NLD အမှု ကုလသို့ တင်မည်

E-mail Print
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) သည် နိုင်ငံရေးပါတီအဖြစ် တရားဝင် ရပ်တည်နိုင်ရေး အတွက် ကုလသမဂ္ဂထံ ရက်ပိုင်းအတွင်း တင်ပြသွားမည်ဟု NLD၏ ဥပဒေအကြံပေး အဖွဲ့မှ ဦးဉာဏ်ဝင်းက  ယနေ့ ပြောလိုက်သည်။

DASSK-at-High-Court“ဒီကိစ္စက ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ တင်ပြဖို့ အတွက် ကျနော်တို့ ဥပဒေ အကြံပေးအဖွဲ့က ရေးသားပြုစုတာ အားလုံး အဆင်သင့် ဖြစ်ပါပြီ။ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် လူကြီးတွေ အားလုံး (တက်ရောက်တဲ့) အစည်း အဝေးမှာလည်း တင်ပြလိုက်ပါပြီ” ဟု ဦးဉာဏ်ဝင်းက ဧရာဝတီကို ပြောသည်။

တနင်္လာနေ့က စတင်ပြီး ၂ ရက်တာ ကျင်းပခဲ့သော NLD ခေါင်းဆောင်တို့၏ အစည်းအဝေးတွင် ထိုတိုင်ကြားစာကို သဘောတူကြောင်း ဆုံးဖြတ်ခဲ့ပြီး အနည်းငယ် ပြင်ဆင် ရေးသားနေသည် ဟု ဆိုသည်။

တိုင်ကြားစာတွင် လူ့အခွင့်အရေး ချိုးဖောက်မှု အချက် ၄ ချက်ကို  စုစည်း ပြုစုထားသည်ဟု ဦးဉာဏ်ဝင်းက  ပြောသည်။

၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရပါတီ ဖြစ်သော်လည်း  နှစ်ပေါင်း ၂၀ ကျော် ဖိနှိပ်ခံနေရခြင်း၊ နိုင်ငံရေးပါတီ တရပ်၏ ရပိုင်ခွင့်များ ချိုးနှိမ်ခံနေရခြင်း၊ ဒီပဲယင်းတွင် ဒေါ်အောင်ဆန်းစုကြည်၏ ကားတန်း ရန်ပြုတိုက်ခိုက်ခံရခြင်းနှင့် ပါတီဝင်တချို့ သတ်ဖြတ်ခံရခြင်း၊ နိုင်ငံသားများက နိုင်ငံအုပ်ချုပ်သူကို ရွေးချယ်ခွင့် မရခြင်း စသည့် အချက်များ ပါဝင်သည်ဟု ဆိုသည်။

ရွေးကောက်ပွဲ ကော်မရှင်သစ်က NLD တရားဝင်တည်ရှိမှု ပျက်ပြယ်ကြောင်း ၂၀၁၀ စက်တင်ဘာလ ၁၄ ရက် နေ့စွဲဖြင့် ကြေညာခဲ့သည်။

NLD က မြန်မာနိုင်ငံ တရားရုံး အဆင့်ဆင့်တွင် ဥပဒေကြောင်းအရ ရင်ဆိုင်ရာ အောင်မြင်မှု မရခဲ့ပေ။

နိုင်ငံအတွင်း ဥပဒေကြောင်းအရ ဆက်လက် လုပ်ဆောင်ရန် နည်းလမ်း ကုန်သွားပြီဖြစ်သောကြောင့် ကုလသမဂ္ဂ၊ လူ့အခွင့်အရေး ကောင်စီထံ တင်ပြရန် စီစဉ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ဇွန်လ ၂ ၉ ရက်နေ့တွင် အစိုးရသစ် ပြည်ထဲရေး ၀န်ကြီးက NLD ပါတီ တရားမ၀င်တော့ကြောင်း အကြောင်းကြားစာ ပေးပို့ခဲ့သည်။

ပါတီ တရားဝင် တည်ရှိမှုနှင့် ပတ်သက်ပြီး NLD နှင့် အစိုးရ ရှုမြင်ပုံ ကွာခြားနေသည့်အတွက် ညှိနှိုင်း အဖြေရှာကြရန် NLD အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်က အကြောင်းပြန်ကြားခဲ့သည်။

ဤအတောအတွင်း NLD ၏ ၂ ရက်ကြာ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ အစည်းအဝေးတွင် ပါတီ စတင် တည်ထောင်ခဲ့စဉ်ကစ၍ ယနေ့အထိ ကြုံတွေ့ရသော အခြေအနေများ အကြောင်းကို  ပြန်လည် သုံးသပ်ကြပြီး အနာဂတ်အတွက် ဆွေးနွေးကြကြောင်း ပါတီ NLD ပြောခွင့်ရ ပုဂ္ဂိုလ်တဦး ဖြစ်သည့် ဦးအုန်းကြိုင်က ပြောသည်။

ဆက်စပ်သတင်း

Comments (1)Add Comment
0
မြန်မာတွေသတ္တိရှိကြ င်ဖြင့်.....
written by seinki, August 04, 2011
နိုင်ငံရေး ပါတီတခု ရပ်တည်နိုင်စွမ်း ဆိုတာ အဲဒီနိုင်ငံရဲ့ ပြည်သူတွေ အပေါ်မှာ အဓိက မူတည်တယ် လို့ ထင်တယ်။
လူထု ထောက်ခံမှု့ မရှိတဲ့ ပါတီ တရပ်ဟာ သူ့ အလို လိုပြိုကွဲ သွားမှာဖြစ်ပြီး လူထု ထောက်ခံတဲ့ ပါတီ တရပ်ဟာ လူထုအကြားမှာ ရေးပန်းစားမှာ သဘာဝဘဲ။ အခု NLD ပါတီ ဟာ တရား မဝင်ဘူးလို့
တရားရုံးက ဆုံးဖြတ်ချက်ချလိုက် အတည်းက ဟာ အစိုးရက NLD ရဲ့နောက်မှာ လူထု ဘယ်လောက် ရှိသလဲဆိုတာ
စမ်းသပ်လိုက် တာဖြစ်ပါတယ်၊ အဲဒီ အချိန်ကသာ လူထုက တရားရုံးရှေ့တို့ NLD ရုံးရှေ့တို့မှာ နေ့စဉ်ရက်ဆက် ဆန္ဓပြတာ တို့ လုပ်ခဲ့ရင် NLD ခမျာ အခုလို အားကိုး မရတဲ့ UN ကြီးကို အားကိုးတကြီး လှမ်း
တိုင်နေစရာတောင် မလိုဘူး ထင်တယ်၊ အခုလို အစိုးရက NLD ကို အနိုင် ကျင့်နေတာ ကို လက်ပိုက် ကြည့်ပြီး NLD ဘက်က မထောက်ခံ ရဲေ လာက်အောင် မကြောက်ကြဘဲ ကြောက်ရင်လွဲ
ရဲရင် မင်းဖြစ် ဆိုတဲ့ စကားအတိုင်း ကျွန်သက် မရှည်ရေ လအောင် ကိုယ့်အား ကိုယ်ကိုးပြီး မြန်မာတွေ သတ္တိရှိကြရင်ဖြင့် .....

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်