“လိုက်လျောနိုင်သမျှ လိုက်လျောခဲ့သော်လည်း တစ်ဖက်က မိမိဖြစ်ချင်သည်ကိုသာ တောင်းဆိုနေသည့် အတွက် အခက်အခဲဖြစ်ပြီး ယနေ့အထိ မအောင်မြင်သေး” ဟူသော အစိုးရအဖွဲ့ ကိုယ်စား ပြောရေးဆိုခွင့်နှင့် သတင်းထုတ်ပြန်ရေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ဦးကျော်ဆန်း၏ ပြည်သူ့လွှတ်တော် အစည်းအဝေးအတွင်း ပြောဆိုချက်ကို ယနေ့ထုတ် အစိုးရ သတင်းစာများက ရေးသားထားသည်။ငြိမ်းချမ်းရေးယူထားသည့် လက်နက်ကိုင်အဖွဲ့များက နယ်မြေတိုးချဲ့ခြင်း၊ အင်အား တိုးချဲ့ခြင်း၊ ဆက်ကြေး ကောက်ခံခြင်း၊ ဆန့်ကျင်စည်းရုံးလှုပ်ရှားမှုများ အရှိန်မြှင့်ကာ မရိုးသားသော ကျူးလွန် ဖောက်ဖျက်မှုများ ပြုလုပ်ခြင်းတို့ကြောင့် ဆွေးနွေးပွဲ အကြိမ်ကြိမ်ပျက်ပြားခဲ့ရသည်ဟုလည်း ဦးကျော်ဆန်းက ဆိုသည်။
ကျင်းပနေသော လွှတ်တော်အစည်းအဝေးတွင် ကွန်ဟိန်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းဝါနုက အစိုးရ၏ တိုင်းရင်းသား သွေးစည်း ညီညွတ်ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး အခြေအနေများနှင့်ပတ်သက်၍ မေးမြန်းစဉ် ဦးကျော်ဆန်းက အထက်ပါအတိုင်း ဖြေဆိုလိုက်ခြင်း ဖြစ်သည်။
အစိုးရ၏ပြောဆိုမှုနှင့်ပတ်သက်၍ KIO တွဲဘက် အထွေထွေ အတွင်းရေးမှူး ဦးလနန်က “အစွမ်းကုန် လိုက်လျောပေးတယ် ဆိုတာက ဘာကိုပြောတာလဲ ဆိုတာ သေချာ မသိဘူး၊ အဲဒီလိုပြောမယ် ဆိုရင် အချက်အလက်တွေကို အစိုးရအနေနဲ့ တိတိကျကျ ဖော်ပြပြီးတော့မှ ပြောစေချင်တယ်” ဟု တုံ့ပြန်လိုက်သည်။
“ကျနော်တို့ KIO က မရိုးသားတဲ့ လုပ်ရပ်ကို ဘာတခုမှ မလုပ်ပါဘူး၊ ဇွန်လမှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲအပြီးမှာ ကျနော်တို့ လိုချင်နေတဲ့ ထာဝရငြိမ်းချမ်းရေး၊ တနိုင်ငံလုံး အတိုင်းအတာနဲ့ ဆွေးနွေးရေး၊ နိုင်ငံရေးအရ ဆွေးနွေးရေး ဆိုတာကိုပဲ တစိုက်မတ်မတ် တောင်းဆိုနေတာပဲ ရှိတယ်” ဟု ဦးလနန်က ဧရာဝတီကို ပြောသည်။
KIO က ၁၉၄၇ ပင်လုံ ဥပဒေကို အခြေခံပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ စုပေါင်း၍ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ဖွဲ့စည်းခဲ့သော တိုင်းရင်းသားလူမျိုးများကောင်စီ-UNFC အနေနှင့် ဆွေးနွေးရန် တောင်းဆိုနေသည်။ အစိုးရကလည်း ၂၀၀၈ အခြေခံ ဥပဒေ အတိုင်း ဆွေးနွေးရန် ပြောဆိုနေပြီး ဆွေးနွေးပွဲများ လက်တွေ့ ဖြစ်ပေါ်လာခြင်း မရှိသေးပေ။
“ယာယီ အပစ်အခတ် ရပ်ဆိုင်းတာကို လက်နက်ကိုင်အဖွဲ့တွေ အားလုံးက မူအားဖြင့် လက်ခံပါတယ်၊ ဒါပေမယ့် အဲဒါပြီးရင် ထာဝရ ငြိမ်းချမ်းရေးအတွက် ဘယ်လို ဆောင်ရွက်သွားမယ် ဆိုတာကို ရှင်းရှင်း လင်းလင်း မသိရ သရွေ့ ဆွေးနွေးပွဲ ဖြစ်လာနိုင်စရာ မရှိဘူး” ဟု ဦးလနန်က ပြောသည်။
Set as favorite
Bookmark
Email this
Hits: 8963
Comments (13)

written by မြန်မာပြသည်သား, September 10, 2011
အကောင်းအမြင် မရှိတဲ့သူတွေကတော့ ဒီလိုပဲ ဆက်ဆန်ေ နတတ်ပါတယ် ....မင်းတို့တွေ ဘယ်တော့များ တိုင်းပြည်အတွက် လုပ်မှာလဲ...
written by citizen, September 09, 2011
ဟိုဝန်ကြီးကေ ပါက်တကရဆို.. ..ဒီဝန်ကြီးကေ ပါက်တကရဆို ငါလည်းပေါက်ကရ ဆိုမလို့  တပုဒ်လောက်တော့ ချမ်းသားပေးပါ.... သားသားကျော်ဆန်း အလုပ်က ဒါပဲလေ .. ပါးစပ် ဟလိုက်တာနဲ့  မဟုတ်တြာေ ပာဖို့ ကတော့ သားသားမောင်ေ ကျာ်ဆန်းပါ....
written by S U, September 08, 2011
ရုပ်ကိုက xxxxxxxx
ပုဂ္ဂိုလ်ရေး တိုက်ခိုက်တာ မဟုတ်ပါဘူး.. ဒဲ့ ဖဲတာပါ...ဟီး..
ပုဂ္ဂိုလ်ရေး တိုက်ခိုက်တာ မဟုတ်ပါဘူး.. ဒဲ့ ဖဲတာပါ...ဟီး..
written by zinmsl, September 08, 2011
တိုင်းပြည် ကို မငြိမ်းချ မ်းစေချင်သူ ထဲမှာ ဒီလူ (ဦးကျော်ဆန်း) လဲပါမယ် ထင်တယ်.. ..ခေါင်းဆောင် လုပ်သူ တစ်ချို့ က
ငြိမ်းချမ်းရေး အကြောင်း ပြောပြော နေချိန်မှာ ငြိမ်းချမ်းရေးေ ဆွးနွေးနေမှုကို ပျက်ပြားစေမဲ့  အကြောင်း တွေပဲ ပြော
နေတာကိုေ တွ့ နေ၊ ကြားနေရတယ်. ..တလောက ကျင်းပ တဲ့ သတင်းစာ ရှင်းလင်းပွဲမှာလည်း ကြိုတင် အစီရင်ခံ တင်
ပြ ရေးသား ထားတဲ့  စာတွေကို အသဲအသန် ခေါင်းငုံ ဖတ်ပြနေလိုက်တာများ...ပြီးတော့ မှ လက် ညှိုးတစ်ချောင်းေ ထာင်ပြီး ပြောတဲ့ စကား ( အင်အား အရ လုပ်ချင်တာ လုပ်လို့ ရတယ်) တဲ့ ၊ဒီစကား ပြောသင့် လား
မပြောသင့် လား ဆိုတာ ပြန်ကြားရေး ရာထူးယူထားတဲ့ ဒီလူ အသိဘူးလား၊ ဒီအချိန်အခါမှာ ဒီလိုစကားေ ပြာတာ ဘာဖြစ်သွားနိုင်မလဲ... အဲဒီစကား က သူရင်ထဲ ကထွက်လာတဲ့ စကားပဲ . ..သတင်းစာထဲမှာ အဲဒီ စကားမပါဘူး၊ဘယ်ပါမလဲ ကြိုရေးထားတဲ့  စာထဲမှာ မှမပါတာ ၊ သူ့ ကိုယ်ပိုင်စကားဆိုလို့  အဲဒီ စကား တစ်ခွန်းပဲပါတာ ။ တခွန်းပြော တခွန်းမှားပါလား ကျော်ဆန်းရယ်... .တော်သင့် ပါပြီ
ဒင်းမှ မဟုတ်ပါဘူး ကို ယ့် ကို ကိုယ် လူကြီးလို့ ခံယူထားတဲ့ လူ အားလုံး မိန့် ခွန်းတွေ ပြောကြားရာမှာ ကြိုရေးပေး
ပြီးသား စာရွက် ကြီးကို ကိုယ်ပြော သလို ဖတ်မပြပဲ ၊ကိုယ့် ရင်တွင်းက စေတနာအမှန်နဲ့ ပွင် အံ့ ထွက်ကြလာမဲ စကား စစ်စစ် တွေပဲကြားချင်ပါတယ်၊ မပြောတတ်ရင် အမေ ဒေါ်အောင်းဆန်းစုကြည် ဆီမှာ သွားသင် လိုက် ၊အမေစု မိန့် ခွန်းတွေ ဆို ရင်တွင်းက ထွက်လာတဲ့  စကားစစ်စစ်တွေ ၊ စာရွက်ကြီး ကြည့် ပြီးဖ တ်ပြနေတာ မဟုတ်ဘူး သိရဲ့ လား....

written by !=46818, September 08, 2011
မဟုတ်တာတွေ တော်တော် ပြောတတ်တဲ့ အသက်ကြီးပြီး အချိန်မစီးဘူး ဆိုတာ ပြသတာဘဲ.. ကိုယ့်ဘက် ကိုယ်ယက်တာ သိပ်များနေပြီး... သူများကိုကျတော့ မလုပ်ချင်တာကို လိုက်လုပ်ခိုင်း ကိုယ်ကျတော့ သူများေ တာင်းဆိုတာကို မပေး.. ဒါများတော င်ပြောမြောက်ပြော.. .ဒီအတိုင်း ဆက်သွားရင် ဘယ်တော့မှ ငြိမ်းချမ်းရေး ရမှာမဟုတ်ဘူး..
written by JHMW, September 08, 2011
When ever come to listen their words or speech, it is seeing that the so called rebel leader' speaking always speak out more reasonable and clearer than the so called government top leader. So, I don't know who are really leading our country? The solution station is just near here but the journey is too long and never come to end. The so called Myanmar government who are alway pretending sleeping, it is not easy to wake them up.
written by ထနောင်း, September 08, 2011
ရရင်ဇွတ်ငြင်းမယ်.. အဖြေနိုင်ရင် ငိုပြမယ်။
written by Kyaw, September 08, 2011
No ceasefire until the Government has a clear ambition of a true peace.
Why it is too difficult to talk to UNFC. Is the Government trembling to confront UNFC?? FAil to do so will only worsen the problems.
Why it is too difficult to talk to UNFC. Is the Government trembling to confront UNFC?? FAil to do so will only worsen the problems.
written by james, September 08, 2011
We don't want it anymore liar. We will fight to the end. Just prepare for your grave, I mean all of you.
written by Burmese, September 07, 2011
ဦှးဆော်ကြမ်းကတော့ကွာ... အလုပ်ကပြ န်လာတာနဲ့ ဒါ ဖွင့်လိုက်တာ ရင်ကိုနင့်ေ နတာပဲ ရုပ်ကြည့်ရတာ။
written by Nyein Moe, September 07, 2011
ဦးကျော်ဆန်း နှင့် စစ်တပ်ခေါ င်းဆောင်တွေ သတ္တိ၇ှိဖို့ လိုတယ်။ ကလိမ်ကကျစ် အပြုအမှု အပြော အဆိုတွေ ရှောင် သင့်ပါပြီး။ လူထုကို လိမ်လည် လှည့်ဖြားေ နတာတွေ ရပ်လိုက်ပါတော့။ သိပ်ရှက်ဖို့ ကော င်းတယ်။ ရှက်တက်မယ် ဆိုရင်။ ဗမာပြည်သူ တစ်ရပ်လုံးကို လိမ်တယ်၊ ကမ္ဘာကို လိမ်တယ်။ ကိုယ့်ကို ကိုယ်လိမ်တယ်။ ဖြောင့်ဖြော င့်မှန်မှန် ပြောဖို့  တိုင်ပြည်အပေါ် အမှန်တကယ် သစ္စာရှိဖို့ လိုနေပြီး။
Write comment
| < Prev | Next > |
|---|