ကချင်ခေါင်းဆောင်သတင်း KIA ငြင်းဆို

E-mail Print
ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ၏ အစည်းအဝေး တခုအတွင်း ခေါင်းဆောင်များ အငြင်းပွားကြပြီး ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်ဟု အစိုးရ မီဒီယာများတွင် ဖော်ပြထားခြင်းမှာ လုပ်ကြံ ၀ါဒဖြန့်မှုသာ ဖြစ်သည်ဟု KIA က ယနေ့ ပြောဆိုလိုက်သည်။

gen-kiaစက်တင်ဘာလ ၁ ရက်နေ့က ပြုလုပ်ခဲ့သည့် ကချင်ပြည်နယ် လိုင်ဇာမြို့ရှိ အစည်းအဝေးတွင် ငြိမ်းချမ်းရေးလိုလားသူများ နှင့် စစ်လိုလားသူ KIA ခေါင်းဆောင်များ  အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားကာ တဦး သေဆုံးပြီး ခေါင်းဆောင် တဦး ဒဏ်ရာရရှိသွားကြောင်း  ယနေ့ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။

“သူတို့ ရေးထားတဲ့ဟာ တချက်မှ မှန်ကန်တာ မပါဘူးခင်ဗျာ။ လုံးဝ ကျနော် အာမခံပြီး ပြောပါတယ်” ဟု KIA ၏ နိုင်ငံရေးဦးဆောင်အဖွဲ့ဖြစ်သော ကချင် လွတ်လပ်ရေး အဖွဲ့၊ တွဲဘက် အထွေထွေ အတွင်းရေးမှူး ဦးလနန်က ဧရာဝတီကို ပြောသည်။

“အစိုးရက အဲဒီလို ရေးလိုက်တဲ့ အတွက်ကြောင့်မို့ သူတို့ရဲ့ မူဝါဒက မိုးလုံးပြည့် မုသာဝါဒ ဆိုတာကတော့ လုံးဝ ထင်ရှားသွားပြီ” ဟု ဦးလနန်က ဆက်ပြောသည်။  

မကြားသေးခင် ရက်ပိုင်းကလည်း အစိုးရအာဏာပိုင်များဟု ယူဆရသူတို့က သတင်းစာပါ အချက်အလက်များကို   မြစ်ကြီးနား၊ ဗန်းမော်မြို့များတွင် ဖြန့်ဝေခဲ့ပြီးဖြစ်သည်ဟု ဦးလနန်က ရှင်းပြသည်။

“မြို့ပေါ်က ကချင် လူထုတွေကလည်း ယုံပြီးတော့ ဖုန်းနဲ့ လှမ်းမေးတာတွေ အများကြီး ရှိတယ်၊ ကျနော်တို့ကလည်း ထိုင်ပြီး တော့ ဖြေရှင်းနေရတာလည်း အလုပ်တခု။ အဲဒါ ကျနော်တို့ဘက်မှာ အဲဒီကိစ္စတွေကို ဒိုင်ခံဖြေရှင်းဖို့ အလုပ်ပေးတဲ့ သဘောလည်း ဖြစ်နိုင်တယ်” ဟု သူက ဆိုသည်။

ယခုလ ၁ ရက်နေ့ အစည်းအဝေးတက်သူများထဲတွင် ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်ဂွမ်မော် ပါဝင်သည်ဟု သတင်းစာတွင် ရေးထားသည်။

သို့သော်လည်း ထိုနေ့က ဒုတိယ စစ်ဦးစီးချုပ် ခရီးထွက်နေသည်ဟု KIA တပ်မဟာ ၄ တာ ၀န်ခံ ဗိုလ်မှူးကြီး ဇော်ရောက ပြောသည်။

ပြီးခဲ့သည့် တပတ် သောကြာနေ့ကလည်း KIA က ကချင်ပြည်နယ်တွင် တပ်သားသစ် အတင်းအဓမ္မ စုဆောင်းနေကြောင်း အစိုးရ သတင်းစာတွင် ရေးသားခဲ့သေးသည်။
Comments (3)Add Comment
0
...
written by ohnmar, September 07, 2011
ိသူတို့လိုဘဲ မဟုတ်ကြောင်း စာပြန်ကပ်လိုက်ပေါ့။ အဲ့ဒါမှ တရား မျှတမှာပေါ့။
0
မိုးလုံးပြည့် မုသာဝါဒ။
written by u PN wara, September 07, 2011
ကချင် ကေအိုင်အေ နဲ့  ပါတ်သတ်တဲ့ သတင်း မြန်မာ့ အလင်းမှာ ပါတော့ မယုံဘူး။
မြန်မာ့ သတင်းဆို ယုံနိုင်စရာ တခုမှ မရှိလို့  လုံးဝ မယုံဘူး။ ရေးတဲ့ သူတွေကလဲ သတင်းအမှန် ပေးဘို့ ထက် ၀ါဒဖြန့့် ဘို့ ဘဲ သိတယ်။ သတင်း တပုဒ်ရဲ့  တန်ဘိုး။ သတင်းစာ ကျင့်ဝတ်တွေလဲ သိဟန် မတူဘူး။ ငါ့ စကားနွားရ ပြောရ ပြီးရော သဘောထားဟန် တူတယ်။ အခုလို ကေအိုင်အေ က ပြည်ပ အသံလွှင့် ဌာနနဲ့  အင်တာဗျူး ပြီး အဖြစ်မှန် အသိေ ပးလိုက်တော့ သတင်း အမှောင်ချခံထားရတဲ့ အထဲက ပြည်သူတွေ အဖြစ်မှန် သိသွားတာပေါ့ - ကောင်းတယ်ဗျာ။
မိုးလုံးပြည့် မုသာဝါဒတဲ့ ဘယ်သူလဲဆိုတာ ပြည်သူတွေ သဘောေ ပါက်ပါလိမ့်မယ်။
0
ဖင်ပိတ်ပြီးငြင်း
written by aung maung, September 06, 2011
မဟုတ်တဲ.သတင်း ဆို ဟုတ် သယောင်ယောင်ပြော
ဟုတ်တဲ.သတ င်းဆို ဖင်ပိတ်ြ ပီးငြင်း ကချင်ပြည်နယ် ဆိုတာ နာမည်အရ ကချ င်ပြည်နယ် ဆိုပြီးခေါ်တာ ပြည်နယ်
ထဲမှာ တိုင်းရင်း သားမျိုး စုံနေတယ် ကေကိုင်အေက ဘယ်သူ. ကိုယ်စားပြု ထားသလဲ

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်