အစိုးရတပ်များက KIA နယ်မြေ အတွင်းသို့ ချဉ်းကပ်လာပါက ခုခံတိုက်ခိုက်သွားမည် ဖြစ်ကြောင်း၊ ယခု ညွန် ကြားထားခြင်း သည် အပစ်အခတ်ရပ်စဲရေး သဘော မဟုတ်ကြောင်း ၎င်းက ဆိုသည်။ “အခိုင်အမာ ချထားတဲ့ အစိုးရ တပ်စခန်းကို ကျနော်တို့ သွားပြီးတော့ တိုက်ခိုက်တာမျိုးတော့ လုပ်မှာ မဟုတ်ဘူး”ဟု ဦးလနန်က ဆက်ပြောသည်။
ပြီးခဲ့သည့် ဇွန်လ ၃၀ ရက်နေ့က အစိုးရ တာဝန်ရှိသူများနှင့် ကချင်လွတ်လပ်ရေး အဖွဲ့(KIO) ခေါင်းဆောင် တချို့ အပစ် အခတ် ရပ်စဲရေးနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးပြီးနောက်ပိုင်း ယခုကဲ့သို့ ညွန်ကြားထားကြောင်း သိရသည်။
အစိုးရ အာဏာပိုင်များ ဘက်က အပစ်အခတ် ရပ်စဲရေးအတွက် ထပ်မံဆွေးနွေးရန် ယခုအချိန်အထိ အကြောင်းပြန်ကြား ခြင်း မရှိသောကြောင့် KIA ဘက်က စစ်ဆင်ရေးကို ခေတ္တရပ်ဆိုင်းထားရန် ဖြစ်နိုင်ကြောင်း စစ်ရေးလေ့လာသူ တဦးက ပြောသည်။
အပစ်အခတ်ရပ်စဲရေး နှင့် ပတ်သက်ပြီး တရားဝင် အထောက်အထား ခိုင်ခိုင်မာမာ ပြရန် KIO ဘက်က တောင်းဆိုခဲ့ရာ အစိုးရ ဘက်က အထက်ကိုတင်ပြမည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
ယင်း ဆွေးနွေးပွဲကို အစိုးရဘက်မှ ကချင်ပြည်နယ် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သန်းအောင် ဦးဆောင်၍ ကချင်ပြည် နယ် အမျိုးသားလွှတ်တော် အမတ် ဦးခက်ထိန်နန်၊ KIO က ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော် ဦးဆောင်သော ကိုယ် စားလှယ် အဖွဲ့များနှင့် တွေ့ဆုံခဲ့ကြသည်။
ပြီးခဲ့သည့် တပတ် စနေနေ့က ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်တွင် လှုပ်ရှားနေသော အစိုးရတပ် ခြေလျင်တပ်ရင်း ၂၉၀ မှ တပ်ကြပ်ကြီး အောင်ဇော်မိုး အပါအ၀င် တပ်သား ၅ ဦး KIA ထိန်းချုပ် နယ်မြေသို့ ၀င်ရောက်လာသောကြောင့် KIA တပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ပြီး နောက်တနေ့ ပြန်လွှတ်ပေးခဲ့ကြောင်း ဦးလနန်က ပြောပြသည်။
မြစ်ကြီးနားမြို့မှ ဗန်းမော်မြို့သို့ ခရီးသည် ကားများ ပုံမှန် ပြန်လည် ပြေးဆွဲနေပြီး တချို့ကုန်သည်များက လိုင်ဇာမြို့အထိကုန် ပစ္စည်းများ လာတင်ကြောင်း သိရှိရသည်။
အစိုးရက ကချင်ပြည်နယ် မိုးမောက်မြို့နယ် အတွင်းရှိ တာပိန် ရေအားလျှပ်စစ် စီမံကိန်း အနီးရှိ KIA တပ်များအား လုံခြုံရေး အရ စိတ်မချရဟု အကြောင်းပြကာ ထွက်ခွာရန်ပြောဆိုခဲ့ပြီး ဇွန် ၉ ရက်နေ့က စတင်၍ တိုက်ပွဲများ နေ့စဉ်နီးပါးဖြစ်ပွားခဲ့ကြ သည်။
ယင်းတိုက်ပွဲများကြောင့် ဒေသခံ ထောင်နှင့်ချီ၍ ထွက်ပြေး တိမ်းရှောင်ခဲ့ကြပြီး KIA ထိန်းချုပ်ဒေသများတွင် နေထိုင်းလျက်ရှိ ကြောင်း သိရသည်။
ယခင် စစ်အစိုးရနှင့် KIO သည် ၁၉၉၄ ခုနှစ်က စတင်၍ အပစ်အခတ်ရပ်စဲရေး ပြုလုပ်ခဲ့သည်။ ယမန်နှစ် အောက်တိုဘာလ အတွင်းက အစိုးရ သတင်းစာများ၌ KIA ကို “သောင်းကျန်းသူ”ဟု ပြန်လည်သုံးနှုန်းခဲ့ ပြီးနောက် အပစ်အခတ် ရပ်စဲရေးလည်း ပျက်ပြယ်ခဲ့သည်။
Comments (6)

written by Ko , July 07, 2011
To Min Htet Nay
“MaungMaung ဆိုသူသို့
written by မင်းထက်နေ, July 06, 2011
ကျနော်တို့ တိုင်းရင်းသား တွေကို အခွင့်အရေး များစွာ ပေးခဲ့ေ ပးပါပြီ။
သမိုင်းကို ပြန်ကြည့်ပါ။ မြန်မာပြည်ရဲ့ ပထမဆုံး သမ္မတက ဘယ်
တိုင်းရင်း သားလဲ။ ကာကွယ်ရေး ဦးစီးချုပ် ရာထူးလည်းေ ပးခဲ့ဘူးတယ်။
ဘာတွေဖြ စ်ကုန်တယ်ဆိုတာ သိမယ် ထင်တယ်။
ကျနော်တို့ မြန်မာပြ ည်မှာနေတုန်းက တော့ ဗမာမှ အလုပ် ခန့်မယ်ဆိုတာ
မျိုး မကြုံဘူးေ ပမယ့် အတိုက်အခံ အသိုင်း အ၀ိုင်း မှာတော့ ဗမာဆိုရင် အလုပ်မခန့်
ဘဲ အခြားတို င်းရင်းသား တွေမှ အလုပ်ခန့်တာ ကြုံဖူးတယ်။
ကျနော် ထင်တာတော့ အဲဒီ လူမျိုြး ကီးဝါဒ ကျင့်သုံးတာ ဗမာမဟုတ်ဘဲ ..
အခြား တိုင်းရင်းသားတွေ ဖြစ်မယ်လို ထင်တာပဲ။”
Due to your comment, I do not like it because even the Burmese government agreed the ethnic to be president in the past, how they planned to resign him you know? And then they planned to destroy our historical of palace / properties ( Keng Tung palace and the history of properties at Nyaung Shwe ). I would like to tell you that before you will tell anything about our ethnic groups please learn the true of Burmese history first…

written by U Rosy, July 07, 2011
Dont you think they are your enemy?
it is good to demolish enemy what ever wya you can and public good news to the people.
it is good to demolish enemy what ever wya you can and public good news to the people.
written by မင်းထက်နေ, July 06, 2011
ကျနော်တို့ တိုင်းရင်းသား တွေကို အခွင့်အရေး များစွာ ပေးခဲ့ေ ပးပါပြီ။
သမိုင်းကို ပြန်ကြည့်ပါ။ မြန်မာပြည်ရဲ့ ပထမဆုံး သမ္မတက ဘယ်
တိုင်းရင်း သားလဲ။ ကာကွယ်ရေး ဦးစီးချုပ် ရာထူးလည်းေ ပးခဲ့ဘူးတယ်။
ဘာတွေဖြ စ်ကုန်တယ်ဆိုတာ သိမယ် ထင်တယ်။
ကျနော်တို့ မြန်မာပြ ည်မှာနေတုန်းက တော့ ဗမာမှ အလုပ် ခန့်မယ်ဆိုတာ
မျိုး မကြုံဘူးေ ပမယ့် အတိုက်အခံ အသိုင်း အ၀ိုင်း မှာတော့ ဗမာဆိုရင် အလုပ်မခန့်
ဘဲ အခြားတို င်းရင်းသား တွေမှ အလုပ်ခန့်တာ ကြုံဖူးတယ်။
ကျနော် ထင်တာတော့ အဲဒီ လူမျိုြး ကီးဝါဒ ကျင့်သုံးတာ ဗမာမဟုတ်ဘဲ ..
အခြား တိုင်းရင်းသားတွေ ဖြစ်မယ်လို ထင်တာပဲ။

written by MaungMaung, July 05, 2011
မိမိတို့ မူလ ရပ်တည်ချက်အတိုင်း သွားပါ အားပေးပါသည် ကိုယ်က ကျူးလျှင် ကိုယ့်ဒူးတောင် မယုံရဘူး ဆိုတဲ့ စကား
ကြားဘူးတယ် မဟုတ်လား ဘယ်သူကိုမှမ ယုံပါနဲ့ လူမျိုးစု မုန်းတီးရေး အဆင့် ကိုတော့ မသွားစေချင်ပါ လူမျိုးကြီး
ဝါဒကိုတော့ တိုက်ဖျက် စေချင်သည် ဗမာသည်လူမျိုးကြီးဝါဒ ကျုင့်သုံး သူများသည် အထူးသဖြင့် အာဏာ ဆုပ်ကိုင်ထားသူများ ရာထူးရာခံ ရှိသူများ အစိုးရ၀ န်ထမ်း ဗမာ လူမျိုးများ ဖြစ်ကြပါသည်။
၎င်းတို့သည် အလိုလို တိုင်းရင်း သားများနှင့် အခြားသော လူများ ကို မျက်မုန်း ကျိုးတတ်ပြီး ရသည့် နည်းလမ်းဖြင့် နှိပ်စက်ခြင်း
ပညာပြခြင်း မခံချိမခံသာဖြစ်အောင် လုပ်ခြင်း စသည့် အခြေခံ လူအခွင့်အရေးများ ဆုံးရှုံးေ အာင် လုပ်တ တ်ကြသည်။

Write comment
| < Prev | Next > |
|---|

You need to target government officials to restricts their movement thus destroying communications line which is also an act of war.