ဒေါ်အောင်ဆန်းစုကြည် ဇူလိုင်လ ၆ ရက်နေ့ မနက်ပိုင်းက ပုပ္ပားဒေသသို့သွား ရောက်လည်ပတ်ပြီးနောက် ထိုနေ့ ညနေ ၅ နာရီ ၃၀ မိနစ်ခန့်တွင် ပုဂံမြို့သစ်အတွင်းရှိ “ဦးဘငြိမ်း” မြန်မာ့လက်မှုပစ္စည်း အရောင်းဆိုင်နှင့် Bagan House မြန်မာ့ လက်မှုပစ္စည်း အရောင်းဆိုင်များသို့ သွားရောက်လည်ပတ်စဉ် ဒေသခံများက အားပါးတရ နှုတ်ဆက်ခဲ့ခြင်း ဖြစ်သည်။
ဦးဘငြိမ်း အရောင်းဆိုင် ရောက်လာကတည်းက ပုဂံမြို့ခံများက သိရှိသွားပြီး ဆိုင်ကယ်များ၊ ဆိုက်ကားများဖြင့် လည်းကောင်း ခြေလျှင် လျှောက်၍၊ ပြေး၍လည်းကောင်း လာကြည့်ကြကြောင်း၊ အစပိုင်းတွင် အရပ်ဝတ်ရဲများက ကင်မရာနှင့် လိုက်ရိုက် သဖြင့် ဒေါ်အောင်ဆန်းစုကြည် အနားသို့ မသွားရဲကြသော်လည်း ဦးဘငြိမ်းဆိုင်ထဲမှ ကား ထွက်သွားသည့်အချိန်တွင် နောက်မှ ပြေးလိုက်ပြီး လက်ဝှေ့ယမ်း နှုတ်ဆက်ကြကြောင်း ပုဂံမြို့သစ် ဒေသခံတဦးက ပြောသည်။
ယင်းနောက် ဦးဘငြိမ်း အရောင်းဆိုင်နှင့် အနည်းငယ်ကွာဝေးသော Bagan House မြန်မာ့ယွန်းထည်နှင့် လက်မှုပစ္စည်း အရောင်းဆိုင်သို့ ဒေါ်အောင်ဆန်းစုကြည်က သွားရောက် ပစ္စည်းဝယ်ယူနေချိန်တွင် ဒေသခံ အများအပြားက ဒေါ်အောင်ဆန်းစုကြည်၏ ကားတန်းနောက်သို့ ပြေးလိုက်လာကြပြီး Bagan House လက်မှုပစ္စည်း အရောင်းဆိုင် ခြံဝန်းရှေ့တွင် မိနစ် ၂၀ ကျော်ကြာအထိ ၎င်းပြန်ထွက်အလာကို စောင့်ဆိုင်းခဲ့ကြသည်။
“လူတွေက ဦးဘငြိမ်းဆိုင်မှာ မနှုတ်ဆက်လိုက်ရတော့ အတင်းလိုက်လာတယ်။ ဒီတခါကျတော့ ဒေါ်အောင်ဆန်းစုကြည် ကားထွက်မယ့် လမ်းမကို ပိတ်ရပ်ပြီး နှုတ်ဆက်ဖို့စောင့်ကြတာ။ အနည်းဆုံး လူအုပ်က နှစ်ရာ၊ သုံးရာလောက် ရှိမယ်” ဟု ပုဂံမြို့သစ်တွင် ဆိုင်ကယ် ကယ်ရီ ပြေးဆွဲနေသူ မြို့ ခံတဦးက ပြောသည်။
လူအုပ်က “အမေစု” ဟု အော်ဟစ် နှုတ်ဆက်ကြသဖြင့် ဒေါ်အောင်ဆန်းစုကြည်က Bagan House လက်မှုပစ္စည်း အရောင်းဆိုင်ခြံဝန်းရှေ့မှ လူထုကို ပထမဆုံးအကြိမ်အဖြစ် နှုတ်ခွန်းဆက် စကားပြောကြားခဲ့ရာ ပုဂံဒေသခံများ ၀မ်းသာ ပျော်ရွှင်ကြသည်ဟု သိရသည်။
“အခုက သားအတွက်လာတဲ့ အလည်အပတ် ခရီးစဉ်မို့လို့၊ နောက်တကြိမ်ပုဂံကို လာဦးမယ်။ အဲဒီအခါကျရင် စကားတွေ အများကြီးပြောမယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပထမဆုံးအကြိမ်အဖြစ် ပုဂံဒေသခံများကို နှုတ်ခွန်းဆက်စကား ပြောဆိုသည်။

သားငယ်နှင့်အတူ ပုဂံဘုရားဖူး အလည်အပတ် ခရီးစဉ်သွားရောက်သည်ဟု ပြောဆိုထားသော ဒေါ်အောင်ဆန်းစုကြည်က လူထုကို နိုင်ငံရေးစကားတခွန်းမျှ ပြောကြားခြင်းမရှိဘဲ နှုတ်ခွန်းဆက်ခဲ့ခြင်းဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်က ပုဂံမြို့ခံများကို နှုတ်ခွန်းဆက်ချိန်တွင် ပုဂံလူထုက နောက်တခေါက် ပြန်လာရန် ဖိတ်ခေါ် လိုက်ကြပြီး “ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ” ဟု ပြိုင်တူ အော်ဟစ်ကာ ဒေါ်အောင်ဆန်းစုကြည်၏ ကားထွက်ခွာရာ နောက်သို့ ပြေးလိုက် နှုတ်ဆက်ကြသည်။
“တို့သမီး (ဒေါ်အောင်ဆန်းစုကြည်) ကို နှစ် ၂၀ အတွင်းမှာ ပထမဆုံးအကြိမ် ပြန်တွေ့ရတာ အရမ်းဝမ်းသာတယ်။ သူ့သားနဲ့ ပျော်ပျော်ရွှင်ရွှင် တွေ့ရတာ ကျေနပ်တယ်။ သမီးကလွဲရင် ဒီနိုင်ငံကို ဘယ်သူကမှ စုစည်း ညီညွတ်အောင် မလုပ်နိုင်ကြဘူး” ဟု ပုဂံမြို့သစ်မှ အသက် ၇၀ ကျော်အရွယ် ပန်းသည် အဘွားအိုတဦးက ဆိုသည်။
နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ပြီးနောက် ပထမဆုံးခရီးစဉ်အဖြစ် ပုဂံဒေသသို့ လာသောကြောင့် အလွန်ဝမ်းသာ ကျေနပ်ကြောင်း ဒေသခံအများစုက ပြောဆိုကြသည်။
“ကျေနပ်တယ်။ အမေစု လာမယ်ဆိုတာ သိကတည်းက ၀မ်းသာနေကြတာ။ အားလုံးပဲ။ အာဏာပိုင်တွေကို ကြောက်တဲ့ ကြားထဲက အမေစုကို သွားပြီး နှုတ်ဆက်ကြတာ” ဟု ညောင်ဦးမြို့မှ စက်သုံးဆီ ရောင်းဝယ်ရေး ပိုင်ရှင်တဦးက ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည် ပုဂံတွင် နေထိုင်ပြီး ဘုရားဖူးအလည်အပတ် ခရီးထွက်ချိန် ကားတန်းများနှင့် သွားလာသည့် အချိန်တိုင်း လမ်းမပေါ်မှ ဒေသခံများက လက်ဝှေ့ယမ်း နှုတ်ဆက်ကြသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ဇူလိုင် ၄ ရက်နေ့က ပုဂံသို့ရောက်ရှိခဲ့ပြီး ၈ ရက်နေ့တွင် ရန်ကုန်မြို့သို့ လေကြောင်းခရီးစဉ်ဖြင့် ပြန်လည်ထွက်ခွာမည် ဖြစ်သည်။
Set as favorite
Bookmark
Email this
Hits: 7283
Comments (16)

written by Mg Wai, July 08, 2011
အောက်က ကွန်မန့် နှစ်ခုက ရယ်ရတယ်။ ထားပါ။ MI5, CIA ဟုတ်စ။ အင်္ဂလိပ်နဲ့ အမေရိကန်ကျွန် ဖြစ်မယ်ပဲ ထားပါတော့။ သူတို့ရဲ့ကျွ န်ဖြစ်ရတာ တရုပ်ဆီမှာ မဝရေစာ ကျွန်ခံနေ ရတာထက်တော့ အများကြီး သာမှာပဲ။ မဖြစ်သေးတာကို မရေမရာနဲ့ ခြောက်မနေနဲ့ အခုတရု ပ်ကျွန်ဖြစ်ေ နတာကတော့ သေချာနေပြီ။
written by washington, July 08, 2011
wow.no wonder as I guessed you government & army hacker will post such comments here because your father army is jealous of Daw Su got the kindness from people.hey man! if want to get kindness and love from people you must treat them kindly.one good term deserved another.Mr haha! don't come and post meaningless comments here.colonial war by using weapons was left behind so far.nowadays era is competion of technology age.dont dream the toddler age.
written by တောသားလေး, July 08, 2011
“ဒေါ်စုကိုမမြ င်ဘူးလို့ လာကြည့်တဲ့ လူများ မှာပါ ။ဒေါ် စုနော က် လိုက်တွေက အဲလို လူအ များကြီး လာကြည့်တာနဲ့
ဘ၀င်တွေမြင့်။ အတွက်တွေ မှားနေလို့ ခုချိန်ထြိ ကာနေတာ။”
အဲဒီလိုေ ရးတဲ့ တင့်အောင် ဘရိန်းဝပ်ရှ် အလုပ်ခံရတာ ပြောင်တလင်း ခါသွားတယ်။
အာဏာ ရူးတွေဆို တနိုင်ငံလုံး အမိန့်တွေနှင့် မလာ မနေရ၊ မတက်မနေရ စတဲ့ အာဏာနှင့် အနိုင် ကျင့်တာကြတော့ မမြင်တတ်ဖူး။ ဒါကျမှ လူတတ်ကြီး လာလုပ်နေတယ်။
Common Scence ဒီလောက် ခေါင်းပါးေ နတာထောက်တော့ အာဏာရူး စစ်ခေါင်းဆောင်တွေကို ကိုးကွယ်တဲ့ xxx ပဲ ဖြစ်မယ်ပါ။ ဒီမှာလာပြီး မနာလို တိုရှည်ဖြ စ်နေသေး။

written by :), July 07, 2011
Then what???
If there is no pure, real, fair constitution, how could Army back DASSK legally?
MI5 or CIA??? then what??? Burma (or you would prefer to use Myanmar.. I know) is already kind of an unofficial province of China. So Chinese controls Burma. Hence, anyway our country is under another foreign expansionist, which is even worse/ dishonest.
There is nothing which is perfect. So as no one nor no country. Every country looks after its own interest. So if the West can't control our country, either China or Russia would come to get influence on us. Think of something. Which influence is better?? West or East/China.
MI5 might help DASSK come to Burma. Then what??
They need to counter China.
Don't forget that politics is always like this.
Ba Ba Khin Nyaunt??? Then what??
He might say whatever he wants which could be wrong or right.
He was saying that because he needed to counter DASSK's popularity (as a political Chess play).
If u get the chance, please ask him to give the honest answer whether. China's influence is better or the West's.
I'm sure that he would say the West's.

written by winter, July 07, 2011
ကြာတယ် ခင်ဗျား တိုက် လေ ကျုပ် နောက်က လိုက်မယ် ခင်ဗျားက ဝေဖန်ရေးေ တ်ာဒယ်
written by cho, July 07, 2011
written by တင့်အောင်, July 07, 2011
ဒေါ်စုကိုမမြ င်ဘူးလို့ လာကြည့်တဲ့ လူများ မှာပါ ။ဒေါ် စုနော က် လိုက်တွေက အဲလို လူအ များကြီး လာကြည့်တာနဲ့
ဘ၀င်တွေမြင့်။ အတွက်တွေ မှားနေလို့ ခုချိန်ထြိ ကာနေတာ။
မေးပါရစေ... .ဦးသန်းရွှေ လာရင်ရော အဲဒီလို ထွက်ကြည့်တဲ့လူ ရှိလား.. ..... .မလာမနေ ရေ ခ်ါထားတဲ့လူက လွဲလို.ပေါ့....

written by /kyawthan, July 07, 2011
လွတ်လပ်ေ သာနိုင်ငံေ တ်ာသစ်ကြီး အမြန်ဆုံးေ ရာက်ပါစေလို့ ဆုတော င်းချင်ပါတယ်
written by Myo Chit Thu, July 07, 2011
“တို့သမီး (ဒေါ်အောင်ဆန်းစုကြည်) ကို နှစ် ၂၀ အတွင်းမှာ ပထမဆုံး အကြိမ် ပြန်တွေ့ရတာ အရမ်း ၀မ်းသာတယ်။ သူ့သားနဲ့ ပျော်ပျော် ရွှင်ရွှင် တွေ့ရတာ ကျေနပ်တယ်။ သမီးကလွဲရင် ဒီနိုင်ငံကို ဘယ်သူကမှ စုစည်း ညီညွတ်အောင် မလုပ်နိုင်ကြဘူး” ဟု ပုဂံမြို့သစ်မှ အသက် ၇၀ ကျော်အရွယ် ပန်းသည် အဘွားအိုတဦးက ဆိုသည်။
The most I like best words at this news.
written by washington, July 07, 2011
army hacker no post comment here?I want to see what will they post about people welcome Daw Su.
written by Haha, July 07, 2011
How about MI5 and CIA??? By the way, behind DASSK, there is no army or well organized organization, then how can she lead the country?? Even General Aung San got killed by the murders, all the people know that she can't control the country plus in 1988, MI5 helped her to come to Myanmar that is why NIB of Myanmar can't help DASSK to get the power. Baba Khin Nyaunt knew about this case, SE Than Shwe and U Aung San Oo also knew that Mi5 reminded behind DASSK, yo the situation is more complex than the previous situation
written by တင့်အောင်, July 07, 2011
ဒေါ်စုကိုမမြ င်ဘူးလို့ လာကြည့်တဲ့ လူများ မှာပါ ။ဒေါ် စုနော က် လိုက်တွေက အဲလို လူအ များကြီး လာကြည့်တာနဲ့
ဘ၀င်တွေမြင့်။ အတွက်တွေ မှားနေလို့ ခုချိန်ထြိ ကာနေတာ။
ဘ၀င်တွေမြင့်။ အတွက်တွေ မှားနေလို့ ခုချိန်ထြိ ကာနေတာ။
written by diamond, July 07, 2011
ဝမ်းမြောက် ၀မ်းသာေ ကျန ပ်နေတြဲ့ ပည်သူတွေရဲ့ ရုပ်ပုံတွေကိုေ သသေချာ ချာကြည့်ရင် စစ်အ စိုးရနဲ့ သူ့ရဲ့ေ နာက်မြီးဆွဲတွေ လဲသေလို့ရတယ်။
written by တောသား, July 07, 2011
ပုဂံဘုရားဖူး ထွက်တုံး ပြည်သူ လူထုက တခဲနက်ြ ကိုဆိုတာကို ဟိုလူကြီြး မင်ပြီး မနာလြို ဖစ်လို့ အထဲပြ န်ထည့်နေအုံးမယ်။
written by Pyi Chit Thar, July 07, 2011
ကဲ ပြည်သူ ချစ်တာ ဘယ်သူလဲ။ ပြည်သူတွေ ယုံကြည်တာ ဘယ်သူလဲ ၊လက်တွေ့ မြင် တာတောင် ဟိုပု တ်သင်ညိုတွေ၊ ပုတ်သင်ညို လူထွက်တွေက မုံလာဥ လုပ်မယ်၊ တိုင်းပြည်ကို သူတို့ ဘဲ ချစ်သလိုလိုေ တွ၊ပြည် သူတွေကဘဲ သူတို့ ကိုချစ်သယော င်၊မျက်နှြာေ ပာင် အရှက် မရှိ လျောက်ေ ရးအုးံ
ဒို့ အမေကို ဒို့ချစ်တယ် ၊အမေစု ကလဲ ပြည်သူကိုချ စ်တယ်။ ကဲ ဟိုအကောင်တွေ ဒို့ရင် ထဲမြင်ပီလား။
ဒို့ အမေကို ဒို့ချစ်တယ် ၊အမေစု ကလဲ ပြည်သူကိုချ စ်တယ်။ ကဲ ဟိုအကောင်တွေ ဒို့ရင် ထဲမြင်ပီလား။
written by Minn, July 07, 2011
တကယ်ပါ။ ပြည်သူ လူထုတွေရဲ့ မျက်နှာပေါ်က ချစ်ခြင်းေ မတ္တာတွေဟာ ဒေါ်အောင် ဆန်း စုကြည် အပေါ်မှာ ဘယ်လိုရှိ
တယ် ဆိုတာ သတင်း ဓါတ်ပုံမှာ မြင်ရရုံနဲ့ ၀မ်းသာ လွန်းလို့ မျက်ရည်တောင် လည်မိတယ်။
အမိန့်အာဏာနဲ့ လက်အုပ်ကေ လးတွေ မချီချင်ပဲ ချီပြီး ကြိုဆိုရ တာတွေကို တွေးမိတော့ အတော် ရင်နာမိတယ်။
အစိုးရ လူတွေက သူ့တာဝန်အရ သတင်း တင်ရမှာမို့ ဓါတ်ပုံ ရိုက်တဲ့ အပေါ် မကြောက်ကြပါနဲ့။ သူ့အလုပ် သူလုပ် ကိုယ့်
အလုပ်ကိုယ် ရဲရဲ လုပ်ကြပါလို့ အားပေး လိုက်ပါတယ်။

Write comment
| < Prev | Next > |
|---|