည်ပ အားကိုး ပုဆိန်ရိုး.....ကြက်ဆူ အစိုးရ.. တစ်မတ်နဲ့ ပြား၃၀ဆယ်.. ..ဘဲ တန်တယ်..အဲ့ ဒါလည်း သူ့ဟာသူ လုပ်တာ
လူထုသဘော မပါဘူး.... တစ်မတ် မ၀လို့ ပြား၃၀ ထပ်ယူတာ ဘာဆန်းလဲ....

written by PhoHtaung, July 06, 2011
May be a plan to built for under rail pass to Dala and TonTay..
written by ပုဏ္ဏားဘကွန်း, July 06, 2011
အင်း...
ရေငုတ်သဘောင်္ တစ်ကယ်ေ ဆာက်နိုင်ရ င်ကောင်းပါတယ်။ ဒါပေမယ့် အခု ကျွန်တော်တို့ နိုင်ငံမှာ အရေးတစ်ြ ကီးဖော်ဆောင် ဖို့ လိုအပ်တာက ရေငုတ်သဘောင်္ ဆိုတာထက် ပညာရေး၊ ကျန်းမာရေးနဲ့ စီးပွားရေး ကဏ္ဏတွေမှာ လို့ ထင်ပါတယ်။ လက်နက်တွေ ၀ယ်နေတာက မြန်မာစစ်ဗို လ်ချုပ်တွေရဲ့ ရူးသွပ်တာ တစ်ခုပါ။ သူတို့မမြင် တာက တရုပ်ကြ မန်မာပြည်ကို စစ်တိုက်စရာ မလိုပဲ စီးပွားရေး လူမျိုးရေးကို မဟာ ဗျူဟာ ကျကျ လုပ်ဆောင်ပြီး လွှမ်းမိုးေ နတာကိုပါပဲ။
စဉ်းစားကြပါ ဘောင်းဘီဝတ် များနှင့် ဘောင်းဘီချွတ် ပုဂ္ဂိုလ်များ ခင်ဗျား။

written by washington, July 06, 2011
I appriciate the country need to improve the military technology.but please consider carefully.now people are suffering the struggling living.dear commentors who supported the army high expense,please be sympathized with our country's poor people who are starving.please understand the important needs.don't try to climb up the tree without hands.please take example from N Korea.they have high tech weapon but not enough foods.
written by Love Myanmar, July 06, 2011
Dear Irrawaddy,
I'm not pro-junta guy. I also don't like current or previous Myanmar governmetns. But why Irrawaddy always want to reveal Myanmar's some secrets. The government good or not is one matter but when they do good for country, we should welcome. People always shouldn't think that previous Myanmar Junta government what they did & current government what they doing is for them to grip power for themselves. Last time Irrawaddy also revealed about Myanmar's nuclear program. Irrawaddy should check again your working way.

written by Hacker , July 06, 2011
တိုင်ပြည်ေ ကာင်းကျိုး ဆိုရင်လ က်ခံရမယ်လေ။ ဘာလုပ်လုပ် အကောင်း မမြင်ကြ။
written by washington, July 06, 2011
government should think about the public needs first.buying weapons and building martial components are very expansive.now more than 15 million people in Myanmar are suffering in struggling for foods.Please built up the nation's base first.good government should look after the public first.
written by ကိုလင်း, July 06, 2011
ကျွှန်တော် ကြားဖူးတာ တော့ဗျာ၊ ရေငုတ် သင်္ဘောသား တွေ က ဆေးလိပ် မသောက်ရဘူး ဆိုလို့ ဗမာ့ ရေတ ပ်မတော်မှာ ရေငုတ် သင်္ဘောမှာ တာဝန်ထမ်းေ ဆာင်ချင်တဲ့ သူမရှိဘူးလြို ကားဖူးတယ်၊
အဓီက ကတော့ ဆီထုတ်ရောင်းစား ဖို့ ခက်မယ် လိုထင်လို့ လား မသိဘူး၊
ဒါပေမယ့် ဗမာ့ တပ်မတော် က အသံ ထက်မြန်တဲ့ တိုက် လေယာဉ်တွေ ဆီ ကတောင် ဆီထုပ် ရောင်းစားနိုင်သေးတာ ရေငုတ် သင်္ဘော လဲ သူတို့ အတွက် သိပ် ခက်မယ် မထင်ပါဘူး

written by ck, July 06, 2011
.ဟောဒီလ င့်လေးမှာ..တီးခေါက် ကြည့်နိုင်ပါတယ်.
http://en.wikipedia.org/wiki/List_of_equipment_in_Union_of_Myanmar_Navy
http://en.wikipedia.org/wiki/List_of_equipment_in_Union_of_Myanmar_Navy
written by TZW, July 06, 2011
If this news is true Im proud of it.Go ahead MYANMAR.!!! We need to be strong.
written by Thomas, July 05, 2011
What a Nonsense news !!! If this is possible, It is not " Made in Myanmar " and will be labeled as " Assembled in Myanmar ", parts from "China". Like cars.
written byှလျှာရှည်ကောင်ကောင်, July 05, 2011
ရေငုတ်သဘောင်္တောင် အပြင်မှာကောင်းကောင်း မမြင်ဘူးတဲ့ ရေတပ်မှာ သဘောင်္ဆောက် မယ်ဆိုတော့ ဖြစ်နိုင်မလား။
ရေငုတ်သဘောင်္ တစ်စီးတောင် ဒေါ်လာ ဘီလီယံနဲ့ချီပြီးပေးရမှာ။ ကားတစ်စီးတောင် ၀ယ်မစီးနိုင်ဘဲ ကားစက်ရုံ ထောင်ပြီး ထုတ်မယ် ဆိုတာတော့ မလွန်လွန်းဘူးလား။
တကယ်ဖြ စ်ရင်တော့ ဂုဏ်ယူစရာဘဲ။ ဖြစ်နိုင်ရင်တော့ လေယာဉ်တင် သဘောင်္တောင် ဆောက်သင့်တယ်။

written by thiha, July 05, 2011
အပေါ်က လုတွေက ဘာမှ နားမလည်ပဲနဲ့ လျောက်ထင်ြေ ကးေ ပးနေတာပဲံ ကျွန်တော် ကတော့ သူတို့ေ ဆာက်ဘို့ ကြိတ်ြ ကံနေတာ ရေငုပ် သဘော်လည်း မထင်ဘူး ရေငုပ် ရထား နဲ့လည်းမတူ ဘူးဗျ အဲဒါ မသိရင် မှတ်ထား အတွင်း
သိ ပြောလို့သိတာ ပုဂံပြားပျံ ဆောက်ေ နတာတဲ့ တိုးတိုးနော် ......
သိ ပြောလို့သိတာ ပုဂံပြားပျံ ဆောက်ေ နတာတဲ့ တိုးတိုးနော် ......
written by A former University Teacher, July 05, 2011
Building of Submarines was the plan of French Engineers during the Napoleanic Era, however, Napolean turned down that plan because he felt that attacking the sailing ships above the sea from beneath was a type of ambush and it was a cowardice, brave soldiers should fight face to face.
Germans used Submarines in THE FIRST WORLD WAR and sank all ships sailing near British Isle. Not only British ships, but also many American ships were sunk by Germans. It was one of the main reasons why USA entered into war in 1917.
There was a famous German U-Boot (Submarine) called Emden in Indian Ocean. Even Madras was shot by the cannons of that submarine. Later British destroyers sank Emden near Coco Islands.
Germans used Submarines in THE FIRST WORLD WAR and sank all ships sailing near British Isle. Not only British ships, but also many American ships were sunk by Germans. It was one of the main reasons why USA entered into war in 1917.
There was a famous German U-Boot (Submarine) called Emden in Indian Ocean. Even Madras was shot by the cannons of that submarine. Later British destroyers sank Emden near Coco Islands.
written by A former University Teacher, July 05, 2011
Submarine project was a plan of French Engineers during Napoleanic Era, however, Napolean turned down that plan because he thought that sinking ships sailing above the sea from beneath is a plan of cowards.
Submarines were used by the Germans in THE FIRST WORLD WAR!! Many British and American ships were sunk by the Germans and it was the main reason for Americans entering war in 1917.
Submarines were used by the Germans in THE FIRST WORLD WAR!! Many British and American ships were sunk by the Germans and it was the main reason for Americans entering war in 1917.
written by ပါစီ, July 05, 2011
မဖြစ်နိုင်ေ သးဘူးလို့တော့ ပြောလို့ မရပါဘူး။
အကြီးကြီး မဟုတ်တောင် လူ ဆယ် ဂဏန်းလောက် တင်နိုင်တာမျိုးပေါ့...။(၈၀၊၉၀ မဟုတ်)
ဘာလို့လဲ ဆိုတော့ လူ၂ယောက် လောက် တင် နိုင်တာလောက် ကိုယ်တိုင်မြင်ဖူးလို့ပါပဲ။
ဝမ်းနည်းတာ နှစ်ခုပဲရှိတယ်၊
၁။ရေငုတ်သ င်္ဘောနဲ့ နိုင်ငံကို စော် ကားသွားတဲ့ သူတွေဆီက နည်းပြန် ယူနေရတာရယ်။
၂။ပြည်သူတွေ လိုအပ်နေတာတွေ အတွက် သုံးသင့်သလောက် မသုံးပဲ၊ မရောင်ရာ ဆီလူး နေတာကြောင့်ပါ။
ရသခထဲက လွန်း အတင်အချစနစ်က မကောင်းတော့လို့ တိုးချဲ့တာလဲ ပါတာပေါ့။

written by မောင်မောင်ကြီး, July 05, 2011
မြန်မာကေ ရငုတ် သင်္ဘောေ ဆာက်တော့ရော ခင်ဗျားတို့ အကျိုးကို ထိခိုက် သွားလို့လား ။ ဘာလုပ်လုပ် မကောင်းပဲမြ င်နေကြတယ် ။ အကော င်းမြင်တတ် ကြစမ်းပါေ ရွမြန်မာတို့။
written by 11.11.11, July 05, 2011
အမြင်မတော်သူ ဆိုသူနှင့် စစ်အစိုးရ အရေခွံခွာ ဒီမိုကရေစီ ဗန်းပြ အာဏာရှင်အစိုးရ ဘာလုပ်လုပ် အကောင်း မြင်တတ် သူများ ခင်ဗျား
တိုင်းပြည်အတွက် ပြည်သူ လူထု အတွက် နိုင်ငံတော် အတွက် အမျိုးသား ကာကွယ်ရေး အတွက် ပြည်သူ့ တပ်မတော် အတွက် .... ...... ..အတွက်... ......... .အတွက်
အစရှိတဲ့ လူကြားေ ကာင်းတဲ့ စကားလုံး တွေကို ခုတုံးလုပ်ပြီး လူတစ်စု အတွက် အာဏာရှင် စံနစ်တ စ်ခုတ ည်မြဲရေး အတွက် တိုင်းပြည်၏ မြေပေါ် မြေအောက် သယံဇာတများကို
အလွဲသုံးစားပြုလာခဲ့သည်မှာ ၁၉၆၂ ခုနှစ်မှသည် ယနေ့တို င်အောင်ပင် ဖြစ်ပါသည်။ အပေါ်ယံသဘောကြို ကည့်ပီး မျက်စေ့ စုံမှိတ်ကာ မထောက်ခံပါနှင့်။ ခြေခြေမြစ်ြ မစ်ေ လ့လာပြီးမှ
ဝေဖန်အြ ကံပြုကြပါ။ ထောက်ခံကြပါ။ ဤနေရာ၌ မြန် မာ့နိုင်ငံေ ရးလောကမှ ၀ိဓူရသခ င်ချစ်မော င်အကြောင်း နဲနဲေ ပြာချင်ပါသည်။
ဦးနေ၀ င်းအာဏာသိမ်းပြီးနောက် နိုင်ငံ ရေးသမားများကိုဖိတ်ကြားကာ ဆိုရှယ်လစ်စံနစ်ကို ချပြလေ၏။ ထိုအခါ သခင်ချစ်မောင်က ဦးနေ၀င်း၏ ဆိုရှယ် လစ်စံနစ်ကို မျက်လုံး စုံမှိတ်ယုံပြီး ဦးနေ၀င်းနှင့်သာ
တွဲလုပ်ရမ ည်ဆိုပါက ခွေးကတက် ကပင်လုပ်ရလုပ်ရ လုပ်မည်ဟုကြွေးကြော်လေသည်။ နောင်အခါ ဦးနေ၀င်း၏ ဆိုရှယ်လစ် စံနစ်ကြီးဘုံးဘုံးလြဲ ပိုလေသောအခါ ၀ိဓူရ သခင်ချစ်မောင်လည်း
ဝိဓူရဘွဲ့ ပျောက်ကာ ခွေးကတက်ချစ် မောင်ဖြစ်ရလေသည်။( r f a မှ ဦး ဘအောင်၏ ဟော ပြောချက်ကို ကိုးကားပါသည်။ )
လက်တွေ့အားဖြင့် ရပ်ရွာများတွင် တွေ့မြ င်နေရသော ( စာရေးဆ ရာမောင်ထင်၏ ငဘ ၀တ္ထုမှ သခ င်ဖြိုးတုပ် ကဲ့သို့သော ) ကြံ့ခို င်ရေး လူကြီးမင်းများနှင့်တကွ ဆိတ်ဟိုဒင်းဒီ မိုကရေ စီဗန်းပြ သာကူးများကို
ကြည့်လျှင် သိ နိုင်ပါသည်။( ဘုရားရှင်၏ ကာလာမသု တ်တော်ကို ဖတ်ပြီးမှ ဆုံးဖြတ်ကြပါ။)

written by mrmonn, July 05, 2011
any how our money is wasted they should spend our money on other important sections,like education ,health and others.I sometimes think that that military shit people always thinks to buy guns and weapons .i DON'T SEE Thailand ,much richer country than Burma is spending high percentage of national GDP. When our neighboring country Thailand is Spending much Higher money on education sector our shit brains are wasting country own money on weapons for only to kill its own people as enemy.
written by myohan, July 05, 2011
ကော်မန့်တွေက စုံနေတာပါပဲ
စိတ်ပျက်ဖို့ ကောင်းလို က်တာဗျာ မြန်မာပြည် မှာရေငုပ်သဘောင်္ ရဖို့ နှစ် ၅၀တော့
မစောင့်ရ ပါဘူးဗျာ စစ်တပ်က ဘာတွေဝယ်တယ် ဘာတွေ လုပ်တယ်ဆိုတာ
အကုန် သိတဲ့ အရပ်သာတ စ်ယော က်လောက်ရှိရင် အကုန်ေ ဖ်ာနေပီပေါ့ဗျာ
အင်တာနက်ေ ခတ်မှာ အဲ့လိုမှန်းဆ တာတွေရပ်ပီး တိုင်းပြည် အတွက် အကျိုး ရှိတာဆိုရင်
မုဒိတာ ပွားပီး အကျိုးမရှိ တာဆိုရင် ဝိုင်းဝန်း စုပေါင်းတားဆီး ကြပါစို့ လားဗျာ....

written by ko kaung, July 05, 2011
မင်းတို့ကလည်း တယောက် တမျိုးနဲ့ အပေါက် ဆိုးနေကြ တာပဲ.သေ င်္ဘာတွေ ထုတ့် လေယာဉ်တွေထုတ်.ကားတွေ ထုတ်တော့ေ ကာင်းတာေ ပါ့.သူများဆီက မဝယ်ရေ တာ့ဘူးပေါ့. အားလုံး ထုတ်နိုင်လေေ ကာင်းလေဘဲ လက် နက်ဆန်းတွေလဲ ထုတ်တာ ထုတ်.သူများ နိုင်ငံထက် သာမှေ ကာင်းမှာ
written by luchawlay, July 05, 2011
ပေါတောတောနဲ့.. ...... ...မြန်မာပြည်ေ နာက်နှစ် (၅၀)တောင် ရေငုတ် သေဘာၤေ ဆာက်လို့ ရသေးဘူးးးးးးးးးးး ဘာလိုလဲ မမေးနဲ့ သိချင်ရင် စုံစမ်း. ..........
written by win kyi, July 05, 2011
Rail track (slip way) is used for ship building. It can be used as a carriage way for shifting heavy materials from ship to shore.
win kyi
win kyi
written by coolzy, July 05, 2011
The guy that I know back in Yangon told me once, government has a plan to build submarine in near future. Last year I went back and had a chance to meet him, he was so busy working there day and night. I asked him "where are you up to these days bro" and he said that "you know the one that I told you before, ya we are working on it with the help of NK technician"
So most likely it is the one.
So most likely it is the one.
written by :P, July 05, 2011
ဒီဆောင်းပါးက ရေငုတ် သဘောင်္ကို ရေထဲဆင်းေ ဆာက်ရ တယ်လို့ြေ ပာတာလား။ ဟုတ်မှာပါ။ လေယာဉ်ပျံတွေကို လေထဲမှာေ ဆာက်တာ မြင်ဘူးတယ်။
written by diamond, July 05, 2011
ရေငုတ် သေဘာၤေ ဆာက္တာ သေဘာၤကိုယ္ထည္ ကို ကွန်ပြူတာနဲ့ ဂေ ဟဆက်ရကြောင်း ၊ဂေ ဟဆက်ပြီးသား ကို
လေဆာေ ရာင်ခြည်ဖြတ်ပြီးေ လခိုမခို စစ်ဆေး ရကြောင်း၊ အဲ့ဒီလိုေ လ့လာဘူးကြောင်း ၊အဲ့ဒီ လိုမဟု တ်ရင်ရေမြှ ပ်သဘောင်္
ဖြစ် သွားနိုင်ေ ကြာင်း၊မြ န်မာပြည်ေ ရငုတ်သဘောင်္ ဒီဇိုင်းနာများအား ရှာရှည် ခဲ့ဘူး ပါတယ်။ ဒါေပမဲ့ဗ်ာေ ရငုတ္သေ ဘာၤလုပ္
တယ် ဆိုတာ အထူးအဆန်း မဖြစ်သင့်ပါ ဘူး၊သူ များနိုင်ငံတွေမှာ second world war မှာထဲက တို က်ပွဲဝင်သုံးေ နပါပြီ။မြ န်မာပြည်မှာ
လည်း ရှိသင့် ပါတယ်။ India မှာလ က်ရှိသုံးေ နတဲ့ပုံ စံကိုမှီညမ်းပြီးဒီဇို င်းဆွဲနေတာ ထ က်စာရင် အမေရိကန်ရဲ့ထ ရိုင်းဒ င့်ပုံစံ
ဆွဲရင်မကောင်းဘူး လားဟင်

Small and medium size ships are built on land (or built on carriage and its wheel rest on parallel track similar to rail-road and that parallel track with decline slope run into water). Ship is built completely on land and shift it to open water (by using rail track) for final touch up before she is going to make her maiden voyage.
Large ships need extra strong rail track. Easiest way is to built them inside tank-shape surrounding on land. When the whole vessel is completely built, the tank is filled with water and afloat vessel is shifted out to lower level where the tank water level is same as outside open water level after the tank water is pumped out and adjusted to have equal level with open water's level.
Last method is to built ship on carriage. After the ship's hull has been built, it can stay afloat on water. So hull alone is moved to open water (light weight because there is no other machinery and parts stuffed yet) and carry out the rest works.
Not to build ship, just used as carriage way for heavy materials from ship to shore.
In Thailand, there is only one leading ship-yard with top Myanmar engineers building ships and any one interested in ship building should visit there.
It is in Samut-prakan-Bangkok area.
Thanks and BR,
WK

written by tweety, July 05, 2011
ေ၇ငုပ္သေဘာၤေ ဆာက္ေတာ့ေ ကာင်းတာပေါ့ ဗျာ ။ ကောင်းကော င်း မကောင်းကောင်း ။ ဟုတ်ဟုတ် မဟုတ်ဟုတ် ။ သူ ဘာသာသူ ဘယ်လိုပဲ ဆောက်ဆောက် ဆောက်ပလေ စေ။ ဆောက်ပြီ ဆိုမှတော့ ကျွန်တော်တို့ နိုင်ငံ နဲ့ လူမျိုးတွေအ တွက် ဆောက်တာပေါ့ ဗျာ ။ ဘာလို့ ဗမာ လူမျိုး ဖြ စ်ပြီးတော့ ဗမာ့ ၇ဲ့ ဒီလို စီမံကိန်းတွေကို သူများတွေ သိအောင် လုပ်ချင်ေ န၇တာလဲ ။နော က်ဆုံးတော့ ကျွန်တော်တို့ ပဲ ကျီးလန့် စာစား ဘ၀နဲ့ တကယ့် သူများက ၀င်တိုက်၇င် ခံ၇အုံးမယ် ။
written by vertex, July 05, 2011
It's not build for Sub-marine.It's called Dry Dock for shipyard.
written by ကိုဖိုးတုတ်, July 05, 2011
မဟုတ်ဘူးဗျ အပေါ်ကလူ... ခင်ဗျား မှားနေပြီ။ သံလမ်း ဆိုမှတော့ ရထား ပဲဖြစ်မှာပေါ့ဗျာ။ အဲဒီတော့ ကျွန်တော် ထင်တာက ရေငုပ်ရထား ကျိတ်ပြီး ဆောက်နေ တာဖြစ်မှာဗျ။ သေချာ ပါတယ်ဗျာ။ ရန်ကုန် မန်း အထူး ရထားတွေက လမ်းေ ချာ်တာနဲ့၊ ဈေးရောင်းတဲ့သူေ တွနှော င့်ယှက်တာနဲ့၊ လမ်းဘေးက ခဲပေါက်တဲ့ ရန်နဲ့ ဆိုတော့ ရေအောက်က သွားမလို့ စဉ်းစားထား တယ်ထင်ပါ့။ အောင်မြင်ခဲ့ ရင်မြန် မာနိုင်ငံတော့ ပထမဆုံး ရေငုပ်ရထား တီထွ င်နိုင်တဲ့ နိုင်ငံအဖြစ်နဲ့ ကြော်ြ ကားလိမ့်ဦး မဗျို့ ......
written by NyoChaw, July 05, 2011
သံလမ်းေ ရအောက် ထဲ ဆီကို ဆင်ထား တာနဲ့ပဲ ရေထဲ သွားပြီး ရေငုတ် သေဘာၤေ ဆာက္ရတ ယ်ဖြစ်ရသေး။ သံလမ်းကို မိုးပေါ်များထောင် ထား တာတွေ့ရင် လေဘောလုံးေ ဆာက် တာပေါ့ .. အဲလိုလား .။ ဘယ် သဘောင်္ဆောက်.. ဆောက် ကုန်းေ ပ်ါမှာပဲ ဆောက်ပြီး... အားလုံြး ပီးစီးသွားမှ အဲဒီရင်ေ ဘာင် တန်းထားတဲ့ သံလမ်းေ ပ်ါကနေ ရေထဲကို လျှောချဖို့ သုံးမဲ့ လျှောလမ်းေ နမှာပါဗျာ။
Write comment
| < Prev | Next > |
|---|