ထိုစိုက်ခင်းများကို မူလက ဒေသခံတို့ ပိုင်ဆိုင်သော်လည်း ၂၀၀၈ ခုနှစ်တွင် လယ်ယာစိုက်ပျိုးရေးနှင် ဆည်မြောင်းဝန်ကြီးဌာနက သိမ်းယူလိုက်ကြောင်း၊ ကော်ဖီ အနည်းငယ်သာ စိုက်ပျိုးထားသည့် ထိုမြေများကို တရုတ်လူမျိုးများအား ရောင်းချရန် စီစဉ်နေသည် ဟူသော သတင်းကြားရသဖြင့် တောင်သူတို့က ဒေါသထွကပြီး ၀င်ရောက် ရှင်းလင်းပစ်ခြင်းဖြစ်ကြောင်း ဒေသခံတဦးက ဧရာဝတီသို့ပြောသည်။
“သူများပစ္စည်း ဖျက်ဆီးတာ မဟုတ်ဘူး၊ ကိုယ့်မြေပေါ်ကို ကျူးကျော်လို့ ဓားကောက်နဲ့ ရှင်းတာ” ဟု ၎င်းက ဆိုသည်။
ထိုဖြစ်ရပ်ကြောင့် မေမြို့၊ ပိတ်ချင်းမြှောင် ရဲစခန်းက ရွာအုပ်ချုပ်ရေးမှူး အပါအ၀င် ရွာသား ၄ ဦးကို ဖမ်းဆီးထားကြောင်း ၎င်းက ဆက်ပြောသည်။
ကော်ဖီပင်များကို ၀င်ရောက် ရှင်းလင်းသည့် ရွာသားများသည် ခြံစောင့် စိုက်ပျိုးရေး ၀န်ထမ်းများကို အန္တရာယ်ပေးခြင်း မရှိကြောင်း သိရသည်။
အဆိုပါ ဖြစ်ရပ်အား မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးရဲမြင့် သွားရောက် ကြည့်ရှုသော်လည်း မည်သို့ ဆောင်ရွက်ပေး မည်ဖြစ်ကြောင်း ပြောဆိုခြင်း မရှိပေ။
ဧရာဝတီက မေမြို့ရဲစခန်းသို့ ဆက်သွယ် မေးမြန်းရာ ထိုအဖြစ်အပျက် မှန်ကန်ကြောင်း ပြောဆိုသော်လည်း အသေးစိတ်ဖြေဆိုရန် ငြင်းသည်။
တောင်သူ ၁၃၇ ဦးက မြေယာသိမ်းဆည်းခံရမှုကို မန္တလေးတိုင်း ၀န်ကြီးချုပ် ထံသို့ စာရေးသား ပေးပို့ တိုင်ကြားခဲ့သော်လည်း အရေးယူခြင်း ဆောင်ရွက်ပေးခြင်း မရှိခဲ့ဟု ဆိုသည်။
စိုက်ပျိုးမြေများမှာ မြေခွန်စည်းကြပ် ပေးဆောင်နေသော သီးစားချ ထားသည့် မြေများဖြစ်သော်လည်း ဆည်မြောင်းဝန်ကြီးဌာနက မြေလွတ်မြေရိုင်းဟု သတ်မှတ်ထားကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် တောင်သူတို့၏ စိုက်ပျိုးမြေများကို မတရား သိမ်းဆည်းမှု ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေခြင်းကို နေပြည်တော်ရှိ လွှတ်တော်အစည်းအဝေးများတွင် တင်ပြ ဆွေးနွေးနေကြသည်။
Comments (6)

written by Hero, September 08, 2011
Burma Junta's officials want their own country to become china's colony coz they are not allowed to make their own business (using country's wealth) by Democratic countries. they only care their business but not people's wish!!
Write comment
| < Prev | Next > |
|---|








မင်းခြံ မဟုတ်လို့ မင်း ဒီလိုပြောတာ၊ မင်းရဲ့ ထမင်းအိုးကို အသိမ်း ခံရရင် မင်း ဒီလိုပြောမလား၊