ထို ပြဌာန်းချက်ကို စတီရီယိုတေးရေးဆရာ ၁၉ ဦး စုပေါင်းပြီး MCLC Co.Ltd (ဂီတ အနုပညာထုတ်ဝေရေးနှင့် ထုတ်လုပ်ရေး) ဟူ၍ ဖွဲ့စည်းကာ ထုတ်ပြန်လိုက်ခြင်း ဖြစ်ပြီး အဆိုပါ တေးရေးဆရာများ၏ သီချင်းများကို ဖျော်ဖြေတင်ဆက်လျှင် ခွင့်ပြုချက် ရယူရမည် ဖြစ်သည်။
“တကယ်တော့ အသိဉာဏ်ပစ္စည်း ပိုင်ဆိုင်ခွင့်ပေါ့။ သီချင်းတပုဒ်ကို တကယ်ပိုင်တာ သီချင်းရေးဆရာပဲ၊ အဲဒါကြောင့် လုပ်ချင်တိုင်း လုပ်လို့ မရဘူးဆိုတဲ့သဘောပါ” ဟု MCLC ကုမ္ပဏီမှ အဖွဲ့ဝင်တဦးဖြစ်သူ တေးရေး မောင်သစ်မင်းက ဧရာဝတီကိုပြောသည်။၎င်းကုမ္ပဏီတွင် ပါဝင်သည့် တေးရေးဆရာများမှာ စိုင်းခမ်းလိတ်၊ ကိုနေ၀င်း၊ သုခမိန်လှိုင်၊ မောင်သစ်မင်း၊ ၀င်းမင်းထွေး၊ မင်းချစ်သူ၊ သော်ဒီဝေ၊ ညီညီသွင်၊ စောခူဆဲ၊ ထူးအိမ်သင်၊ ရွှေဂျော်ဂျော်၊ မြင့်မိုးအောင်၊ ကေအေတီ၊ နိုင်းနိုင်၊ Rခိုင်၊ ဇ၀ါ၊ အရိုး တို့ ဖြစ်သည်။
အဆိုပါ တေးရေးများထဲတွင် ကော်ပီသီချင်း ရေးသားသူများ ပါဝင်သော်လည်း စာသားမူပိုင်ခွင့်အတွက် အခကြေးငွေ ပေးဆောင်ရမည် ဖြစ်ကြောင်း သိရသည်။
၎င်း တေးရေး ၁၉ ဦး၏ သီချင်းများကို တေးစာသား (သို့မဟုတ်) တေးစာသားနှင့် သံစဉ်များအား ပြည်တွင်း၊ ပြည်ပ မည်သည့် နေရာတွင်မဆို “စီးပွားရေး အသွင်ဆောင်သည့်” ဖျော်ဖြေတင်ဆက်မှုပြုလုပ်မည်ဆိုပါက တာဝန်ခံ စီစဉ်သူများကိုယ်တိုင်ကဖြစ်စေ၊ တီးဝိုင်း မန်နေဂျာက ဖြစ်စေ၊ အဆိုတော်များက ဖြစ်စေ အသိပေးရမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၁၂ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြချက်ကို ကိုးကား၍ ယခုတပတ်ထုတ် Weekly Eleven ဂျာနယ်တွင် ရေးသားထားသည်။
စီးပွားရေးအသွင်ဆောင်သည့် ဖျော်ဖြေတင်ဆက်မှုများထဲတွင် အခကြေးငွေယူ၍ သီဆိုကြသော ပြည်တွင်းပြည်ပမှ စင်တင်တေးဂီတ ပွဲများ၊ သီချင်းဆိုပြိုင်ပွဲများ၊ မွေးနေ့၊ မင်္ဂလာဧည့်ခံပွဲများ၊ စားသောက်ဆိုင်၊ ကာရာအိုကေ ဖျော်ဖြေပွဲများနှင့် အခကြေးငွေဖြင့် ဖျော်ဖြေ တင်ဆက်မှုအမျိုးမျိုး တို့အပြင် စီးပွားရေးအသွင် ရုပ်/ သံ၊ ရေဒီယို ထုတ်လွှင့်ခြင်း၊ အွန်လိုင်း လွှင့်တင်ခြင်း စသည်တို့ ပါဝင်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် တေးသီချင်းများကို အသုံးချ၍ အခကြေးငွေယူဆောင်ကာ လုပ်ဆောင်မှု အများအပြား ရှိသော်လည်း တေးရေးဆရာ များကို အလေးအနက်ထားကာ အသိပေးပြောကြားခြင်းမပြုဘဲ အဆင့်ကျော် လုပ်ဆောင်နေကြသည်ဟု မောင်သစ်မင်းက ပြောသည်။
“ပွဲတပွဲ လုပ်ပြီဆိုရင် တေးဆို၊ တီးဝိုင်း၊ စက်ပစ္စည်း အကုန်လုံးကို ပေးရတယ်။ ဒါပေမယ့် တေးရေးတွေကျတော့ ချန်ထားတယ်။ ဒါ ကြောင့် ကျနော်တို့ကိုပါ ပေးရမယ်ဆိုပြီး တောင်းလိုက်တဲ့သဘောပါ။ ဒီလိုကျန်နေတာ မှားနေတယ်လေ။ ကျန်နေခဲ့တာမှ နှစ်ပေါင်း ၃၀၊ ၄၀ လောက်တောင်ရှိပါပြီ” ဟု ၎င်းက ဆိုသည်။
ထို့အပြင် နာမည်ကြီး မင်းသား၊ မင်းသမီးများသည် အဆိုတော်များအတွက် သီးသန့်ရေးသားပေးထားသော တေးသီချင်းများကို တေးရေးဆရာအား ခွင့်မတောင်းဘဲ ပြည်တွင်းပြည်ပ စင်တင်ပွဲများ၌သော်လည်းကောင်း၊ သင်္ကြန်ပွဲတော်ကာလ များတွင် သော်လည်းကောင်း သီဆိုပြီး သိန်း ဆယ်နှင့်ချီကာ ရရှိသွားကြကြောင်း၊ တေးရေးဆရာများမှာမူ ထိုက်သင့်သည့် ရပိုင်ခွင့်များကို မရရှိခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။
“ပွဲငှားတဲ့သူက သူတို့ကို သိန်းရာနဲ့ချီ၊ ဆယ်နဲ့ချီ ငှားနိုင်တယ်ဆိုရင် ကျနော်တို့ဘက်ကိုလည်း လှည့်ပြီး ဆောင်ရွက်ပေးသင့် တာပေါ့။ ပြန်တွက်ကြည့်လိုက်တော့ ကျနော်တို့နစ်နာတာတွေ အရမ်းကိုများနေပြီ။ အဲဒါကြောင့် ကျနော်တို့က စီးပွားရေး လုပ်ငန်းလုပ်ရင်းနဲ့ တတွဲတည်း စည်းကမ်းတကျဖြစ်အောင် လုပ်လိုက်တာပါ” ဟု မောင်သစ်မင်းက ပြောသည်။
MCLC Co.Ltd သည် ဂီတနှင့်ပတ်သက်သော လုပ်ငန်းများဖြစ်သည့် အသံလွှင့်လုပ်ငန်းများ၊ ရုပ်/ သံလွှင့် လုပ်ငန်းများကို ဆောင်ရွက်ပေးခြင်း၊ စီရီးခွေနှင့် သီချင်းစာအုပ်များထုတ်လုပ်ခြင်း၊ ရုပ်ရှင်သီချင်းများ လက်ခံသွင်းပေးခြင်း၊ ဇာတ်ကားများနှင့် လိုက်ဖက်မည့် တေးသီချင်းများ ရေးသားပေးခြင်း စသည်တို့ကို လုပ်ဆောင်လျက်ရှိသည်။
ယခင်က တေးသီချင်းများနှင့် ပတ်သက်၍ ရုပ်ရှင်၊ ဗီဒီယိုများတွင် ထည့်သွင်းအသုံးပြုခြင်း၊ စီးရီး ထုတ်လုပ်ခြင်းတို့အတွက်သာ တေးရေးဆရာများထံသို့ ခွင့်ပြုချက်တောင်းခံခြင်းများ ရှိခဲ့သော်လည်း စင်တင်တေးဂီပွဲစသည့် အကျိုးအမြတ်ရသော ဖျော်ဖြေပွဲများတွင် ထည့်သွင်းအသုံးပြုသည့်အတွက် ထိုက်သင့်သော ရပိုင်ခွင့်များ မရရှိခဲ့ဖူးကြောင်း သိရသည်။
Comments (15)

written by tin, December 15, 2009
ဖြစ်သင့် တဲ့ အရာ တခု ပါ ... ဒါ ပေ မဲ့ တို့ တိ တို့ တိ လုပ် ရ မည့် ကိစ္စ မဟုတ် ပါ.....
စနစ် ကျသော .. ခေတ် နှင့် လျော် ညီ သော .... မူပိုင်ခွင့် ဥပဒေ ရေး ဆွဲ ( ပြန်လည် ရေးဆွဲ ) ရန် လိုနေ ပါ သေး သည်........ ကော်ပီ ရိုက် ဥပဒေ အ တော် များ များ တွင် စိတ် ၀င် စား ဖွယ် ကောင်း သော ... တူ ညီ ကြ သော ...အချက် များ မှာ ....(၁) Intellectual fee ကို မူရင်း ထုပ် လုပ်သူ ( ထုပ် လုပ်သူ များ ) က ကာလ သတ် မှတ် ချက် တခု အထိ ပိုင် ဆိုင် ပါ သည်.....( ၂) ၄င်း ကာ လ အ တွင်း ပိုင် ဆိုင် သူ က တခြား သူ တဦး ကို အချိန် သတ်မှတ် ချက် တခု ဖြင့် ... တဥိး တည်း မူ ပိုင် ရောင်း နိုင် ပါ သည်..... တဥိး တည်း မူ ပိုင် မဟုတ် ဖြင့် လည်း ရောင်း နိုင် ပါ သည်... (၃) ငွေ ကြေး အ မြတ် အ စွန်း အလို့ ငှာ မဟုတ် သော အသုံး ပြု မှု များ အတွက် အ ကြုံး
မ၀င်ပါ.... သို့ သော် မထင် မှတ်သော ကျော် ကြား မှု .... (သို့) ငွေကြေး ရရှိ ခဲ့ သော် ဥပဒေ သတ် မှတ် ချက် အရ ခွဲ ဝေ ခံ စား ခွင့် ( တောင်းခံ ခွင့် ) ရှိ ပါသည်........
သို့ သော် .... (ငွေကြေးယူ သော ) စင် တင် ဖျော် ဖြေ ပွဲ များ အ တွက် သီးခြား ဥပဒေ ( သို့ ) လုပ်ထုံး လုပ် နည်း ရှိ ... မရှိ မ သေချာ ပါ ( ကျွန် တော် မ သိ တာ လဲ ဖြစ် နိုင် ပါ သည် ) ....သီ ဆို သူ ၏ အ နု ပညာ စန်း ကို လည်း ထည့် မ တွက် လို့ မ ရ ပါ.....
... အား လုံး ကို လေး စား လျက်...

written by Kelvin, December 15, 2009
လုံးဝ ဖြစ်သင့်တဲ့ကိစ္စပါ
ပြည်ပကို လာတဲ့ ဆိုတော်များ မြန်မာငွေ သိန်းထောင်ချီ လက်ခံပြီး ဆိုတဲ့ အပြင်
ပရိသတ်က ဆုချတဲ့ ဒေါ်လာငွေ အများအပြား ပိုက်ပြီး မြန်မာပြည် ပြန်လာသော်လည်း
တေးရေး ဆရာများကို လေးစားသမှု မရှိ။ သူများကြိုးစား ပမ်းစား ရေးဖွဲ့ထားတဲ့ သီချင်း (မူရင်းအဆိုတော် ဆိုပြီးသား)
သီချင်းတွေကို ပြည်ပက စင်ပေါ်မှာ ဆိုချင်သလ ဆို ဖြစ်ချင်သလို ဖြစ်နေကြတာ
တေးရေးများ ဘက်မှ ကိုယ်ချင်း စာမိပါတယ်။
အထူးသဖြင့် စောဘွဲ့မှူး၊ ကိုနေ၀င်း၊ ထူးအိမ်သင်တို့ ရေးထားတဲ့ သီချင်းတွေကို
ပေါ့ပေါ့ တန်တန် ဖြစ်သလို ဆိုနေကြတာ စိတ်ပျက်စရာပါ

written by Myanmar Pyi Thar, December 14, 2009
Excellent.
Without composer, there won't be any good song coming out.
Without proper recognition or reward, there won't be much more composer left. (Remember, myanmars alway say "We have mouth to eat")
So it's proper that composer should be rewarded accordingly. Only the question left is how to excute this properly. (Singers need to be honest to their colleague composers)

written by ဇွဲကပင်သား, December 14, 2009
အင်း... ကောင်းတော့ ကောင်းပါတယ်၊ ရသင့်တဲ့ သူတွေလည်း ရသင့်သလောက် ရတော့မယ့် အစီအစဉ် ဆိုတော့ ကောင်းပါတယ်။ ဒါပေမယ့် တေးရေး သူတွေ အနည်းဆုံးတောင် ရာနဲ့ ချီပြီး ရှိနေတာကို ဒီတေးရေး ၁၉ - ယောက်
ရဲ့ သီချင်းတွေကိုပဲ ကာကွယ် ပေးထားသလြို ဖစ်မနေဘူးလား။ နောက်ပြီး ဒီလို စည်းကမ်းမျိုးတွေကို လူနည်းစုနဲ့ 
ဖွဲ့ စည်းထားတဲ့ အဖွဲ့ အစည်းက ထုတ်ပြန်တာထက် ဒီ့ထက်ပိုပြီြး သဇာရှိတဲ့ ဂီတ အစည်း အရုံးကနေထုတ်ပြန်ပြီး ဂီတလောက တခုလုံးကို တင်းတင်း ကျပ်ကျပ် ကိုင်တွယ်ရင် ပိုပြီးတော့ ကောင်းမယ်လို့ ထင်တယ်။

written by Cho Tuu Mar, December 14, 2009
တေးရေးဆရာကို သီချင်းဘိုး ပိုက်ဆံပေး ဝယ်ပြီး မူရင်းစီးရီး ထုတ်ထားတဲ့ အဆိုတော်က ထပ်ခါတလဲလဲ ဆိုနေတာက ထားပါတော့၊ အဲဒီ သီချင်းကို မင်းသား မင်းသမီးတွေ နဲ့ အခြား အဆိုတော်တွေက ပွဲတွေမှာ ယူဆိုပြီး ပိုက်ဆံယူ သွားတာကတော့ မတရားဘူး ထင်ပါတယ်။ ပထမ မူလ ဝယ်ထားတဲ့ အဆိုတော်က လွဲရင် အခြား အသုံးပြုသူ အားလုံး တေးရေး ဆရာကို သီချင်းဘိုး ဝန်ဆောင်ခ ပေးသင့်ပါတယ်။
written by ksoe, December 14, 2009
What about the original foregin artics? They a Burmese composers (other than Sai Khan Late and Ko Nay Win) do not even compose or create any music or art. They just put Burmese words in someone's creative work. Any they think they need to get paid? It is like stealing someone's property and re-selling. Are they not ashamed of themselves?
written by အာကာထက်, December 14, 2009
ဆရာမောင်သစ်မင်း ပြောတာ အလွန် မှန်ပါတယ် နံမည်ရှိတဲ့ သူတွေက တေးရေးဆ ရာတွေရဲ့ သီချင်းတွေကို ထင်သလို ဆိုနေပြီး တေးရေးသူ တွေကို ရှိတယ်တောင် မထင်ခဲ့တာ အလွန်မှ မဖြစ်သင့်ပါ။ အမေရိကားမှာ မြန်မာ အဆိုတော် တော်တော် များများ တွေ့လိုက်ပါတယ် သူတို့ ဆိုတဲ့ သီချင်းကို ဘယ်သူရေးသ လဲတောင် မပြောသွားပါဘူး သူတို့ ကိုတိုင်လဲ မသိတာလား ။ဒါမှမဟုတ် မလိုအပ်လို့ပဲလားတော့ မသိဘူးဗျာ။ တကယ်တမ်းက တေးရေးဆရာ တယောက်ရဲ့ ကောင်းမွန်တဲ့ တေးစာသားတွေကို နံမည်ရှိတဲ့ သူတိုင်း သီဆိုနို င်ပေမဲ့ ။ နံမည်ရှိတဲ့သူ အားလုံးကတော့ ကောင်းမွန် ထက်မြက်တဲ့ တေးရေးဆရာ တယောက် မဖြစ်နိုင်ဘူး ဆိုတာကို ဖေါ်ထုတ် လိုက်တာပါပဲ။ ကျနော့ဆရာမ ဒေါက်တာဝင်း စကားနဲ့ ဆိုရင် လူတထောင်ကို မွေးလိုက်လို့ ဆရာဝန် အယောက် 100 ဖြစ်လာနိုင်ပေမဲ့ ။ ဆရာဝန်100 မွေးထုတ်လိုက်သော်လည်း စိုင်းခမ်းလိတ် တယောက် ဖြစ်လာဖို့ မလွယ်ဘူး ဆိုတာပါပဲ အဲဒါ တန်ဘိုးပါ၊
written by အနမ်း, December 14, 2009
ဖြစ်သင့်ပါတယ်။ တေးရေးတို့၊ စာရေးဆရာတို့ ဆိုတာ ဦးနှောက် သုံးပြီး၊ ခံစားချက်များကို တီထွင် ဖန်တီး နေရသူများပါ။
ဒါကြောင့် သူတို့တွေမှာ ရပိုင်ခွင့်တွေ လိုအပ်ပါတယ်။ အခုလို ဆုံးဖြတ်တဲ့ အတွက် မှန်ကန်တဲ့ ဆုံးဖြတ်ချက် လို့ပဲ ယူဆ ပါတယ်။
ဒါကြောင့် သူတို့တွေမှာ ရပိုင်ခွင့်တွေ လိုအပ်ပါတယ်။ အခုလို ဆုံးဖြတ်တဲ့ အတွက် မှန်ကန်တဲ့ ဆုံးဖြတ်ချက် လို့ပဲ ယူဆ ပါတယ်။
written by Moe, December 14, 2009
သိပ်ကောင်းတဲ့ ပြဌာန်းချက်ပါ "သီချင်းတပုဒ်ကို တကယ်ပိုင်တာ သီချင်းရေးဆရာပဲ၊ အဲဒါကြောင့် လုပ်ချင်တိုင်း လုပ်လို့ မရဘူး" ကော်ပီသီချင်း ရေးသားသူများကရော original ရေးစပ်သူကို မူပိုင်ခွင့် အတွက် အခကြေးငွေ ပေးဆောင် ခဲ့ပါသလား?
written by mkk, December 14, 2009
အလွန်ဖြစ်သင့်သော လုပ်ရပ်ပါ။ ဖြစ်သင့်တာ ကြာပါပြီ။ တေးရေး ဆရာများ ထုတ်ပြန်ချက်ကို အပြည့်အ၀ ထောက်ခံပါတယ်။ အဆိုတော် တစ်ဦး သီဆိုလို. သီချင်း တပုဒ် အောင်မြင်တယ်၊ ပေါက်သွားတယ် ဆိုပေမဲ့ အဲ့ဒီသီချင်းကို တကယ် ပိုင်ဆိုင်တာ တေးရေး ဆရာပါ။ ကျမအနေနဲ. ကိုယ်ကြိုက်တဲ့ အဆိုတော် တစ်ဦးရဲ.သီဆိုမှုကို အားပေးတယ် ဆိုပေမဲ့ အဲ့ဒီ သီချင်းကို ရေးဖွဲ.တဲ့ တေးရေးဆရာကို ပို လေးစားပါတယ်။ တေးရေး ဆရာရဲ. ဖန်တီးနိုင်မှုကို ဂုဏ်ယူတယ်။ ခေတ်ဟောင်းတေး တွေအစ သီချင်းကိုကြိုက်မိ တယ် ဆိုရင် တေးရေးဆရာ ဘယ်သူလဲ ဆိုတာကို စုံစမ်းမိပါတယ်။
written by ပြည်သူ , December 14, 2009
ဒီဆုံးဖြတ်ချက်မှာ မှန်သင့်သလောက် မှန်နေပေမယ့် တစ်ချို့ အချက်တွေ လွှဲနေတာကိုတွေ့ရပါတယ်။
ပြည်တွင်း ပြည်ပ က ဖျော်ဖြေပွဲတွေမှာ သီချင်းဆိုရင် သီချင်းေ ရးသူကို ပိုက်ဆံပေးရမယ် ဆိုတာ WIPO (www.wipo.int) ရဲ့ ပြဌန်း ချက်မှာ ပါပေမယ့်
မွေးနေ့၊ မင်္ဂလာဧည့်ခံပွဲများ တွေမှာ ပါ မူပိုင်ခွင့်ကြေးေ ပးရမယ်လို့တော့ WIPO မှာ ပြဌန်းထားတာ မတွေ့ဖူးဘူး။ တစ်ခုရှိတာက မွေးနေ့ မင်္ဂလာ ဧည့်ခံပွဲ ပြုလုပ်သူက Celebrity တစ်ယောက် ဖြစ်နေပြီး အဲဒီမွေးနေ့ပွဲ မင်္ဂလာေ ဖျာ်ဖြေဧည့်ခံပွဲကို အခကြေးငွေဖြင့် ထုတ်လုပ်ေ ရာင်းချလျှင်ေ သ်ာလည်းကောင်း (ဥပမာ စိုင်းစိုင်း Birthday )၊ Marketing ဆန်ဆန် လူပရိတ် သတ် အများကြီး ဖြင့်ကျင်းပပြုလုပ်လျှင်(ဥပမာ ခိုင်သင်းကြည် မင်္ဂလာဆောင်၊ ပြည်တီဦး မွေးနေ့ပွဲ) ဆိုလျှင်တော့ သီချင်းေ ရးသူက မူပိုင်ကြေး ရပိုင်ခွင့်ရှိပါတယ်.
ရပ်ကွက်ထဲက မင်္ဂလာ အလှူ ဧည့်ခံတွေမှာ အကျုံး မ၀င်နိုင်ပါဘူး။ သီချင်းဆရာ အဖွဲ့ကိုယ်တိုင်ကလဲ ရပ်ကွက်ထဲအထိ လိုက်ပြီး မှုပိုင်ကြေးဆိုပြီး လိုက်တော င်းနိုင်မယ် မထင်ပါဘူး။ ဒါပေမယ့် အဲဒီလို မှားယွင်းတဲ့ အကျိုးဆက်က ဘာဖြစ်လာနိုင်သလဲ ဆိုတော့ ရပ်ကွက်ထဲက ရဲတွေ နဲ့ သက်ဆိုင်ရာ အာဏာပိုင်တွေရဲ့ လုပ်စားခွင် တစ်ခုဖြစ် လာနိုင်ပါတယ်။
ဥပမာ တစ် ခုပြောရရင် 5 Movie ကို အခကြေးေ ငွဖြင့် ပြသခွင့် မရှိဘူးလို့ ကြေငြာထားတော့ 5 Movie ပြတဲ့ လက်ဖက်ရည် ဆိုင်တွေကို ရဲက လစဉ်ကြေး သဘောမျိုး ငွေညစ်ပါတယ်။ အဲလိုပဲ မွေးနေ့ မင်္ဂလာတွေမှာ သီချင်းဆိုရင် သီချင်းဖွင့်ရေး တေးရေး မူပိုင်ကြေး ပေးရမယ်လို့ ကြေငြာ လိုက်ရင် ...........

Write comment
| < Prev | Next > |
|---|

အနုပညာရှင် တွေ တဲ့လား? Intellectual Property ဟားဟား ?
ဒီလိုကြေးဆို ဒီမှာ Copy သီချင်း တွေရဲ့ မူလဖန်တီးထားတဲ့ နိုင်ငံခြားက အနုပညာရှင်တွေ တော်တော် နစ်နာမှာပဲနော် ။