ဘာလင်တွင် ကျင်းပသည့် ၁၀ ကြိမ်မြောက် နိုဗဲလ် ငြိမ်းချမ်းရေးဆုရှင်များ တွေ့ဆုံဆွေးနွေးပွဲသို့ Chrysler ကားနက်များကို စီးနင်း၍ တက်ရောက် လာကြသော နိုဗဲလ် ဆုရှင်များဖြင့် ယင်းကြော်ငြာကို သရုပ်ဖော်ထားသည်။
အဖြူရောင် ကား ၁ စီးက ဘာလင်တံတိုင်းကို ဖောက်၍ မောင်းထွက်သွားရာ လွင့်စဉ်ထွက်လာသည့် အုတ်ခဲ အပိုင်း အစများက ချိုးဖြူငှက်များ အသွင်ပြောင်းပြီး ပျံသန်းသွားကြသည်။
ယင်းနောက် ကားဖြူလေး၏ တံခါးကို ဖွင့်လိုက်ရာ လိုက်ပါ စီးနင်းသူမဲ့နေပြီး မြန်မာနိုင်ငံ၏ ရွေးချယ်ခြင်းခံထားရသော ၀န်ကြီးချုပ် ဒေါ်အောင်ဆန်းစုကြည် ဟူသော စာတမ်းကို ရေးထိုး၍ ကြော်ငြာကို တင်ဆက်ထားသည်။
ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ ယခု လွှတ်ပေးရန် တောင်းဆို ထားသည် ဆိုင်းဘုတ်ကို ပြိုပျက်သွားသော တံတိုင်း နံရံပေါ်တွင် ချိတ်ဆွဲထားသည်။
ထိုစက္ကန့် ၃၀ကြာ ကြော်ငြာကို "> အင်တာနက် စာမျက်နှာတွင် ကြည့် ရှုနိုင်သည်။
“ဒီကြော်ငြာကို ယခုထိတိုင် အကျဉ်းကျခံဆဲဖြစ်သော ဒေါ်အောင်ဆန်းစုကြည် အတွက် ရည်ရွယ်သည်” ဟူသော နောက်ခံ စကားပြောသံကိုလည်း ထည့်သွင်းထားသည်။
ထို့အပြင် တောင်အာဖရိက သမ္မတဟောင်း နယ်လ်ဆင် မင်ဒဲလား၏ ပိုစတာကို ထည့်သွင်းထားပြီး ဆိုဗီယက်ခေါင်းဆောင် ဟောင်း မီခေးလ် ဂေါ်ဘာချော့၊ ပိုလန် သမ္မတဟောင်း Lech Walesa၊ ဘင်္ဂလားဒေ့ရှ်မှ မိုဟာမက် ယူနွတ် တို့ကိုလည်း ကြော်ငြာတွင် ထည့်သွင်းရိုက်ကူးထားသည်။
Chrysler ကုမ္ပဏီ၏ ဥက္ကဌနှင့် အမှုဆောင် အရာရှိချုပ် Oliver Francois က“မိမိရဲ့ အသက်ကို ပဓာန မထားဘဲ ကမ္ဘာကြီးကို ပိုကောင်းအောင် ဆောင်ရွက်နေတဲ့သူတွေကို ဂုဏ်ပြုတဲ့ အနေနဲ့ ကျနော်တို့ ဒီကြော်ငြာကို တင်ဆက် ထားတာပါ” ဟု ဆိုသည်။
Chrysler၏ ဆောင်ပုဒ်မှာ “နံရံများ မရှိသော ကမ္ဘာအတွက်” (Chrysler; for a World Without Walls) ဖြစ်ပြီး ယင်းကြော်ငြာကို ယခင်က Chryslerနှင့် အကျိုးတူ ကုမ္ပဏီ ဖြစ်သော Lanciaက ဥရောပတွင် ပြသခဲ့ ဖူးသည်။
နာမည်ကြီးမင်းသား ရစ်ချတ် ဂီရာက တိဗက်ဒေသသို့ ကားမောင်း၍ နှင်းတောထဲတွင် သူ၏ လက်ပုံစံကို ထားရစ်ခဲ့သည့် ၂၀၀၈ ခုနှစ်က Lancia၏ ကြော်ငြာကြောင့် တရုတ်ပြည်ကို တောင်းပန်ခဲ့ရဖူးသည်။
Chrysler ကို ၁၉၂၅ ခုနှစ် ဇွန်လ ၆ ရက်နေ့တွင် Walter P. Chrysler ကထူထောင်ခဲ့ပြီး ယမန်နှစ်က စီးပွားပျက်ကပ်တွင် အရှုံးပေါ်၍ ဒေ၀ါလီခံရပြီး အမေရိကန် အစိုးရထံမှ ငွေကြေး ထောက်ပံမှုဖြင့် ဆက်လက်ရပ်တည်ရကာ ယခုအခါ အီတလီ Fiat ကားကုမ္ပဏီ က ရှယ်ယာများ ၀ယ်ယူ ထည့်သွင်းထားသည်။
Set as favorite
Bookmark
Email this
Hits: 5806
Comments (0)

Write comment
| < Prev | Next > |
|---|







