ဖြစ်ပွားပုံမှာ ရွှေလက်လှရပ်ကွက်နေ ကိုထွန်းထွန်းဝင်းတို့ လင်မယား ရန်ဖြစ်၍ ရဲစခန်းရောက်ရှိသွားသည်ကို ကိုအောင်မင်းစိုးမှ လိုက်လံ၍ ကျေအေးရန် ပြောဆိုခဲ့ရာမှ တာဝန်ကျ ဒုရဲအုပ် ဇော်မျိုးမြင့်နှင့် စကားများပြီး ၀ိုင်းဝန်းကန်ကျောက် ထိုးကြိတ်ခံရခြင်း ဖြစ်ကြောင်း ကိုအောင်မင်းစိုး၏ မိသားစုဝင်တဦးဖြစ်သူ ဦးမောင်မောင်ကြီးက ဧရာဝတီသို့ ပြောသည်။
“တာဝန်ကျက နောက်မလာနဲ့၊ အလုပ်ရှုပ်တယ်ပြောတော့ သူက ပြဿနာတက်ရင်တော့ လာမှာပဲဆိုပြီး ပြန်ပြောလို့ လက်ထိပ် နောက်ပြန်ခတ်ပြီး ၀ိုင်းရိုက်တာ” ဟု ၎င်းက ဆိုသည်။
ဝိုင်းဝန်းရိုက်နှက်သူများမှာ နယ်ထိန်းအရာရှိ ဒုရဲအုပ် သက်သာ၊ ရဲသားများဖြစ်သည့် ထင်လင်းအောင်၊ အောင်ကျော်ကျော်၊ ငြိမ်းချမ်း စသူတို့ ပါဝင်ကြောင်း၊ အနားတွင်ရှိသည့်သူများမှ ၀ိုင်းဝန်းအော်ဟစ်မှသာ ရိုက်နှက်မှုကို ရပ်တန့်လိုက်ကြောင်း ဦးမောင်မောင်ကြီးက ပြောသည်။
ထိုးကြိတ်ရိုက်နှက်မှုကြောင့် ကိုအောင်မင်းစိုးမှာ မေးရိုးနှင့် နံရိုးတွင် ဒဏ်ရာပြင်းထန်စွာ ရသွားသော်လည်း ဆေးကုသခွင့်မပေးဘဲ တာဝန် ၀တ္တရားနှောက်ယှက်မှု ပုဒ်မ ၃၃၃၊ ဆဲဆိုမှု ပုဒ်မ ၂၉၄၊ ခြိမ်းခြောက်မှု ပုဒ်မ ၅၀၆ တို့ဖြင့် အမှုဖွင့်ကာ ပြည်မြို့ အကျဉ်းထောင်တွင် ချုပ်နှောင်ထားကြောင်း၊ လာမည့် ၁၃ ရက်နေ့တွင် အမှုကို ရုံးတင်စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။
ထိုဖြစ်ပွားမှုနှင့် ပတ်သက်၍ ဧရာဝတီက ပြည်မြို့ အမှတ် (၁) ရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ တာဝန်မှူး ဒုရဲအုပ် မင်းဇော်က ဖြေဆိုရန် ငြင်းဆန်ခဲ့သည်။
ရဲတပ်ဖွဲ့ဝင်များ၏ တရားလက်လွတ် ပြုမှုများနှင့်ပတ်သက်၍ မိသားစုက တရားစွဲမည် ဖြစ်ကြောင်း၊ သမ္မတ၊ ပြည်ထဲရေးဝန်ကြီးနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ်သို့လည်း စာရေးသား တိုင်ကြားမည်ဖြစ်ကြောင်း ပြည်မြို့ရှိ လူအခွင့်အရေး ချိုးဖောက်မှုများကို စောင့်ကြည့်လေ့လာနေသည့် ကွန်ရက်အဖွဲ့ဝင်တဦးက ပြောသည်။
Comments (13)

written by KKK, September 06, 2011
ကိုမျိုးချစ်ရေ- စာကိုဆုံးအောင်ရေးလေ၊ ဆန့်ငင်ဆန့်ငင် မလုပ်နဲ့။
ယောင်္ကျား ရင့်မကြီးမို့ လက်သီးနဲ့ ထိုးတာပေါ့၊
ယောင်္ကျား ရင့်မကြီးမို့ လက်သီးနဲ့ ထိုးတာပေါ့၊
written by Ko Htake Tang, September 06, 2011
ပြည်သူ့ရဲဆိုတာ ပြည်သူ လူထုဘက်က နားမလည်တာ မှားယွင်း တာရှိရင်တောင် စိတ်ရှည်စွာ ရှင်းပြ နားချ ကူညီလုပ်ရ
ပါမယ်၊ ထစ်ကနဲရှိ ငါတို့က လက်နက်ကိုင်ပဲ ပုဒ်မအမျိုးမျိုး တပ်ချင်ရာ တပ်ပြီး ချက်ချင်း အမှုဖွင့်လို့ရတဲ့ အဖွဲ့အစည်းဆို
လက်လွတ်စံပယ် မလုပ်သင့်ပါဘူး။ ပြည်သူတစ်ယောက်ရဲ့ စာရိတ္တ၊ အကျင့်ပျက်မှု၊ မတရားမှု၊ တွေဟာ တစ်ဦးစီမှာရှိရင်
တောင် တစ္ခုစီေ လာက္ပဲရွိမွာပါ၊ ကိုယ္က်င့္သိကၡာေ ကာင်းသင့်တဲ့ ပြည်သူ့ရဲ ဆိုတာမှာ ပြည်သူတွေထက် သာတဲ့ အကျင့်သီလ၊ သိက္ခာ ၊ တရားမျှတမှု၊ တာဝန်ကျေမှုတွေ ဘယ်လောက် ရှိသလဲ။ ကိုယ့်ဖာသာေ ၀ဖန်ဆန်းစစ်တတ်
အောင် အရင်ဆုံြး ကိုးစားပါလို့ သတိပေးပါရစေ၊ မေးလိုက်တဲ့ အခါကျတော့ သတ္တိရှိရှိ ဘာလို့ မဖြေရဲတာလည်း၊ ခံရ
သူဘက်က တရားပြန်စွဲတာကို အမှန် အတိုင်းဖြစ်စေဖို့ ကြိုဆိုနေပါတယ်။

written by aaa, September 06, 2011
လူရိုးလူကောင်းတွေရဲ့ ၉၀% ဟာ၊ယူနီဖောင်းေ ပးဝတ်လိုက်တာနဲ့
စိတ်ဖောက်ပြန် ကုန်တာပါပဲ။
၅%လောက်က အ၇င်အတိုင်းပဲ။
၅%လောက်ကတော့ အ၇င်ထက် ပိုမြင့်မြတ်လာ တတ်တယ်။
စိတ်ဖောက်ပြန် ကုန်တာပါပဲ။
၅%လောက်က အ၇င်အတိုင်းပဲ။
၅%လောက်ကတော့ အ၇င်ထက် ပိုမြင့်မြတ်လာ တတ်တယ်။
written by Shwekyokyar, September 06, 2011
ဒီကိစ ပြသနာရင်ြး မစ်ရှိပါလိမ့်မယ်။ ဘာမှမဟုတ်တဲ့ မာနစကားတွေ အားပြိုင်ကြတာနေမှာပါ။ ရဲလည်း နှလုံးသားနဲ့လူ။ ခံစားတတ်တဲ့လူပါ။ ဘာမှ မဟုတ်တဲ့ အလုပ်အ ကိုင်မရှိတဲ့ အရပ်ထဲ စွာကျ ယ်ကျယ်ကောင်ကေ တာင်ခံပြင်းသေးရင် ပုခုံးမှာ အပွင့်တင်ခွ င့်ရထားတဲ့သူက မာနပိုရှိပေမပေါ့။ ရဲတွေ လာဘ်စား ၊ ခွင်ဖန်တာကတော့ တို့မြန် မာပြည်ကြီး ပျက်နေပြီမို့ တစ်တိုင်းလုံး တစ်ပြည်လုံး အမြီးကျက် အမြီးစား၊ ခေါင်းကျ က်ခေါင်းစား ဖြစ်နေပြီ။ ဌာနတိုင်း ငွေရှာ၊ လူတိုင်း ရသလိုငွေရှာနေတာ။ တို့ကချင်ပြည်နယ်မှာ လူကြီးကို ပိုင်တော့ နေရာကောင်းမှာ မြေလွတ်မြေရိုင်း ဧက သောင်းချီလျှောက်၊ ပြီး ဘာပင်မှ မစိုက်၊ သစ်ပင်တွေခုတ်ရောင်း၊ ထင်းအဖြစ်နဲ့ေ တာင်ခုတ်ရောင်းတယ်၊ ပြီးတော့ ရသလောက်နဲ့ ခြံကိုပြန်ေ ရာင်းသတဲ့၊ လုပ်စား တတ်တဲ့ သူများပြောပါတယ်။ သတုလုပ် ကွက်တွေလည်း အများကြီး၊ တစ်ဆင့်ပြ န်ရောင်း ငွေအိတ်ဖောင်း သွား သူတွေအများကြီး၊ အစိုးရကို သွင်းရမယ့် ရွှေတွေ အများကြီးကြွေးကျန် ပစ်ထားခဲ့ရော--
written by aung myo myo, September 06, 2011
များသော အားဖြင့်ပေါ့..တော်တော့်ကို များတဲ့ ရာခိုင်နှုံးပါ။ 0.0001 လောက်ပဲ ရှိမလားတောင်မ သိပါဘူး။ အဲ့ဒီ ရဲတပ်ဖွဲ့ ဆိုတဲ့အထဲမှာ ပညာတတ်တဲ့သူ။ တိုင်းပြည်ကိုချစ်တယ်ဆို တဲ့စကားကို နားလည်တဲ့သူ။ နောက်ပြီး ပြည်သူ့လုံခြုံေ ရးကိုတာဝန်ရှိတ ယ်လို့နားလည်တဲ့သူ အတော့်ကို စိတ်ဆင်းရဲစရာေ ကာင်းအောင်ရှားပါးလွန်း တာဗျ။ လေ့လာ မိသလောက်တော့ မိမဆုံးမ ဖမဆုံးမ။ သူတို့အချုပ်ထဲ အမှုရှာထ ည့်ထည့်နေတဲ့ ခိုးဆိုးနှို က်ခါး တွေထက်တောင် အဆင့်နိမ့်ေ သးတယ်။ စာမတတ်ပေမ တတ်တွေက များပါတယ်ဗျာ။ မတတ်သာလွန်းလို့ စာရိတ္တကို ခဏပျက်ရတဲ့ ပညာတတ်တွေ တိုင်းပြည် အခြေအနေကြောင့် အများကြီး ရှိခဲ့ရပါတယ်။ ဒင်းတို့ကတော့ ......... တကယ့်ကိုရွံ စရာတွေပါ။
written by ???????????, September 06, 2011
ကူညီပါရစေ ဆိုတာနဲ့တော့ လားလားမှ မထိုက်တဲ့ စာသားပဲ....
အဲလိုတွေ လုပ်နေလို့ကတော့ ပြည်သူတွေ ဆူပူအုံးမယ်နော်.....
အဲလိုတွေ လုပ်နေလို့ကတော့ ပြည်သူတွေ ဆူပူအုံးမယ်နော်.....
written by ကိုမျိုးချစ်, September 06, 2011
ယောက်ျားရင့်မကြီး မို့ လို့ ထိုးတာ ။အမျိုးသမီးသာ ဆိုရင်... ...... ............ .....
written by တောသား, September 06, 2011
ရဲနဲ့ စစ်သားတွေရဲ့  ဥပဒေမဲ့  ညှင်းပန်းနှိပ် စက်မှုပေါ င်းများလှပါပြီ။ ဘယ်တော့မှ အရေးယူကြမှာလဲ။
written by Watchgod, September 06, 2011
ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်ကို အနီးကပ် ကူညီစောင့်ရှောက် ကာကွယ်ပေးဖို့ ရဲတပ်ဖွဲ့ကို ဖွဲ့စည်း ထားတာလို့ နားလည်ပါတယ်။ ပြည်သူနဲ့ တစ်သားတည်းနေပြီး ပြည်သူရဲ့ အကူအညီနဲ့ ရဲတပ်ဖွဲ့ဝင်များဟာ ဒုစရိုက်သမားတွေကို နှိမ်နင်းဖိြု့ ဖစ်ပါတယ်။ တစ်နည်းပြောရရင် လုံခြုံရေးဝန်ေ ဆာင်မှုပေးရသူေ တွလည်းဖြ စ်ပါတယ်။ ပြည်သူကို အနိုင်ကျင့်ေ စ်ာကားတာ ဒါမှမဟုတ် ဥပဒေဘောင်ပြင်ပ က တရားလက်လွတ် တုံ့ပြန်မှုတွေဟာ အလွန်ေ အာက်တန်းကျပါတယ်။ ရဲတပ်ဖွဲ့ဝန်များရဲ့ တာဝန်နဲ့ ၀န်ဆောင်မှု အပိုင်းမှာ ချွတ်ချော်နေတယ်ဆိုတာ ဒီလိုဖြစ်ရပ်တွေကို ကြည့်ရင် ထင်ရှားပါတယ်။ ဒါကို အာဏာ လက်ကိုင်ယူထားသူ များစဉ်းစား ပြုပြင်ပေးေ စချင်ပါတယ်။
written by မောင်ကောင်း, September 05, 2011
မောင်ကောင်းတို့ မြန်မာနိုင်ငံေ တ်ာကြီးမှာ ပြည်သူ့ရဲ ပုလိပ်တွေ စစ်ကြောရေးမှာ အင်မတန်ရိုင်း စိုင်းစွာနဲ့ တရားခံ မဟုတ်တဲ့သူကို တရားခံအဖြစ် ဝန်ခံလာအောင် အမျိုးမျိုး နှိပ်စက် စစ်ကြောေ နကြတာတွေ မီဒီယာတွေမှာ
တင်ပြနေကြေ ပမယ့်လဲ အခုအထိ ဒုံရင်း ဒုံရင်း အတိုင်းပါပဲ - ရဲသားပု လိပ်တွေဟာ တရားခံကိုစ စ်ကြောဖို့အတွက်
အရက်အမူးေ သာက်ပြီးမှသွေး ဆူလာပြီး ရို က်နှက်စ စ်ဆေးနိုင်ကြောင်း ပုလိပ် တယောက်က မောင်ကောင်းကိြုေ ပာ ဘူးတာလေး ကိုယ်တွြေ့ ကားမိပါ၏ -

written by MaungMaung, September 05, 2011
ဟု ရှေးကျမ်းဂ န်များက ဆိုလေသည်။ ပုံ ဆားပုလင်းနှ င်းမောင်... ..ရဲဆိုတာ လက်ရဲဇက်ရဲ နိုင်သူများဖြစ်သည်။ ရဲဆိုသူ
များသည် ဥပဒေ ပုဒ်မ အမျိုးမျိုး အကြုံးဝင်အောင် လုပ်ရဲသည်။ ဘာရဲဖြစ်ဖြစ် သရဲမရဲ စီးတတ်သည်။ ဘယ်ဟာမှအပြစ်
မလွတ် လက်ထိ ပ်မြဲအောင် လုပ်တတ်သည်။ အရပ်သား အစိုးရ အုပ်ချုပ်နြေ ပီဖြစ်၍ မြို့နယ်ေ ကျးရွာ ရပ်ကွက် များကို
ရဲများမှသာ ထိန်းချုပ် ကွပ်ကဲတော့မည်ဟု ဆောင်းပါး တစ်ပုဒ်က ဆိုလေသည်။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် ဖြစ်ရေး ဒို့အရေးပင်ြ ဖစ်လေတော့သည်။ အဘယ်ကြောင့် ဆိုသော် ငိုစားရယ်စား ၀င်ငွေကောင်းမည့် အလုပ်အကိုင်ပင်ြ ဖစ်လေ
သတည်း။ြ မန်မာအပေါင်း ဒုက္ခ ကောင်းကောင်းရောက်ရန် မလိုတော့ပြီ။ ဘုရား.. .တရား. ...သံဃာ ...မိဘ.. ဆရာ...ရဲ ဟူ၍ အနန္တောအနန္တ ခြောက်ပါး ဖြစ်ချေပြီတကား။

Write comment
| < Prev | Next > |
|---|

ထစ် ကနဲ့ ဆို ခံ ခဲ့ ၇ပြိ