ထိုင်းစစ်ဗိုလ်ချုပ် နေပြည်တော်သွား

E-mail Print
ထိုင်း ကြည်းတပ် ဦးစီးချုပ် ဗိုလ်ချုပ် Prayut Chan O Cha သည် နေပြည်တော်သို့ ယမန်နေ့က သွားရောက်ပြီး ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် အပါအ၀င် ထိပ်တန်း ဗိုလ်ချုပ်များနှင့်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း မြန်မာအစိုးရ သတင်းစာများတွင် ယနေ့ ရေးသားထားသည်။

Prayut_Chan_O “နှစ်နိုင်ငံ တပ်မတော်များ ချစ်ကြည်ရင်းနှီးမှုမြှင့်တင်ရေး၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းမှု ရှိစေရန်နှင့် တပ်မတော် နှစ်ရပ် အကြား ညှိနှိုင်းဆောင်ရွက်ရေး ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်” ဟု အစိုးရ သတင်းစာက ဆိုသည်။

ထိုင်းသတင်းဌာနများတွင် ဖော်ပြထားချက်အရ ဘာသာစကား အပြန်အလှန် သင်ကြားရေး၊  နယ်စပ်ပြဿနာများ အရေး၊ မူးယစ်ဆေးဝါး ရောင်းဝယ်မှု တိုက်ဖျက်ရေး စသည်တို့ကို ဆွေးနွေးရန်ရှိကြောင်း ခရီးစဉ် မစတင်မီ ဗိုလ်ချုပ် Prayut Chan O Cha က ပြောကြားခဲ့သည်ဟု သိရသည်။

သမ္မတ ဦးသိန်းစိန် အစိုးရတက်လာပြီး နောက်ပိုင်း ထိုင်းနှင့် မြန်မာ အာဏာပိုင်များ အကြား တွေ့ဆုံမူ ပိုစိတ်လာသည်။

ပြီးခဲ့သည့်လတွင်လည်း မူးယစ်ဆေးဝါး ပူးပေါင်း နှိမ်နင်းရေးအတွက် နှစ်နိုင်ငံ ကိုယ်စားလှယ်များ ရန်ကုန်တွင် ၂ ရက်ကြာ ဆွေးနွေးခဲ့သေးသည်။

တနင်္လာနေ့ကလည်း နယ်စပ်ဖြတ်ကျော် မှုခင်း နှိမ်နှင်းရေးဌာန တာဝန်ခံ ရဲ ဒုဗိုလ်ချုပ်ကြီး ရတ်ဖိဖတ် ပါလအုန်က

မြန်မာနိုင်ငံ အပေါ် ထားရှိသည့် ထိုင်းအစိုးရသစ်၏ မူဝါဒ၊  နယ်စပ်ဖြတ်ကျော်မှုခင်း နှိမ်နှင်းရေး ဆိုင်ရာ ညွန်ကြားချက်များအကြာင်းကို နယ်စပ်ဒေသ မဲဆောက်မြို့ အခြေစိုက် သတင်းထောက်များကို ပြောကြားခဲ့သည်။

"ကျနော်တို့အစိုးရ မှာ မြန်မာလူမျိုးစု လက်နက်ကိုင် အဖွဲ့တွေကို လက်နက် ထောက်ပံ့တဲ့ မူဝါဒ မရှိဘူး။ လူမျိုးစု လက်နက်ကိုင်အဖွဲ့တွေကို ကူညီနေသူတွေ လက်နက်မှောင်ခိုတွေကို စစ်ဆေးတွေ့ရှိခဲ့မယ် ဆိုရင်တော့ ဘယ်သူပဲ ဖြစ်ဖြစ် ပြင်းပြင်း ထန်ထန် အရေးယူသွားမှာဖြစ်တယ်" ဟု ဒုဗိုလ်ချုပ်ကြီး ရတ်ဖိဖတ် ပါလအုန်က ပြောသည်။

အိမ်နီးချင်း မိတ်ဆွေနိုင်ငံ၏ ပြည်တွင်းရေးကို လုံးဝ ၀င်ရောက် စွက်ဖက်မည် မဟုတ်ဟုလည်း သူက ဖြည့်စွက် ပြောကြားသည်။

ဒေသခံ ရဲတပ်ဖွဲ့များနှင့် တွေ့ဆုံရာတွင် လက်နက်မှောင်ခို နှိမ်နှင်းရေးကို အဓိက ပြောကြားခဲ့ပြီး နယ်စပ်ဖြတ်ကျော် မှုခင်းများဖြစ်သည့် မော်တော်ယာဉ် ခိုးထုတ်မှု အပါအ၀င် မူးယစ်ဆေးဝါး ပြဿနာများကို အထူး နှိမ်နှင်းသွားရန်လည်း ညွန်ကြားခဲ့သည်ဟု ဆိုသည်။
Comments (1)Add Comment
0
အာဏာသိမ်းအုံးမလို့ လား
written by ခင်မောင်မြင့်, September 16, 2011
ထိုင်းဗိုလ်ချုပ်တွေ မြန်မာနိုင်ငံကို လာလည်ပြီး ပြန်ရင် အာဏာ သိမ်းတတ်ကြတယ်။ ယဉ်လတ်ရေ သတိထားအုံး။

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်