ကားအစားထိုးလဲခွင့်ကြောင့် ဒေါ်လာဈေး ထိုးတက်

E-mail Print
သက်တမ်းကြာမြင့်နေသော ကားဟောင်းများကို အမေရိကန်ဒေါ်လာ ၃၅၀၀ ထက်မပိုသော ကားများနှင့် အစားထိုး လဲလှယ်ခွင့်ပြုမည့် အစီအစဉ်ကြောင့် အမေရိကန်ဒေါ်လာနှင့် FEC ၀ယ်ယူသူများကာ ဈေးကွက်တွင် ဒေါ်လာဈေး ထိုးတက် နေကြောင်း သတင်းရရှိသည်။

B104-RangoonCars
အမေရိကန်ဒေါ်လာသည် စက်တင်ဘာလ ၁၅ ရက်တွင် ၀ယ်ဈေးတဒေါ်လာ ၈၀၅ ကျပ်၊ ရောင်းဈေး ၇၉၅ ကျပ်ဈေးရှိပြီး FEC တယူနစ်လျှင် ၀ယ်ဈေး ၇၇၀ ကျပ်၊ ရောင်းဈေး ၇၆၀ ဖြစ်ကာ ပို့ကုန်ရငွေ အမေရိကန် ဒေါ်လာမှာ တယူနစ်အတွက် ၈၀၈
ကျပ်အထိ ဖြစ်သွားသည်။

အမေရိကန်တဒေါ်လာလျှင် ၆၈၀ ကျပ်အထိ ဈေးကျနေရာမှ ယခုကဲ့သို့ တဖြည်းဖြည်း ဈေးပြန်လည် တက်လာခြင်းဖြစ်သည်။

နှစ် ၄၀ ကျော် သက်တမ်းရှိ ကားများကို ဦးစားပေး အစီအစဉ်နှင့် လာမည့် စက်တင်ဘာလ ၁၉ ရက်နေ့မှ စတင် လဲလှယ် ပေးမည်ဖြစ်ရာ ကားလဲလိုသူများသည် ကားဝယ်ရန် ဒေါ်လာဝယ်ယူ စုဆောင်းကြသဖြင့် ဒေါ်လာနှင့် FEC ဈေး ပြန်လည် မြင့်တက် သွားခြင်းဖြစ်သည်။

“ကားလဲပေးမယ့် ရက်နီးလာလေ ဒေါ်လာနဲ့ FEC နှစ်ခုစလုံးပြိုင်တူ ဈေးတက်လာလေပဲ။ Demand က တက်နေတယ်။ ရှေ့လျှောက် ၀ယ်အား ပိုတက်မယ်။ နယ်စပ်ကလည်း ဒေါ်လာ တောက်လျှောက် ၀င်တယ်။ ၀င်သလောက် အ၀ယ်ရှိတော့ ဈေးမြင့်တယ်” ဟု တရားမ၀င် ဒေါ်လာဈေးကွက်မှ နိုင်ငံခြားငွေကြေး ရောင်းဝယ်သူတဦးက ပြောသည်။

အစိုးရက ပြင်ပဈေးကွက် ဒေါ်လာနှင့် FEC များကို အစိုးရဘဏ်များသို့ ထည့်သွင်း ငွေစာရင်း ဖွင့်လှစ်ခွင့်ပြုထားပြီး အဆိုပါ ငွေစာရင်းဖြင့် ပြည်ပမှ ကားများ မှာယူတင်သွင်း ရမည်ဖြစ်သည်။

“မြန်မာ့ ရင်းနှီးမြုပ်နှံမှုနဲ့ ကူးသန်းရောင်းဝယ်ရေး ဘဏ် (MICB) နဲ့ မြန်မာ့ နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) နှစ်ခု စလုံးမှာ နိုင်ငံခြားငွေနဲ့ ငွေစာရင်းဖွင့်ခွင့် ပေးထားတယ်။ သွင်းလာတဲ့ ငွေကြေးရဲ့ ၁၀ ရာခိုင်နှုန်းကို အခွန် ဖြတ်တောက်မှု ရှိမယ်။ ဒီငွေကို ပြပြီး ကားသွင်းခွင့် ရမှာပါ” ဟု ရန်ကုန် အခြေစိုက် စီးပွားရေး လုပ်ငန်းရှင် တဦးက ဆိုသည်။

အစိုးရဘဏ်များတွင် အမေရိကန်ဒေါ်လာ ၁ သိန်းနှင့်အထက် ပြနိုင်သော စီးပွားရေး လုပ်ငန်းရှင်များ၊ အမေရိကန်ဒေါ်လာ ၃ သောင်းနှင့်အထက် ပြနိုင်သော သင်္ဘောသားများနှင့် ပြည်ပတွင် တရားဝင် သွားရောက်အလုပ်လုပ်သူ မြန်မာ အလုပ်သမား များကို ကားတင်သွင်းခွင့် ပြုမည်ဟု ထုတ်ပြန်ထားသည်။

ဒေါ်လာဈေး မြင့်တက်ချိန် ရွှေဈေးလည်း တက်နေပြီး စက်တင်ဘာလ ၁၅ ရက်က အခေါက်ရွှေ တကျပ်သားလျှင် ၇၃၄၀၀၀ ကျပ် အထိ ဈေးထိုးတက် သွားသည်။

“ရွှေဈေးက ဆက်ကိုတက်ဖို့ပဲ ရှိတယ်။ ဒေါ်လာဈေး တက်လေလေ ရွှေဈေးတက်လေ ဖြစ်မှာပဲ။ ရွှေဈေးမှ မဟုတ်ပါဘူး။ တခြား ကုန်ဈေးနှုန်းတွေလည်း လိုက်တက်မယ်” ဟု ရွှေကုန်သည် တဦးက ရှင်းပြသည်။

အစိုးရသည် နှစ် ၄၀ ကျော် ကားများကို စက်တင်ဘာလ ၁၉ ရက်မှ အောက်တိုဘာလ အတွင်း နှစ် ၃၀ မှ ၄၀ ကြား ကားများကို နိုဝင်ဘာလမှ ဒီဇင်ဘာလအတွင်း၊ နှစ် ၂၀ မှ နှစ် ၃၀ အကြား ကားများကို ၂၀၁၂ ဇန်န၀ါရီမှ မတ်လအတွင်း လဲလှယ်ခွင့် ပြုမည်ဖြစ်သည်။
Comments (5)Add Comment
0
Public Transport
written by အိသူ, September 18, 2011
ယာဉ်ကျောပိတ်ဆို့ မှု၊ ယာဉ်ရပ်နားနေရာ ရှားပါးမှုကိစ္စများ လျော့ပါးသွားအောင် ကိုယ်ပိုင်ယာဉ်များ တင်သွင်းခွင့်ပြုမဲ့
အစား အများပြည်သူများ အဆင်ပြေ လွယ်ကူစွာနေ့ စဉ် သွားလာနိုင်အောင် အများသုံး ယာဉ်များ၊ ဥပမာ မြေအောက်ရထား၊ မိုးပျံရထား၊ ဓာတ်ရထား၊ ဘတ်စ်ကား၊ မြစ်ချောင်း အမြန်ကူးတို့ (ကျောက်ဖရားမြစ် တစ်လျှောက် ပြေးဆွဲနေသော ကူးတို့ မျိုး) စတဲ့ Public Commuter စံနစ်ကိုထိေ၇ာက်စွာ အကောင်အထည်ေ ဖ်ာသင့်ပါသည်။
0
လာပြန်ပြီ ဒေါ်လာအတက်အကျ
written by ရင်မခုန်နိုင်ပါ, September 17, 2011
ဘာကြောင့်ပဲ ဒေါ်လာဈေး တက်တက်၊ ကျကျပါ ဘာမဟုတ်တဲ့ဒီလို အတက်အကျမျိုးေ ကြာင့်တော့ ကုန်ဈေးနှုန်း မထိခိုက်စေချင်ပါဘူး။ ဒေါ်လာဈေး တက်လို့ ကုန်ဈေးနှုန်း တက်တယ်။ ဟော.. ဒေါ်လာဈေးနှုန်းလဲ ကျရော... ကုန်ဈေးနှုန်းက မသိသလိုပဲေ နလိုက်တယ်... ခဏဆို တက်ပြန်ပြီဒေါ်လာ.. ကုန်ဈေးနှုန်းလည်း လိုက်တက်ပြန်ရော... စားသုံးသူ ပြည်သူတွေ နာလွန်းတယ်ဗျာ.. တစ်နေ့လုပ်တစ်ေ န့စားတွေအတွက်ဆို ရစရာမရှိဘူး... ကမ္ဘာ အတိုင်းအတာနဲ့ စီးပွားရေး အတက်အကျကြောင့် ဒေါ်လာ တက်တာကျတာ... ကုန်ဈေးနှုန်း အပြောင်းအလဲ ရှိတာ နာလည်ပေးလို့ ရနိုင်ပေမယ့်... ဒီလို ဘာမဟုတ်တဲ့ ကိစ္စ (ကိုယ်ရေး ကိုယ်တာကိစ္စ)ကြောင့် ဒေါ်လာတက်ပြီး ကုန်ဈေးနှုန်း လိုက်တက်ရတာမျိုြး ဖစ်မှာကိုတော့ လက်မခံနိုင်ဘူးဗျာ... နိုင်ငံတော် အစိုးရအနေနဲ့.. စီးပွားရှင်တွေ အနေနဲ့.... ဥပဒေပြုသူတွေ အနေနဲ့ အမြဲ ထိန်းသိမ်ြး ကပ်မတ်ပေး စေချင်တယ်ဗျာ... မြန်မာနိုင်ငံ ပြည်သူပြည် သားတွေအတွက်ပါ.... မြန်မာနိုင်ငံသူ နိုင်ငံသားတွေရဲ့ စိတ်ထဲမှာ အခြေခံ စား၊ ၀တ်၊ နေရေးအတွက် ကျီးလန့်စာလို မဟုတ်ဘဲ အမြဲတမ်း ရင်အေး နေသင့်ပါပြီ။
0
Tax
written by haveyousay, September 16, 2011
နိုင် ငံ တော် ကို တ ရား ၀င် အ ခွန် ဆောင် ထား ပြီး ဘဏ် မှာ ဒေါ် လာ ၃၀၀၀၀ သွင်း ထား တဲ့  သူ ကား ပါ မစ် ရ ပြီး ထား ပါ တော့ အ ခွန် နန်ုး က ဘယ် လောက် တောင် ထပ် ဆောင် ရ အုန်း မ လည်း အ ခွန် ဆောင် ထား ပြီး တဲ့  သူ့  တွေ အ ပေါ် အ ခွန် နှစ် ခါ ဆင့် ကောက် သ လို ဖြစ် မ နေ ဘူး လား. နိုင် ငံ တော် ကို ဆောင် နေ တဲ့  အ ခွန် တွေ အ တွက် ခံ စား ခွင့် ဆို တာ မ ရှိ တော့ ဘူး လား.........
0
Stupid Idea
written by pho tha aung, September 16, 2011
You can see now the stupid idea of our gov and ministers includingt the advisers for the PM. They only want to get benefit of their black money in hand and not for the real market exchange rate. It is a fake market. How can we accept 10% deduction after we paid our taxes in respective embassy just for opening the account in Myanmar to get import license. In this way how can they get the real Forex income but severe inflation on Kyats. Stupid idea. Isn't it?
0
တက်ကုန်ပြီနော်
written by ရာဇာ, September 16, 2011
တရားကျ ဘို့ကောင်းလိုက်တာ.....တရားဝင် နိုင်ငံခြား ငွေရတဲ့ သူတွေကြတော့ ဘဏ်မှာ ၃ သောင်း သွင်းထားမှ ကားသွင်းလို့ ရမယ်တဲ့.....အခုကား အဟောင်းရှိတဲ့ စီးပွါးရေး သမားတွေကြတော့ ဒေါ်လာ ဘယ်ကရသလဲ မမေးတော့ဘူးလား ဗျို့......အဲဒီ အနှစ် ၄၀ ကျော်တဲ့ ကားတွေက အစီးတရာ မှာ ၁၀ စီး လောက်ဘဲ လမ်းပေါ်သွားနေ ကြတာ... ကားလမ်းပိတ် လို့ဆိုတဲ့ ဆင်ခြေကြီး ကတော့ ရီစရာပါဘဲ.... သက်သက်ဂွင် ဖန်ပြီး သူတို့လူတွေ လုပ်စားနေကြတာပါ..... ဖင်မလီယာ ကားက သိန်း ၇၀ ဆိုရင် ဒေါ်လာ ၉၀၀၀ လောက်ဖြစ်သွားပြီ... .အဲဒီ ဒေါ်လာ ၉၀၀၀ တန် ကားကို ဖျက်ပြီး ဒေါ်လာ ၃၅၀၀ တန်ကား ကို ပြန်သွင်းရမယ်.. .. ဟာသ တွေတော့ ဖြစ်ကုန်ပြီ.....သွင်းကြပေါ့.. ..မာစီတီး ကားကို စာရွက်ထဲ ဒေါ်လာ ၃၅၀၀ ပြလိုက်ရင် သွင်းလို့၇မလား?...ရိုက်စား တွေတော့ ထောကြအုံးမှာပေါ့. ... ..ဂွင်ဖန်တဲ့ ခေတ်ဘဲ... .ဟွန်ဒီသမားများ ထောအံ့... ..ဒေါ်လာဈေးများ တက်အံ့... .ဆိုတဲ့ သင်္ကြန်စာ လေး မှန်သွားပြီ နော်.....smilies/grin.gifsmilies/grin.gifsmilies/grin.gifsmilies/grin.gifsmilies/grin.gif

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်