တရုတ် မြန်မာပိုက်လိုင်း ဝေဖန်ခံရ

E-mail Print
တရုတ်မြန်မာ နှစ်နိုင်ငံ သွယ်တန်းမည့် ဂက်စ်ပိုက်လိုင်း တည်ဆောက်မှုကြောင့် မြန်မာနိုင်ငံအတွင်း လယ်မြေသိမ်းမှု၊ လုပ်အားပေး စသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများ ဖြစ်ပေါ် နေသည်ဟု ပိုက်လိုင်းစီမံကိန်းကို စောင့်ကြည့် လေ့လာနေသော ရွှေ သဘာဝ လှုပ်ရှားမှုအဖွဲ့က ယနေ့ ထောက်ပြလိုက်သည်။

Ba_Swe_Tin_sep_06_11
ပိုက်လိုင်းစတင်ရာ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မဒေးကျွန်း ကျေးရွာမှ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်တို့အထိ  ကြုံတွေ့နေရသော လူ့အခွင့်ရေး ချိုးဖောက်ခံနေရမှုများကို ထိုအဖွဲ့က ယနေ့ ထုတ်ပြန်သည့် "အကုန်ရောင်းတဲ့ မူဝါဒ" အမည်ရှိ   အစီရင်ခံစာတွင် ဖော်ပြထားသည်။

"ဒီဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းကြောင့် ဒေသခံပြည်သူတွေ အတိဒုက္ခ အကြီးအကျယ် ရောက်ကြရတယ်။ ပြီးတော့ သဘာဝ ပတ်ဝန်းကျင်လည်း အကုန် ပျက်စီးရတယ်။  ရခိုင်ကထွက်တဲ့ သဘာဝဓာတ်ငွေ့တွေကို မြန်မာအာဏာပိုင်တွေက သူတို့အကျိုးစီးပွား အတွက် နိုင်ငံခြားကို ၀ကွက် ရောင်းချထားတယ်။ ဒီကရလာတဲ့ ငွေတွေကို ပြည်သူအတွက် သုံးတာလည်း မဟုတ်ဘူး" ဟု ရွှေ သဘာဝ လှုပ်ရှားမှုအဖွဲ့မှ ကိုဝင်းအောင်က ပြောသည်။

ကီလိုမီတာ ၈၀၀ ၀န်းကျင် ရှည်လျားသော ဓာတ်ငွေ့ပိုက်လိုင်းသည် မြန်မာပြည်ကို ခါးလယ်မှဖြတ်ကာ အနောက်မှ အရှေ့သို့  ဖြတ်သန်းပြီး ရခိုင်ပြည်နယ်မှ သဘာဝဓာတ်ငွေ့၊  အရှေ့အလယ်ပိုင်းမှလာသော ရေနံတို့ကို ထိုပိုက်လိုင်းမှတဆင့် တရုတ်ပြည်အထိ ပို့ဆောင်မည်ဖြစ်သည်။

ပိုက်လိုင်းကြောင့် ဒေသခံတို့ မြေယာမဲ့ဖြစ်သွားကြသည်ဟု  အစီရင်ခံတင်သွင်းရာတွင် ပူးတွဲပါဝင် ရှင်းလင်းပြောဆိုသူ ပလောင်အမျိုးသမီးအဖွဲ့မှ အကြံပေးပုဂ္ဂိုလ် မလွယ်အေးနန်းက ပြောသည်။

"ဒီပိုက်လိုင်းကြီးက ကျမတို့ ပလောင်ဒေသကို ဖြတ်တဲ့အခါ မြေတွေ၊ ယာတွေကို အတင်းပဲ မတရား သိမ်းယူကြတယ်လေ။ ၅သိန်းလောက် တန်တဲ့ မြေကို တသိန်းတောင် ပေးချင်မှပေးတာ။ မပေးဘဲ အလကား ယူတာလည်း ရှိတာပဲ။  အခု ပိုက်လိုင်းကြောင့် မြေမဲ့ ယာမဲ့ဖြစ်ကုန်ပြီ" ဟု မလွယ်အေးနန်းက ဆိုသည်။

ပိုက်လိုင်းသွားရာ လမ်းတလျှောက် လုံခြုံရေးယူရန် ချထားသော တပ်ရင်း ၃၃ ရင်းမှ စစ်သားများက ဒေသခံတို့ကို နည်းမျိုးစုံဖြင့် အနိုင်ကျင့်နေကြောင်း သူက ရှင်းပြသည်။

"စစ်သားတွေလာပြီ ဆိုရင် သူတို့မှာ ရိက္ခာအပြည့်အစုံနဲ့ လာကြတာမဟုတ်ဘူး။ ဒါကြောင့် ဒေသခံတွေက သူတို့ ၀န်ထုပ်ဝန်ပိုးတွေကိုပါ ထပ်ထမ်းကြရတယ်။ ဒီပိုက်လိုင်းကြောင့် ကျမတို့ ပလောင်တွေလည်း အရမ်းကို ဘ၀ ခက်ခဲနေကြရပြီ" ဟု မလွယ်အေးနန်းက ဆိုသည်။

တရုတ်အမျိုးသား ရေနံကော်ပိုရေးရှင်း၊ မြန်မာနှင့် ကိုးရီးယား ကုမ္ပဏီများသည် စီမံကိန်းကို လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားနေသော ဒေသများတွင် အရှိန်အဟုန် တိုးမြှင့် လုပ်ဆောင်လျက်ရှိသည်။

"စစ်အစိုးရဟာ တိုင်းပြည်ရဲ့ သယံဇာတတွေကို စိတ်ကြိုက် ရောင်းချဖို့အတွက် သယံဇာတပေါကြွယ်တဲ့ ကချင်ပြည်နယ် ရှမ်းပြည်နယ်ဘက်က လက်နက်ကိုင် တော်လှန်ရေးသမားတွေကို ရှင်းလင်းဖို့  ကြိုးစားနေတယ်။ ဒါကြောင့် ဒီနှစ်အတွင်းမှာပဲ တိုက်ပွဲကြီးတွေ ခဏခဏဖြစ်လို့ ပြည်သူ ၅၀၀၀၀ ကျော်လောက် နေရပ်ရင်းကို စွန့်ခွာပြီး ဘေးလွတ်ရာ ပြေးနေကြရတယ်" ဟု  ကိုဝင်းအောင်က ဆိုသည်။
Comments (3)Add Comment
0
တိုး တိတ် ရင်ခုံသံ
written by aungthu, September 07, 2011
လူလေး "ဝ" ကြို ပန်မပြောနဲ့ ။ မကျေ နပ် ကြိတ် ခံ နော်။
0
ဗမာပြည်သည် နောင်တွင် တရုတ်လက်အောက်ခံပြည နယ် ဖြစ်လာမည်လော
written by KoThant, September 06, 2011
ကျောက်ဖြူရေနက် ဆိပ်ကမ်းဟာ တရုတ်အတွက် အလွန်တရာ အရေးကြီးတဲ့ေ နရာပါ။ အရှေ့အ လယ်ပိုင်း၊ အာဖရိက စတဲ့ေ နရာတွေနှင့် ကူးသန်းရောင်း ၀ယ်ဖို့၊ ရေနံသယ်ယူဖို့ အတွက် အိန္ဒိယ သမုဒ္ဒရာရဲ့ ဂိတ်တံခါးပါ။ လက်ရှိ တရုတ် ဆိပ်ကမ်းတွေဟာ အမေရိကန်ထိ န်းချုပ်ထားတဲ့ မလ္လက္ကာရေလက်ကြားကို ဖြတ်သန်းနေရပြီး လမ်းခရီးလည်း ဝေးလံပါတယ်။ အခုကျောက်ဖြူရေ နက်ဆိပ်ကမ်းကတော့ တရုတ်အတွက် ရွှေပါပဲ။ ပထ၀ီနိုင်ငံရေးအရ အရေးပါတဲ့ ဒီနေရာကို တရုတ်ဆီ (၀)ကွက်အပ်လိုက်ဖို့ တန် ရာတန်ကြေးကော ရရဲ့လားမသိပါ။ (တို့ပြည် သူတွေအတွက် ထားပါအုံး၊ စစ်ဗိုလ်ချုပ်တွေအ တွက်တောင် အန်ပေါင်းက ဟုတ်တိပတ်တိ ရှိရဲ့လားမသိပါ။) ယခင် နအဖအစိုးရဟာ ငွေမျက်နှာတစ် ခုတည်းကြောင့် ရောင်းခဲ့တာ မဟုတ်ဘဲ နိုင်ငံရေးအရ ကြပ်တည်းလွန်းလို့လား ဆိုတာလည်း စဉ်းစားဖွယ် ရှိပါတယ်။ ဘာပဲပြောပြော အခုတော့ တရုတ်ဟာ ပိုက်ဆံပေးနိုင်လို့ အဖိုးတန် ဆိပ်ကမ်းတစ်ခုလည်း ရသွားပြီ၊ ဆိပ်ကမ်းကို သွားတဲ့လမ်းလည်း ခင်းပေးလိုက်ရပြီ၊ လမ်းနှင့် ဓါတ်ငွေ့ပိုက်လိုင်းကိုလည်း ဗမာက လုံခြုံရေးညစောင့် စောင့်ပေးရပါအုံးမယ်။

တရုတ်တွေအဖို့ လူဦးရေကလည်း ပေါက်ထွက် မတတ် များနေတဲ့အပြင် ထိပ်ထိပ်ကြဲဖွံ့ဖြိုးတိုးတက်နေလို့ စွမ်းအင်လိုအပ်ချက်ကလည်း ပြည့်မီနိုင်တယ်မရှိပါဘူး။ ဒါကြောင့် သူတို့ဆီက မြစ်ကြီးတွေဟာ ရေအား လျှပ်စစ်ထုတ်ဖို့ ဆည်တွေေ ဆာက်ရင်း ပျက်စီး ကုန်တဲ့အခါ ကြိုက်သလို နှိုက်လို့ရတဲ့ ဗမာပြည်ကို မျက်စောင်း ထိုးလာပါတယ်။ တရုတ်တွေအဖို့ ဧရာဝတီမြစ်ကြီး တိမ်ကော ပပျောက်မှာတို့၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှာတို့၊ မြစ်ဝ ကျွန်းပေါ်ဒေသ ပျက်စီးမှာတို့ကို စိတ်မ၀င်စားပါဘူး။ သူ့ရေ၊ သူ့မြေမှ မဟုတ်ဘဲကိုး။ သူစိတ် ၀င်စားတာက ပိုက်ဆံအ ကုန်ခံပြီး လုပ်တဲ့စီမံကိန်းက တွက်ချေကိုက်အောင် လျှပ်စစ်ရနေရင် ပြီးတာပါပဲ။
0
ဗမာကိုလိုနီရခိုင်ြ ည်
written by ဇော်သန်းဝေ, September 06, 2011
စစ်အစိုး ရလက်ထက်မှာ ရခိုင်ပြည်ဟာ စီးပွါးရေး မွဲပြာကျခဲ့တာပါ..စာပေ ယဉ်ကျေးမှု ဆိုတာ ပိတ်ပင်ခံထားရမှုမှာ
အပေါ်ဆုံး ကဖြစ်ပါတယ်.. အဆိုးဆုံး ကျောင်းတွေမှာ ကိုယ်ပိုင် ရခိုင်စကာြးေ ပာခွင့် မရတာပါ.. ရခိုင်လူမျိုး စစ်စစ်တွေကို
ဗမာလို အတင်းအုကပ် ပြောခိုင်းပြီး ဗမာစာ သင်ယူခိုင်းခဲ့ပါတယ်.. ရခိုင်ပြည်က ယဉ်ကျေးမှုမြို့တော် မြောက်ဦးကို
ဖျက်ဆီးတယ်.. .ရခိုင်လူထု လုပ်ကိုင်စားသော က်နေတဲ့လယ်ယာချော င်းမြောင်းဥယ ဉ်ခြံြေ မတွေကို အကုန်လုံးနီးပါး
စစ်တပ်က သိမ်းထားတယ်..ရခိုင်ပြည် က ထွက်တဲ့ သယံဇာတကို ခိုးယူေ ရာင်းချတယ်.. အားဓမ သိမ်းယူတယ် ..ရခိုင်လူမျိုးတွေ ဂစ်ဆိုတာ မမြင်ဖူးလိုက်ဘူး. .အကုန်လုံးကို သိမ်းယူတယ်. .ရခိုင်ပြည်ကထွက်တာ
ရခိုင်တွေ မခံစားရဘူး. .ရခိုင်တွေဘ၀က ရွေထုတ် ဖင်ခုထိုင်ပြီး ထမင်း ငတ်တဲ့ဘ၀ . ..ကိုယ့်ပစ္စည်းသူများ ဓားပြ တိုက်နေတာကို လက်ပိုက်ုက ည့်နေရတဲ့ ဘ ၀တွေပါလား

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်