ပုသိမ်လယ်သမားများ ၀န်ကြီးရုံးသို့ ချီတက်

E-mail Print
ပုသိမ်ခရိုင် ငွေဆောင်မြို့နယ် ပတ်ဝန်းကျင် ရွာများမှ လယ်သမား ၁၅၀ ကျော်သည် အသိမ်းခံထားရသော မြေဧက ၂၀၀၀ ကျော် အရေး ညှိနှိုင်းမှုရရန်အတွက် ယနေ့နံနက်က ဧရာဝတီတိုင်း အစိုးရအဖွဲ့ ၀န်ကြီးရုံးသို့ စီတန်းလမ်းလျှောက် တောင်းဆိုခဲ့ကြောင်း သတင်းရရှိသည်။

150_walkers
လုပ်ငန်းရှင်များနှင့် စစ်တပ်က သဇင်ရွာမ၊ ဂျိုင်လယ်၊ မျှင်တိုး၊ သဇင်မှော်၊ ဖုန်းမောင်ကြိုင် စသည့် ကျေးရွာအုပ်စုတို့မှ  လယ်၊ ယာ၊ ဥယျာဉ်ခြံမြေများကို သိမ်းဆည်းပြီး နောက်ပိုင်း  အလုပ်လက်မဲ့ဖြစ်သွားသည့် ၎င်းတို့၏ အခက်အခဲများ ဖြေရှင်းပေးရန် ရေးသား တောင်းဆိုထားသောစာကို ၀န်ကြီးရုံးသို့ ပေးအပ်ခဲ့သည်ဟု ဆိုသည်။

“တိုင်းဝန်ကြီးချုပ် ဦးသိန်းအောင်က ကောင်းကောင်းမွန်မွန်ပါပဲ။ လူချင်း ခေါ်တွေ့ပြီး ၃ ရက်အတွင်း ကွင်းဆင်းစစ်ပေးပါ့မယ်၊ ပြေလည်အောင်၊ အကောင်းဆုံးဖြစ်အောင် ညှိနှိုင်းဖြေရှင်းပေးပါ့မယ်ပဲလို့  ပြောတယ်။ ပြန်ရမလား၊ လျော်ကြေး ပေးမလားကတော့ သူတို့ ဘယ်လိုလုပ်ပေးမလဲဆိုတာ စောင့်ကြည့်ရမှာပေါ့” ဟု ဖုန်းမော်ကြိုင်ရွာမှ လယ်ပိုင်ရှင်တဦးက ပြောသည်။

၂၀၀၀ ပြည့်နှစ်နှောင်းပိုင်းတွင် ယုဇနကုမဏီက ထိုဒေသမှ လယ်မြေများ သိမ်းဆည်းခဲ့ပြီး၊ ကာလပေါက်ဈေးထက် လွန်စွာနည်းပါးသောငွေကိုသာ လျော်ကြေးအဖြစ် ပေးခဲ့သည်ဟု ဆိုသည်။

“အဲ့ဒီတုန်းက စက်နဲ့ထိုးပစ်မယ် ဘာညာနဲ့ ခြိမ်းခြောက် မောင်းထုတ်တော့ ကြောက်တာရော၊ နားမလည်တာရောနဲ့ သူတို့ပေးသလိုပဲ ယူခဲ့တာ။ လယ်တွေတော့ ပြန်လိုချင်တာပေါ့။ ဒါပေမယ့် သူတို့က ငါးကန်၊ ပုစွန်ကန်ကြီးတွေ တူးထားတော့ ဘယ်လိုလုပ်ရမလဲ မသိဘူး” ဟု လယ်ပိုင်ရှင်က ပြောသည်။

၂၀၀၆ ခုနှစ်တွင် အမှတ် (၁) လေကြောင်းရန်ကာကွယ်ရေးတပ်က သဇင်မှော်ရွာမှ ဒေသခံ ၂၅ ဦးတို၏ ခြံမြေဧက ၁၀၀ ကျော်ကို သိမ်းလိုက်သည်ဟု ခြံပိုင်ရှင်များက ဆိုသည်။

“သူတို့ ကားတွေနဲ့ ၀င်လာ၊ အဆောက်အအုံတွေ လာဆောက်တယ်။ စသိမ်းကတည်းက ခြံထဲကို ၀င်ခွင့် လုံးဝ မရတော့ဘူး။ အခုဆို တနေ့ ၁၅၀၀ နဲ့ နေ့စားအလုပ် လုပ်ပြီး မိသားစု စားဝတ်နေရေးအတွက် ဖြေရှင်းနေရတာ။ ခြံတွေ ဆိုတာလည်း ပေါင်းသင်တာ မလုပ်နိုင်ဘဲ ပစ်ထားရတော့၊ ပြန်ရလည်း ကျနော်တို့ဘာမှ လုပ်စားလို့မရတော့ဘူးဗျ။ ကျနော်တို့ကတော့ ထိုက်တန်တဲ့ လျော်ကြေးငွေ လိုချင်ပါတယ်” ဟု ထိုရွာမှ သီဟိုဠ်ခြံပိုင်ရှင်တဦးက ပြောသည်။

ဒေသခံများ အစဉ်အဆက် လုပ်ကိုင် စားသောက်လာသော လယ်ယာမြေများ ဆုံးရှုံးသွားရပြီး စားဝတ်နေရေး ခက်ခဲနေကြကြောင်း လယ်သမားတို့ကို ကူညီပေးနေသည့် လူ့အခွင့်အရေး စောင့်ကြည့် ကာကွယ်ရေး ကွန်ရက်အဖွဲ့ (HRWDN) က ဆိုသည်။

“ဆယ်စုနှစ် တနှစ်လောက် ရှိနေပြီဗျာ။ မတရား သိမ်းခံထားရတာ။ သူတို့မှာ လယ်ပိုင်ရှင်ဘ၀ကနေ လယ်မဲ့ယာမဲ့နဲ့ လယ်ကူလီဘ၀ ပြန်ရောက်နေကြပြီး ဆင်းရဲ ကျပ်တည်းစွာနဲ့ လုပ်ကိုင် စားသောက်နေကြရတာ အရမ်း သနားဖို့ ကောင်းတယ်။ ဒါမျိုးတွေက မဖြစ်သင့်ဘူး” HRWDN မှ ကိုမြင့်နိုင်က ပြောသည်။

လယ်ယာမြေ သိမ်းဆည်းမှု၊ လယ်မြေ ပြန်ရလိုဖြင့် တရားစွဲဆိုသူတို့ကို အကျဉ်းချမှု၊ မြေအသိမ်းခံရမှုကူညီသူတို့အား အရေးယူမှုများ နိုင်ငံအနှံ့ ဖြစ်ပေါ်နေသည်ဟု သူက ဆိုသည်။

HRWDN မှ ကိုထွန်းထွန်းဦးကလည်း “တောင်သူလယ်သမားတွေက ကျနော်တို့နိုင်ငံအတွက် ကျေးဇူးရှင်ဦးကြီးများဗျ။ ဒီတောင်သူလယ်သမားတွေရဲ့ ဘ၀ကို တနိုင်ငံလုံးက ပြည်သူတွေက စာနာရမယ်။

ထောက်ထားရမယ်။ အစိုးရအနေနဲ့ကလည်း မြန်မာနိုင်ငံက စိုက်ပျိုးရေးနိုင်ငံ ဖြစ်တဲ့ အတွက် သူတို့ရဲ့ ဘ၀မြှင့်တင်ပေးရေးကို  စိတ်ဝင်စားရမယ်။ ဒီလိုမျိုးတွေ လုပ်နေတာကတော့ လယ်သမားတွေအပေါ် တရားမျှတမှု မရှိတာပဲဗျ” ဟု ပြောဆိုသွားသည်။
Comments (6)Add Comment
0
...
written by zaw thun, September 17, 2011
they alway do jike that.don"t care people,all people must do like thah LYBRA.i will support to them.
0
လယ်သမားအရေး
written by aung than tun, September 17, 2011
ခုလိုလယ်သမားတွေ သတ္တိရှိလာ ကြတာကို ကြည့်ပြီး အားရကြေန ပ်မိပါတယ် ။ခေတ်ေ တွပြောင်းလြဲ ပီးလူေ တွရဲ့ အသိဥာဏ်ေ တွပြောင်းလဲလာ တာကြို ကံ့ဖွတ်အ စိုးရအနေနဲ့ သတိပြုသင့်ပါပြီ။
0
ညီညီညွတ်ညွ တ်နဲ့ အောင်မြင်အောင်ေ ဆာင်ရွက်နိုင်ကြပါေ ။။။။။။။။
written by ခလေးကြီး, September 16, 2011
တောင်းဆိုကြတဲ့လယ်သမားများ၊ ကူညီမှုပေးတဲ့HRWDN၊ သတင်းကို အများသိအောင်ေ ဖ်ာပြပေးတဲ့ irriwaddy
အားလုံးကိုအထူးေ ကျးဇူးတင်ပါတယ်။ တစ်ကယ်လုပ်ကြ တောင်းဆိုကြတယ် ဆိုရင် အောင်မြင်ြ ပီးမြောက်ေ အာင် ညီညီညွ တ်ညွတ်နဲ့ကြိုး စားကြဖို့တို က်တွန်းလိုပါတ ယ်။ကျွန်ေ တ်ာက ဂျိုင်လယ် ရွာသား တစ်ယောက်ပါ။
လယ်သိမ်း တဲ့အထဲမှာ ကျွန်တော်တို့လယ်မြေအား လုံးပါသွားပါတယ်။ မသိနားမ လည်တဲ့လယ်သမား ပြည်သူတွေကို နားလှည့်ပါးရိုက်သလို မရောင်းရင်ဘဲ အလားကားသိ မ်းမယ်ဆိုတဲ့ကေ ဘာမျိုးတွေေ ပြာပြီး အာဏာနဲ့ငွေေ ကြးပေါင်းပြီးလုပ်ခဲ့ကြ တာပါ။ကျွန်ေ တ်ာတို့ဖိုးမောင် ကြိုင်၊ဂျိုင် လယ်မှာဆိုရင် ယုဇန company တစ်ဦးထဲ သိမ်းယူခဲ့တာပါ။ သဇင်ဖက်မှာတော့ ယုဇန၊ရွေခရုနဲ့ တစ်ခြား company တွေ သီးခြားစီ သိမ်းယူခဲ့ကြပါတယ်။ တကယ် တမ်းဆို သူတို့လု ပ်တဲ့ပုဇွန်က န်တွေဟာ မအောင်မြ င်ပါဘူး သူတို့အောင်မြင်တာမအော င်မြင် တာတစ်ပိုင်းပါ ကျွန်တော်တို့ ဘိုး၊ဘေး၊ ဘီဘင်လက်ထက် ကတည်းက ပေါက်တူး တစ်လက်နဲ့ တည်ခြဲ့ ကတဲ့လယ်မြေတွေကို လပိုင်းနှ စ်ပိုင်းလေး အတွင်းမှာ အားလုံးပျက်စီးအောင် ဖျက်စီးခဲ့ ကြတာတော့ အမှန်ပါဘဲ။ အဲ့ဒီ လယ်မြေတွေကို တိုင်းဝန်ကြီး ချုပ်သွားကြည့်လဲ ဘာမှပြန်လုပ်လို့ မရတော့ပါဘူး ။အားလုံးေ ရငံတွေဝင်ပြီး ပျက်စီးေ နတဲ့ အရာတွေဘဲေ တွ့ရမှာပါ။ အခုဆို ဘာ ပုဇွန်မှကို မမွေးတော့ပါဘူး
အလွန်ဆုံးေ မွးခဲ့ရင်လဲ တစ်ဧက ၊နှစ်ဧကပါဘဲ။ သူထေးက ဘာမှ မဖြစ်ပေမဲ့ လယ်ယာမဲ့လယ်သမားတွေ ဘ၀ကတော့ရင်နင့်စရာ၊လု ပ်ကိုင် စားစရာမရှိ ဖြစ်နေရပါပြီ။ ဆယ်စုနှစ် တစ်ခုစာ ရင်ထဲမှာကြိ တ်မနိုင်ခဲမရ နဲ့ဆင်းရဲသား ဖိနိပ်ခံ လယ်သ မားပြည်သူတွေ ရဲ့ဘ၀ပါ။
အဓိက တရားခံကတော့ နအဖ အစိုးရနဲ့ ကိုကျိုးဘဲကြည်တဲ့ သထေးဆို တဲ့လူတွေပါဘဲ
ပြောင်းလဲခဲ့ ပြီဆိုတဲ့ အစိုးရ သစ်ကြီးက ၀မ်းရေးပြသနာေ ကြာင့်တော င်းဆိုတဲ့ လယ်သ မားတွေရဲ့ဘ၀ ကိုစာနာနားလ ည်ဖြေရှ င်းပေးနို င်ပါစေလို့ဆုေ တာင်းပါ တယ် ဗျာ။ကျွန်ေ တ်ာကတော့ ရွာမှာ လုပ်စားစရာမ ရှိတော့လို့ စင်္ကာပူမှာ ကျွန်ခံနေရ ပါတယ်။

0
လယ်သမားများသို့
written byုကိုဘို, September 16, 2011
အေးအေးချမ်းချမ်းနဲ့ လယ်လုပ်စားတဲ့ပြ ည်သူတွေဘဝက ကြာခဲ့ပါပြီဗျား အဖိနှိပ် ခံခဲ့ရတာ
မဆလ နဝတ နအဖ ခေတ် အဆက်ဆက်ပါပဲ လယ်သိမ်းလိုက် စပါးသိမ်းလိုက် နဲ့ အနိုင်ကျင့်
ခံခဲ့ရ တာတွေကတော့ ပြော မဆုံးတော့ပါဘူး ဒုတိယဆရာစံ တယောက်လောက်များပြ န်ပေါ်လာရင်
သိပ်ကောင်းမှာပဲ မဟုတ်ရင် လယ်သမားတွေရဲ့ ဘဝကို ကာကွယ်မဲ့သူ မရှိဘူးဖြစ်နေတယ်။
0
congratulations
written by theglobalgoodness, September 16, 2011
Great! the farmers have done a right and excellent thing!
Continue to show your unity.
The power is within us, in us and through us.
We are continuing to do with our utmost ability for our own
rights and that of our generations.
0
Congradulations People in Ngwe Saung
written by joyboy, September 15, 2011
I have never thought farmers in Ngwe Saung wil never be brave enough to fight for their human rights. This is amazing. Look at this about 150 farmers have marched up in unity. Although the authority will not return all of your lands , the unity you all have is the greatest success with be will you all in the history. Without lands, farmers sitll have a good future but without unity there will be no good future for all the people in Myanmar not only people in Ngwe Saung. Congraulations! respectful farmers, keep up your unity and build it up to be a big unity in your hometown for your own rights and your generation rights.

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်