ကျန်းမာရေးချို့ယွင်းသူကိုလွှတ်ရန် AAPP တောင်းဆို

E-mail Print
ရောဂါမျိုးစုံကြောင့် ကျန်းမာရေး ထိခိုက်ပြီး ကောင်းစွာ လမ်းမလျှောက်နိုင်သော ကျောင်းသား ခေါင်းဆောင် တဦးကို အမြန်ဆုံး လွှတ်ပေးရန် AAPP ခေါ်နိုင်ရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက အစိုးရကို ယနေ့ တောင်းဆိုလိုက်သည်။

MyanmarPrisoners400အင်းစိန်ထောင်ရောက် ကိုဇော်လင်းထွန်းသည် အဆုတ်၊ ကျောက်ကပ်၊  နှလုံး ဆိုင်ရာရောဂါများ၊ အစာအိမ်ကင်ဆာ နှင့် အသည်းကင်ဆာ ဖြစ်ပွားနေပြီး အစာ ကောင်းစွာ မစားနိုင်သည်မှာ ၂ လ ကျော်ပြီဖြစ်ကြောင်း AAPP ၏ ထုတ်ပြန်ချက်တွင် ရေးထားသည်။

“လူသားချင်း စာနာ ထောက်ထားတဲ့အနေနဲ့ရော ကျန်းမာရေး အခြေအနေအရပါ ကိုဇော်လင်းထွန်းကို အမြန်ဆုံး လွှတ်ပေးပြီး အခုလို အသက်အန္တရာယ် ရင်ဆိုင်နေရတဲ့အချိန်မှာ သူ့မိသားစုတွေနဲ့အတူ နေထိုင်နိုင်ခွင့်ပေးဖို့ အလေးအနက် မေတ္တာရပ်ခံချင်ပါတယ်” ဟု AAPP  အသင်း တွဲဘက်အတွင်းရေးမှူး ကိုဘိုကြည်က ပြောသည်။

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်တွင် ပါဝင်သူ ကိုဇော်လင်းထွန်းသည် ၈ နှစ်ကြာ ထိန်းသိမ်းခံထားရပြီး လွတ်ရက်စေ့ရန်လည်း ၁၂ နှစ်လိုသေးသည်။

သူ၏မိတ်ဆွေ ဦးဌေး ဆိုသူက စက်တင်ဘာလ ၉ ရက်နေ့တွင် သမ္မတဦးသိန်းစိန်ထံသို့ စာတစောင်ပေးပို့ပြီး ကိုဇော်လင်းထွန်းအား ကျန်းမာရေးအခြေအနေအရ စောစီးစွာ လွှတ်ပေးရန် မေတ္တာရပ်ခံထားကြောင်း AAPP က ပြောသည်။ ရန်ကုန်မှ ကိုဇော်လင်းထွန်း၏ မိသားစုကလည်း အလားတူ မေတ္တာရပ်ခံစာ ပေးပို့ရန် ပြင်ဆင်နေသည်ဟု သိရသည်။

အင်းစိန်တွင် အကျဉ်းသား တသောင်းဝန်းကျင်အတွက် ဆရာဝန် ၃ ဦးသာရှိကြောင်း အကျဉ်းသားများအရေး လေ့လာစောင့်ကြည့်နေသော ထိုင်းနိုင်ငံအခြေစိုက် AAPP အသင်း၏ ထုတ်ပြန်ချက်က ဆိုသည်။

မြန်မာပြည်တွင် နိုင်ငံရေးလှုပ်ရှားမှုနှင့် ဆက်စပ်ပြီး အထိန်းသိမ်းခံရသူပေါင်း ၂၀၀၀ ကျော်ရှိသည်ဟု သိရသည်။

သြဂုတ်လကုန်ပိုင်းက  ကုလသမဂ္ဂ လူ့အခွင့်အရေး အရာရှိ မစ္စတာ ကင်တားနား၏ မြန်မာပြည်ခရီးစဉ်အတွင်း နိုင်ငံရေးအကျဉ်းသား အနည်းငယ် လွတ်မြောက်ဖွယ်ရှိသည်ဟုလည်း အကျဉ်းသားမိသားစု တချို့က မျှော်လင့်ခဲ့ကြသေးသည်။

နေပြည်တော်သို့ ရောက်သွားသော မစ္စတာ ကင်တားနားကို အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က နိုင်ငံရေး အကျဉ်းသားများအား ပြန်လွှတ်ရေးမှာ တည်ငြိမ်အေးချမ်းမှုကို အနှောင့်အယှက် မပြုကြောင်း သေချာသည့် အချိန်ရောက်မှသာ ဖြစ်နိုင်သည်ဟု ပြောလိုက်သည်။

မစ္စတာ ကင်တားနား မြန်မာပြည်မှ ပြန်လည်ထွက်ခွာပြီး နောက်တနေ့တွင် အာဏာပိုင်တို့က နိုင်ငံရေးသမားများနှင့် နီးစပ်သည့် တပ်မတော်အရာရှိဟောင်း ဦးနေမျိုးဇင်ကို ထောင် ၁၀ နှစ် ချလိုက်သည်။

ထောင်ဒဏ် ၈ နှစ် ချမှတ်ခံထားရသော အကျဉ်းသားတဦးဖြစ်သည့် ကိုစည်သူဇေယျသည် ဗုဒ္ဓဟူးနေ့က နောက်တိုး ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံလိုက်ရသည်။ ကိုစည်သူဇေယျသည် ၂၀၁၀ သင်္ကြန်ကာလ ရန်ကုန်မြို့ ဗုံးပေါက်ကွဲသည့်နေရာတွင် ဓာတ်ပုံရိုက်ကူးစဉ် ထိန်းသိမ်းခံရသူဖြစ်သည်။

မကြာသေးမီက အစိုးရသစ်တက်လာပြီး လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်သည့် အကျဉ်းသား ၁၇၀၀၀ ကျော်ထဲတွင် လွတ်ရက်စေ့တော့မည့် နိုင်ငံရေးအကျဉ်းသား  ဆယ်ဂဏန်းသာ ပါဝင်ကြောင်းသိရသည်။
Comments (2)Add Comment
0
...
written by ....., September 16, 2011
သူတို့ လွှတ်ပေးတဲ့ အကျဉ်းသားတွေက ခိုးမှု လူသက်မှု လိုမျိုး တကယ့် လူဆိုး အကျင့်ဆိုး တွေကို သာလွှတ်ပေးခဲ့ တာပါ ... အဲဒါလဲ နိုင်ငံအတွက် အရမ်း နစ်နာပါတယ် ဘာကြောင့်လဲ ဆိုတော့ မှုခင်း ဂျာနယ်တွေမှာ ဖက်ကြည့် ရင်သိပါတယ် ဒီလို လူမျိုး တွေလွတ်လာတော့ ယခင် လုပ်နေကြ တွေပဲ ပြန်လုပ်ကြတာပေါ့ အဲ ဒီတော့ ငြိမ်းချမ်းစွာ နေထိုင်လိုတဲ့ ပြည်သူပြည်သားတွေ အတွက် အနှောက်အယှက် ဖြစ်တာပေါ့
0
လူတွေမှ ဟုတ်ရဲ့လား
written by ရာဇာ, September 16, 2011
ဝဋ်ဆိုတာ နောင်ဘဝ မကူး ပါဘူး.... အာဏာ နဲ့ ငွေကြေး အတွက် လူတွေကို အသေခွဲ အရှင်ခွဲ လုပ်ခဲ့တာတွေ တနေ့တော့ ပြန်ပေးဆပ် ကြရမှာပါ..... အာဏာရှင် ကြဆုံးခန်း တွေက အနောက်ကနေ အရှေ့ကို ရွေ့လာပါပြီ... .အချိန်တန် ရင်ပြန်ပေးဆပ် ဘို့ပြင်ထား ကြပေါ့... .တူဘဝ ကနေ ပေဘဝ ရောက်မဲ့ နေ့ကို စောင့်ကြပါ.. ..ဒီလို လူစား မျိုး တွေကိုများ ဒေါ်စုက ယုံတယ် ဆိုတာ အံ့သြမိ ပါရဲ့...... .လူမဟုတ်ဘူး စက်ရုပ်တွေဗျ... ..smilies/angry.gifsmilies/angry.gif

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်