UWSA အတွင်းရေး ၀ီကီလိတွင် ဖော်ပြ
E-mail Print
ဝ ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) တွင် အမေရိကန်လုပ် မြေပြင်မှ ဝေဟင်ပစ် ဒုံးလက်နက် ၃၀ ထက် မနည်း ပိုင်ဆိုင်ထားသဖြင့် အစိုးရ စစ်တပ်က တိုက်ခိုက်လာလျှင် မှုစရာ မလိုဘဲ အသာစီးရမည်ဟု အဖွဲ့၏ တာဝန်ခံတဦးက ပြောဆိုကြောင်း ၀ီကီလိ (wikileaks) အင်တာနက်စာမျက်နှာတွင် သောကြာနေ့က ဖော်ပြခဲ့သည့် လျှို့ဝှက်ကြေးနန်းစာတစောင်တွင် ရေးသားထားသည်။
UWSAheadquater400ရန်ကုန်မြို့ အမေရိကန်သံရုံးမှ သံရုံးအရာရှိ Marc Shaw က ၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီလတွင် အမေရိကန်နိုင်ငံခြားရေး ဌာနသို့ ပေးပို့ခဲ့သော အစိုးရ၏ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး အစီအစဉ်အား UWSA က လက်မခံကြောင်း ဖော်ပြထားသည့် လျှို့ဝှက်အစီရင်ခံစာတွင် ထိုသို့ ရေးထားခြင်း ဖြစ်သည်။
သောကြာနေ့တွင် ၀ီကီလိခ်က ဖွင့်ချလိုက်သည့်  အမေရိကန်နိုင်ငံခြားရေးဌာန၏ လျှို့ဝှက်အစီရင်ခံစာများတွင် ရန်ကုန်မြို့ အမေရိကန် သံရုံးက ပေးပို့သည့်  မြန်မာနိုင်ငံနှင့်ဆိုင်သော သတင်း အချက်အလက် အများအပြား ပါဝင်နေသည်။
အမေရိကန် သံရုံး တာဝန်ရှိသူတို့နှင့် တွေ့ဆုံခဲ့သည်ဟု ဆိုသော  ဦးစိုးသန်းသည် မန္တလေးတက္ကသိုလ် ဘွဲ့ရခဲ့သူတဦးဖြစ်ကာ UWSA ခေါင်းဆောင်များနှင့် မြန်မာအစိုးရ တာဝန်ရှိသူများအကြား သံတမန် တဦးကဲ့သို့ သူ့ကိုယ်သူ ပြောဆိုသည်ဟု လျှို့ဝှက် အစီရင်ခံစာက ဆိုသည်။
UWSA သည် ငွေကြေး အကူအညီကို  တရုတ်နိုင်ငံမှ ရယူခဲ့သည် ဟူသော ဦးစိုးသန်း၏ ပြောကြားချက်ကိုလည်း ကိုးကားထားသည်။
UWSA ဌာနချုပ်သည် ရှမ်းပြည်နယ်မြောက်ပိုင်း  ပန်ဆန်းဒေသ၌ တည်ရှိပြီး  မိုင်းတုံ၊ ပုံပါကျင် စသည့် မြို့နယ်များတွင် ၎င်းတို့၏ တပ်ဖွဲ့ဝင်များ လှုပ်ရှားလျက်ရှိသည်။ ၀-တပ်ဖွဲ့သည် မြန်မာနိုင်ငံရှိ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ အနက် အင်အားအကောင်းဆုံး တပ်ဖွဲ့ ဖြစ်သည်။  တပ်သား အင်အား သုံးသောင်းဝန်းကျင်နှင့် အရံအင်အား တသောင်း ရှိပြီး  စစ်ရေးအင်အားတောင့်တင်းလာခြင်းကို မြန်မာအစိုးရက စိုးရိမ်ခဲ့သည်ဟု အစီရင်ခံစာက ဆိုသည်။
UWSA သည် ယခင် နအဖ စစ်အအစိုးရလက်ထက်တွင် ငြိမ်းချမ်းရေးရယူခဲ့သည်။ ၂၀၀၉ ခုနှစ်တွင် အစိုးရက ကမ်းလှမ်းသည့် နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရေးကို လက်ခံခြင်း မရှိသော ၎င်းတို့၏ မူဝါဒအား အမေရိကန်အစိုးရကို သိစေလိုပုံရသည်ဟု အစီရင်ခံစာတွင် ရေးထားသည်။
ရန်ကုန်မြို့၌ UWSA ပိုင်ဆိုင်သော စီးပွားရေး ကုမ္ပဏီ ၂၀ ၀န်းကျင်ရှိပြီး၊  ဆောက်လုပ်ရေး လုပ်ငန်းများ၊ သတ္ထုတူးဖော်ရေး၊ ကျောက်မျက်လုပ်ငန်းများ၊ ကျွန်းသစ်၊ သယ်ယူပို့ဆောင်ရေး၊ Yangon City ဟိုတယ်၊ NASA တေးထုတ်လုပ်ရေး အပါအ၀င် လုပ်ငန်း အများအပြား ပိုင်ဆိုင်ထားသည်ဟု ဆိုသည်။ ထိုလုပ်ငန်းများ၏ ရုံးချုပ်မှာ ရှမ်းပြည်နယ်၊ တာချီလိတ်မြို့တွင် အခြေစိုက်ထားသည်။
ဝီကီလိ၏ ဖွင့်ချချက်များတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နှင့် ပတ်သက်သော အကြောင်းအရာများလည်း ပါဝင်ပြီး NLD ဒု-ဥက္ကဋ္ဌ ဦးတင်ဦးသည် စာ အလွန်ဖတ်သူတဦးဖြစ်ကာ National Geographic နှင့် Irrawaddy မဂ္ဂဇင်းတို့ကို ကြိုက်နှစ်သက်ကြောင်းလည်း ရေးသားထားသည်။
မြန်မာစစ်ဗိုလ်ချုပ်များနှင့်ပတ်သက်သော အကြောင်းအရာများကိုလည်း အမေရိကန်သံရုံးက အနီးကပ် စောင့်ကြည့်နေကြောင်း ရေးသားထားပြီး မြန်မာနိုင်ငံနှင့် မြောက်ကိုရီးယားနိုင်ငံတို့ ၂၀၀၆ ခုနှစ် အတွင်း လက်နက်အရောင်းအ၀ယ်ပြုလုပ်ခဲ့သည့် သတင်းများလည်း ဖော်ပြထားသည်။
၂၀၁၀ ပြည့်နှစ် နှောင်းပိုင်း ထွက်ပေါ်လာသော အစီရင်ခံစာ တစောင်တွင် အာဆီယံနိုင်ငံများဖြစ်သည့် မြန်မာ၊ လာအိုနှင့်ကမ္ဘောဒီးယား တို့သည် အာဆီယံ နှင့် ပတ်သက်သော အတွင်းရေးသတင်း အချက် အလက်များကို တရုတ်နိုင်ငံသို့ လက်ထောက်ချခဲ့သည်ဟု စင်္ကာပူ ၀န်ကြီးချုပ်ဟောင်း လီကွမ်ယုက ပြောဆိုကြောင်း ဖော်ပြခဲ့သည်။
ယခင်က လျှို့ဝှက်အစီရင်ခံစာများကို ဖွင့်ချရာတွင် သံရုံးသတင်းပေးသူတို့၏ အမည်တို့ကို ဖျက်ပြီးမှ အင်တာနက်တွင် ဖော်ပြခြင်း ဖြစ်သည်။ သို့သော်လည်း သောကြာနေ့က ၀ီကီလိ စာမျက်နှာတွင် အစုလိုက်အပြုံလိုက် ဖော်ပြလိုက်သော ဖွင့်ချချက်များတွင်မူ သတင်းပေးသူတို့၏ အမည်များကို ဖျက်ထားခြင် မရှိပေ။
နိုင်ငံပေါင်း ၁၀၀ ကျော်မှ အမေရိကန်သံရုံးများကို သတင်းပေးသူတို့၏ အမည်များ၊ အချက်အလက်များ အသေးစိတ် ပါဝင်နေသဖြင့် ၎င်းတို့အတွက် စိုးရိမ်ရသည် ဟူသော သုံးသပ်ချက်များ ပေါ်ထွက်နေသည်။
Comments (19)Add Comment
0
မင်းကလွဲရင်
written by Aik, September 13, 2011
စိုင်းစိုင်းရေ... မင်းကလွဲရင် “၀” ကို တိုက်ရဲမည့်သူ မရှိတော့ဘူး ထင်တယ်, မင်းဘဲ လာခဲ့တော့ကွာ စောင့်နေမယ်။ “၀” မှာ မြေပြင်မှ ဝေဟင်ပစ် ဒုံးလက်နက် ၃၀ တင်မကဘူး သံချပ်ကာကား အစီးပေါင်း ၆၀ ကျော် ရှိသေးတယ် ကြည့်ချင်တယ် ဆိုရင် ဓါတ်ပုံတွေ ပို့ပေးမယ်လေ။
0
written by Wa State, September 09, 2011
ကိုစိုင်းစိုင်းရေ.........ခင်ဗျားက “၀” ကိုတိုက်ပါ တိုက်ပါ လို့အော်နေလို့လည်း အလကားပါပဲ, တိုက်ရဲတဲ့လူမှ မရှိတာ ။
အဲ.. ခင်ဗျာြးေ ပာသလို ခင်ဗျား ကိုယ်တိုင် လာတိုက်ရင်တော့ အဲဒါဆို အဆင်ပြေတယ်, ကျနော်ကိုယ်တိုင် ခင်ဗျားကိုလာ စောင့်ကြိုမယ်လေ။
0
Wa State
written by Wa State, September 09, 2011
ကိုစိုင်းစိုင်းရေ ....ဗမာပြည်ထဲကို လိုင်စင်မဲ့ ကားတွေ တရက်တရက် အစင်းပေါင်း ရာကျော်ပို့နေတာ ဘယ်သူတွေလဲ လို့ မေးချင်ရင် ဦးတေဇ ကို သွားမေးသင့်တယ် လို့အကြံ ပြုပါရစေ။
0
အလကားဆိုသည့်လူ
written by Wa State, September 09, 2011
ေ အာ် ... ကိုအလကား ကြီး ရဲ့ ခင် ဗျား က ခင် ဗျား ရဲ့ အဖဆရာ “နအဖ” ကြီး ကို အေ တာ်ေ လး အထင် ကြီး ေ နတာကို း
အဲဒါ ေ ၾကာင်း မို့လို့ ထင် တယ် ကမ္ဘာမှာ မြန် မာနိုင် ငံဟာ အဆင်း ရဲဆုံး နဲ့ ဘိန်း ထွက် အများ ဆုံး ဆိုပြီး
ေ ရွှတံစိတ် ,ေ ငွတံစိတ်ေ တွကို ဘယ် အစိုး ရေ ခတ် မှနဲ့ မတူေ အာင် “နအဖ”က စွတ် ခူး ရယူေ ပး နိုင် ခဲ့တာကိုး ခင် ဗျား အထ င် ကြီး လည်း ကြီး ချင် စရာပါ။
ေ နာက် ပြီးေ တာ့ မြန် မာ့တပ် မေ တာ် ဆိုတဲ့ ဂုဏ် ပုဒ် ကိုပခုံး မှာထမ်း ပြီး တိုင်း ရင်း သား နယ်ေ မြ ေ တြမွာ ေ ရှ့တန်း တာဝန် ကျတပ် ရင်းေ တွက ပြည် သူေ တွကို ဘိန်းေ တွ အတင်း စိုက် ခိုင်း ပြီး
ဘိန်း ခွန် ေ တြ ေ ကာက် ပြီး ရင် တခြား တိုင်း ရင်း သား လက် နက် ကိုင် တပ် ဖွဲ့ေ တွကိုလက် ငြိုး ထိုး ပြီး လွဲချ ဒါေ တွကလုပ် ေ နၾကပါ။
ကိုအလကာ း လူ ေ ရ ခင ္ ဗ်ာ း ေ ပြာတာ “၀ဆိုတဲ့အမျိုး က ဘာတိုက် အတွက် မှ အကျိုး မရှိဘူး ” ဆိုတာ ကျေ နာ် ခင် ဗျား ကိုတခုေ ပြာချင် တယ် ဗျာ
ခင် ဗျား လိုလူဆိုတဲ့အမျိုး ဟာလည်း မြန် မာ နိုင် ငံ အတွက် အမှိုက်ေ လာက်ေ တာင် မှတန် ဖိုး မရှိဘူး ဆိုတာ သိေ စချင် တယ် ။
ခင် ဗျား လိုလူမျိုး မြန် မာပြည် မှာရှိ ေ န သ ေ ရႊ႔ က ေ တာ့ မြန် မာပြည် အတွက် အေ တာ့် ကိုရင်ေ လး စရာပါပဲ။
0
wa
written by Wa State, September 09, 2011
စိုင်းစိုင်း ကျနော်တခုမေးချင်တယ် တရုတ်နဲ့ စီးပွါးရေးလုပ်ရင် ခင်များအနိုင်ရမယ် လို့ဂျိမ်းသေ ပေါက်ပြောရဲလား? တကယ်လို့ ခင်များက တရုတ်နဲ့ စီးပွါးေ ရးလုပ်ရာမှာ အသာစီး မပြောနဲ့ သူနဲ့ပခုံး ချင်းယှဉ်နိုင် သည့် အချိန်ကျမှ “၀” ကိုလာစမ်း ကြည့်လိုက်ပါ။ “၀” လူမျိုးတွေ ဆိုတာ ငြိမ်းချမ်းရေး ကိုတန်ဖိုးထားတဲ့, မြတ်နိုးတတ် တဲ့လူ မျိုးတွေထဲက လူမျိုးစုတခုပါ။ ဘာပဲပြောပြော စဉ်းစားပြီးမှပြောေ စချင်တယ်။
0
အလကား နဲ့စိုင်းစိုင်း အတွက်
written by Bo Htoo, September 08, 2011
ဆမ်ရိုင်းပြောတာ မှန်တယ် မသိရင် မပြောပါနဲ့ အလကားရေ (နအဖ)တွေတောင် သဘောေ ပါက်နေလို့ အမြှီးတောင် မနှံရဲဘူး
စိုင်းစိုင်း
ဗမာပြည်ထဲကို လိုင်စင်မဲ့ကားတွေ တရက်တရက် အစင်းပေါင်း ရာကျော်ပို့နေတာ ဘယ်သူတွေလဲေ မးချင်တယ်
0
crazy
written by power, September 07, 2011
Hay, first comments writer
Are you soldier's father ?
Why do you have tihs mind ?
Why do you want to kill myanmar to myanmar?
I think ,You're >>>>
0
...
written by လာခဲ့, September 07, 2011
AK စာ............ .မိချင်တဲ့ေ ကာင်တွေ လာခဲ့... မင်းတို့ကို AK ကျန်ဆံတွေ အ၀ကျွေးလို က်မလယ်
smilies/grin.gifsmilies/grin.gifsmilies/grin.gifsmilies/grin.gifsmilies/grin.gifsmilies/grin.gifsmilies/grin.gifsmilies/grin.gif
0
...
written by ဆလိုင်း ခုံ, September 07, 2011
တိုင်းပြည် ထဲမှာ ငြိမ်းချမ်းေ ရးအတွက် လုပ်ေ နပါတယ် ဆြို ပီးနိုင် ငံတကာ ကိုေ ကြာ ငြာေ နပြန် တယ် ။
တိုင်းရင်းသားေ တွကိုလည်းရှင်းချင် ပြန် တယ် ။ မြန် မာ နိုင် ငံဆိုတာ တိုင်းရင်းသားများနဲ့ တည်ေ ဆာ က် ထားတဲ့နိုင် ငံပါ။
0
...
written by sam rai, September 06, 2011
“ဝ”တွေကိုအထင် မသေးလိုက်နဲ့ ။ “ဝ”အကြောင်းကို သိအောင်အရင်ြ ကိုးစားလိုက်ဦး ပြီးမှ ပြောပါ၊ အလကားဆိုတဲ့ လူကိြုေ ပာတာနော်၊ သေသေချာချာစ ဉ်းစားပြီးမှစ ကားကိုပြောပါ၊ လွယ်လွယ်မပြောနဲ့၊
0
လေ့လာပါ
written by wiki, September 06, 2011
ဝီကီလိ အင်တာနက်မှာ ဖေါ်ထု တ်ချက်တွေဟာ ဘယ်သူမှငြ င်းလို့မရဘူး
အမှန်တွေကို ဖွင့်ချနိုင်တာ ၀ီကီပဲ ရှိပါတယ်
0
အမြန်ဆုံးတိုက်ပါ
written by sai sai, September 06, 2011
တိုက်ပါခင်ဗျား.. မြန်မြန်သာ တိုက်လိုက်ပါ.. ၀ တွေက တော်တော် လူပါးဝနေပြီ.. လိုင်စင်မဲ့ကားတွေ ၀ယ်စီးပြီး သူတို့ကိုသူတို့ အဟုတ်ထင်နေကြတာ..
0
အကဲစမ်ကြရအောင်း
written by aung, September 06, 2011
စစ်တပ်ကို ပြောလိုက်ခြင်ပါတယ် အရေအတွတ်နဲ အေ၇သွေးကိုနူတ် ပြီး အေေေ၇ချင်း ရှိတဲ့ စစ်တပ်တည်ထောင်း
ပါလို။ ဝကတော့ြေ ပာနေပြီး သိန်းတန် သီချင်;ထဲကလို ပျင်းတောင် ပျင်းသေးတယ်ဟေ. ... ပျင်းတောင်း ပျင်းသေးတယ်....
0
တိုက်မှာသေချာတယ်
written by K. Roma, September 06, 2011
တိုက်မှာတော့ေ သချာတယ်။ ပြည်ထောင်စုစိတ်ဓါတ် ဆိုဒါကို အရှက်မရှိ ကုန်းအော်နေကြဒါ၊ သိပ်ေ အာ့နှလုံးနာဖို့ ကောင်းဒါဘဲ။
0
အဓိပ္ပါယ်မရှိတာ
written by အလကား, September 06, 2011
အလကား အဓိပ္ပါယ်မရှိတာ။ ဘာ ဒုံးကျည်ရှိလို့ လဲစားဖို့ သောက်ဖို့ တော်မှ အနိုင်နိုင်။ ဘိန်းရောင်း ဘိန်းဝယ်နဲ့ ပဲ အသက် ရှင်နေတာပါ။ အထင်မကြီးပါနဲ့ ။ အလကား။ နအဖရေ သူတို့ ကို ရှင်းချင်ရင် အမြန်ဆုံး ရှင်းလိုက်ပါ။ မထားနဲ့ ။
အန္တရာယ်တွေဖြ စ်လာမယ်။ တိုင်းပြည်ထဲမှာ မလိုလားအပ်တဲ့ လက်နက်ကိုင် အဖွဲ့ အစည်းများကို ရှင်း ထုတ်လိုက်ပါ။
ဝဆိုတဲ့အမျိုးက ဘာတိုက် အတွက်မှ အကျိုးမရှိဘူး။
0
တိုက်ကြည့်လေ
written by black, September 06, 2011
တိုက်ပါလား ကိုယ်မှာလဲ စစ်တပ်ရှိတာပဲ အစိုးရရဲ့
smilies/wink.gifsmilies/cheesy.gifsmilies/grin.gifsmilies/angry.gifsmilies/cool.gifsmilies/cry.gif
0
ဒါကြောင့်ကိုး
written by တောသား, September 06, 2011
KIA နဲ့  SSA(N) ကိုတိုက်ရဲပြီး ၀တွေကြတော့ မတိုက်ရဲတာ ဒါကြောင့်ကိုး။
0
စမ်းကြည့်လိုက်လေ
written by khing, September 06, 2011
ဝိတ်မရှိပဲ ၀မလုပ်ချင်နဲ့
စမ်းကြည့် လိုက်ပေါ့
smilies/grin.gifsmilies/grin.gifsmilies/grin.gifsmilies/grin.gifsmilies/angry.gifsmilies/angry.gifsmilies/angry.gifsmilies/angry.gifsmilies/cool.gifsmilies/cool.gifsmilies/cool.gifsmilies/cool.gifsmilies/cool.gif
0
လေးသောင်းလား
written by nyein ko ko, September 05, 2011
လေးသောင်း ဆိုရင်ဂျွန်းစစ်သည်ေ လးသိန်းနဲ့  တိုက်မယ်လေ။
Write comment
busy
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်
ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့
မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်
အပြည့်အစုံသို့
ဆန္ဒမစောကြပါနှင့်
ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။
အပြည့်အစုံသို့
Donate to Irrawaddy
ငွေလဲနှုန်း
အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်