သြဂုတ်လ ၅ ရက်နေ့မှ ဒီဇင်ဘာလ ၁ ရက်နေ့အတွင်း ဒဏ်ငွေရိုက် အရေးယူခဲ့သည့်အမှုပေါင်း ၁၁၉၉ မှု ရှိခဲ့သည်ဟု ကိုးကားပြီး ဒီဇင်ဘာ ၁၆ ရက်နေ့ထုတ် ပေါ်ပြူလာဂျာနယ်တွင် ဖော်ပြထားသည်။
ရန်ကုန်မြို့တော် အဆင့် မြင့်တင်ရေး ကော်မတီက လမ်းပေါ်တွင် အမှိုက် ပစ်သူများ၊ နောက်ဖေး လမ်းကြားတွင် အမှိုက် ပစ်သူများကို ထိုသို့ အရေးယူခဲ့ခြင်း ဖြစ်ပြီး ဒဏ်ငွေ စုစုပေါင်း သိန်းရှစ်ဆယ်ကျော် ရရှိခဲ့သည်ဟု ဆိုသည်။မြို့တော် အဆင့် မြင့်တင်ရေး ကော်မတီ အရေးယူမှုကို ဦးစားပေး လုပ်ဆောင် နေသော်လည်း အမှိုက်ပုံးနှင့် အမှိုက်ကားများ လုံလောက်ရေး၊ အမှိုက် အချိန်မှန် သိမ်းဆည်းရေးတို့မှာ အလွန် အားနည်းလျက် ရှိသည်ဟု ရန်ကုန်မြို့ခံများက ထောက်ပြကြသည်။
“ညဘက်မှာတော့ အမှိုက်သိမ်းတဲ့ ကားကြီးတစီးတော့ ကျမတို့ ရပ်ကွက် လမ်းမကြီးပေါ်မှာရှိတဲ့ ကားမှတ်တိုင် အနားမှာ လာရပ်ထားတယ်။ ဒါပေမယ့် မှတ်တိုင်အနားက ကားတွေလည်း ရှုပ်တော့ အမှိုက်အိတ်ကြီး သယ်သွားဖို့ မလွယ်ဘူး။ တခြား နေရာတွေမှာတော့ အမှိုက်သိမ်းတဲ့ ကားရှိရင် ရှိမှာပေါ့။ ကျမတို့ ဘက်ကိုတော့ မလာဘူး” ဟု စမ်းချောင်းမြို့နယ်မှ အိမ်ရှင်မတဦးက ပြောသည်။
အမှိုက်ပြဿနာကို ဖြေရှင်းရန် တွန်းလှည်းဖြင့် အမှိုက်လိုက်လံ ကောက်ယူသူများကို အားကိုးနေရသည်ဟု သူက ဆိုသည်။
“ကျမတို့ အမှိုက်ပစ်ချင်ရင်တော့ တွန်းလှည်းတွေနဲ့ အမှိုက်လာသိမ်းတဲ့ လူတွေရှိတယ်။ တခါ လာသိမ်းရင် ကျပ်၂ ရာလောက်ပေးရတယ်။ ဒါကြောင့် တွန်းလှည်းသမားတွေကိုပဲ သိမ်းခိုင်းလိုက်တယ်” ဟု အဆိုပါ အမျိုးသမီးက ပြောသည်။
အိမ်တွင် စုပုံနေသော အမှိုက်များကို နောက်ဖေးလမ်းကြားအတွင်း စည်းကမ်းမဲ့ စွန့်ပစ်ပါကလည်း အရေးယူခံရဖွယ် ရှိသည်။
နောက်ဖေး လမ်းကြားအတွင်း အမှိုက် စွန့်ပစ်ထားခြင်းကို တွေ့ရှိပါက နီးစပ်ရာတိုက်များတွင် နေထိုင်သူများက ဝိုင်းဝန်းပြီး ဒဏ်ငွေဆောင်ရမည်ဖြစ်ကြောင်း ရပ်ကွက် အာဏာပိုင်များက သတိပေးထားသည်ဟု စမ်းချောင်းမြို့နယ်ရှိ အထပ်မြင့် လူနေအိမ်ခန်းများတွင် နေထိုင်သူများက ဧရာဝတီကို ပြောသည်။
မည်သူက အမှိုက်ပစ်လိုက်သည်၊ မည်သည့်အခန်းမှ ပစ်လိုက်ခြင်း ဖြစ်သည်ကို ရပ်ကွက်သူ ရပ်ကွက်သားများက စောင့်ကြည့်ရမည် ဖြစ်သည်။
အမှိုက် စည်းကမ်းမဲ့ စွန့်ပစ်ပါက ဒဏ်ငွေ ကျပ်တသောင်း ပေးဆောင်ရမည်ဟု ယခင်က ကြေညာထားသည်။ စည်းကမ်းဖောက်သူ အများအပြား ရှိနေဆဲ ဖြစ်သောကြောင့် ဒဏ်ငွေများကို အဆင့်ဆင့် တိုးမြှင့် သတ်မှတ်ခဲ့သည်။ ပြီးခဲ့သည့်လက သတ်မှတ်လိုက်သည့် ဒဏ်ကြေးမှာ ကျပ် တသိန်း ဖြစ်သည်ဟု သိရသည်။
သို့သော်လည်း မြို့တော်စည်ပင်၏ အမှိုက်သိမ်းဆည်းရေး စနစ် အလွန် အားနည်းနေဆဲ ဖြစ်သောကြောင့် နောက်ဖေးလမ်းကြားရှိ အလွယ်တကူ မမြင်နိုင်သည့် နေရာများ၊ ဈေးများ ရှိ ချောင်ကျသော နေရာများတွင် အမှိုက်စွန့်ပစ်မှု များပြားလျက်ရှိသည်ဟု ဆိုသည်။
လူဦးရေ ၆ သန်းကျော် နေထိုင်သော ရန်ကုန်မြို့တွင် ဖြစ်ပေါ်နေသည့် အမှိုက် အခက်အခဲမှာ တဖြည်းဖြည်း ကြီးမားလာသည်။
ဤအတောအတွင်း အာဏာပိုင်တို့က ရန်ကုန်ရှိ အမှိုက်ပုံးများမှ ရရှိသည့် စွန့်ပစ်ပစ္စည်းတချို့ကို ပြန်လည်ပြုပြင် အသုံးချနိုင်ရန်လည်း စီစဉ်လျက် ရှိသည်။
သောကြာနေ့ထုတ် Bi Weekly ဂျာနယ်တွင် ရန်ကုန်တိုင်းအတွင်းရှိ စာသင်ကျောင်းတချို့တွင် အမှိုက်များကို အမျိုးအစားခွဲခြားပြီး စွန့်ပစ်နိုင်ရန် အမှိုက်ပုံး သုံးမျိုး ထားရှိပေးကြောင်း ရေးသားထားသည်။
ပလပ်စတစ်ပစ္စည်းများပစ်ရန် တပုံး၊ သတ္တုနှင့် ပုလင်းခွံများအတွက် တပုံး၊ စားကြွင်းစားကျန်ကဲ့သို့သော အမှိုက်များကို ပစ်ရမည့်ပုံး ဟူ၍ ခွဲခြား သတ်မှတ်ထားသည်ဟု ဆိုသည်။
တိုးတက်သည့် နိုင်ငံများတွင် လွန်ခဲ့သော နှစ်ပေါင်းများစွာက ကျင့်သုံးခဲ့သည့် ထိုသို့သော အမှိုက်ပစ်နည်းစနစ်ကို ရန်ကုန်တွင် ကျင့်သုံးနိုင်ရန်အတွက် စတင် ပညာပေးနေခြင်းဖြစ်သည်ဟု သိရသည်။
Set as favorite
Bookmark
Email this
Hits: 5380
Comments (8)

written by Burmese, January 03, 2010
အစိုးရ တာဝန်မဲ့တာ ရာခိုင်နှုန်း အတော် များပါတယ် ဒါပေမယ့် ပြည်သူ တိုင်းတော့ စည်းကမ်း မရှိကြဘူးဗျ။ သေချာတာကတော့ အမှိုက်သိမ်း စနစ် ဆိုတာကို စည်ပင်သာယာ ကိုယ်တိုင်ကိုက သဘော မပေါက်ဖြစ်နေတာ။ မြို့ တော်ဝန် ဆိုလည်း အလကားပဲ။ စစ်တပ်က လာတော့ ဘာမှသိမယ် မဟုတ်ဘူး။ စနစ်ကို သေချာလေ့လာပါ၊ ကျင့်သုံးပါ ပြီးမှ ဥပဒေ ထုတ်ပြန်ပါ။ အခုဟာ ပြောင်းပြန်ကြီးကို လုပ်နေကြတာ။ အမှိုက်ပုံး၊ အမှိုက်ကား သေချာ လုံလောက်အောင် မထားပဲနဲ့  ဥပဒေထုတ် ဒဏ်ရိုက်ေ နကြတာကလား...။ မြန်မာပြည်ရဲ့ အစိုးရ ဦးနှောက် မရှိတာ ပို ထင်ရှားတာပေါ့။
written by အာကာထက်, December 29, 2009
အမှိုက် ဆိုတာ နိုင်ငံတကာမှာ ရှိနေတဲ့ စွနြ့်ပစ် ပစ် စည်းတခုပါ။ ဒါပေမဲ့ မြန်မာနိုင်ငံထက် လူဦးရည် များတဲ့ နိုင်ငံတွေမှာ ပြသနာ တရပ်အဖြစ် ဖြေရှင်း တယ်လို့ မသိရသေးပါ ။တကယ်တမ်းကတော့ လုပ်တတ်ရင် အလွယ်လေးပါ။ စည်ပင်သာယာက တာဝန်ရှိသူတွေကို နိုင်ငံတကာမှာ အမှိုက်တွေ မရှိအောင် ဘယ်လို လုပ်သလဲ။ အစိုးရက ဘယ်လို စီမံချက်တွေ ချပြီးလုပ်သ လဲဆိုတာကို သွားရောက် လေ့လာသင့်ပါတယ်။မြန်မာနိုင်ငံမှာက ပြည်သူကို ရန်သူလို သဘောထားပြီး အမြဲတမ်း ငွေကောက်လိုက်။ ဒါဏ်ရိုက်လိုက် နဲ့ဆိုရင် ပြည်သူလည်း အသိပညာ မတိုးပွားသလို တာဝန်ရှိ သူဆို သူတွေလည်း ဘယ်လိုမှ ပြည်သူရဲ့ လေးစားမှုကို ရမှာ မဟုတ်ပါ။ ဂျာအေး သူ့အမေရိုက်နဲ့ပဲ လည်နေပါမည်။ြ ပသနြာ ဖစ်တိုင်း ပြည်သူ့အပြစ် ဆိုတာကို ရပ်တန့်ေ စချင်ပါသည်။လုပ်နည်းမှာ လွယ်ပါသည် တိုးတက်တဲ့ နိုင်ငံတွေမှာ ယနေ့လုပ်နေသည့် လုပ်ရပ်ကို တင်ပြလိုပါသည်။ အမေရိက န်မှာဆိုရင် လမ်းထိပ်တိုင်း ရပ်ကွက်တိုင်း။ အစိုးရရုံးတိုင်း မှာ အမှိုက်ပုံး အကြီးကြီးတွေ ထားပေးထားပါသည်။ နံက်တိုင်းတွင် သက်ဆိုင်ရာ ကားတွေက လာရောက်သိ မ်းပါသည်။ပြည် သူတွေကလည်း (ခလေးပါမကျန်)စီးကမ်းရှိစွာ အမှိုက်ပုံးကိုသွားေ ရာက် ပစ်ကြပါသည်။ပြည် သူတွေသွားရောက်လ ည်ပတ်တ တ်သည့် ပန်းခြံများ ပြတိုက်များတွင်လည်း ဆယ်ကိုက်လောက်အကွာတိုင်းတွင် အမှိုက် တပုံးထား ပေးပါသည်။ထို့ အတွက်လမ်းေ ပ်ါတွင်ပစ်စ ရာမလိုပါ။ရန်ကု န်မြို့ထက် လူဦးရေများပါသည် သို့သော် အမှိုက်ပြသနာမရှိပါ။ဝါရှင်တန်ဒီစီလို မြို့တွေမှာတောင် စနစ်တကျ လမ်ဘေးဈေးသ ည်များရှိပါသည် ဆိုင်တိုင်းတွင် အမှိုက်ပုံးကို သေချာစွာ ထားပေးပါသ ည်။မြန်မာပြည်ရဲ့ပြ သနာမှာ အမှိုက်ပုံးတွေကို လုံလောက်အောင်မထားနိုင်တာလား။အမှိုက်သိမ်းမည့် ၀န်ထမ်းမလုံေ လာက်တာလား(အလုပ်မလုပ် တာလား)အားလုံး လုံလောက်နေရင်တော့ ပြည်သူမှာ အမှိုက်စွန့်ပစ်နည်း အသိပညာအားနည်းေ နတယ်လို့ ပြောလို့ရပေမဲ့။သက်ဆိုင်ရာပစ်စည်းတွေ မလုံလောက်ရင်တော့ ပြည်သူအပြ စ်မဟုတ်ရပြါေ ကာင်းပါ။ လိုအပ်သည့် ပစ်စည်းများ ကို လုံလောက်အောင် ထားပေးကြ ည့်လိုက်ပါ သိသာလာပါမည်။ ပြည်သူကို လက်ညှိုးထိုးပြီး အပြစ်တင်ခြင်းမှ ကင်းဝေးပါစေ။
written by ------, December 29, 2009
အမှိုက်ကို နေရာတကျ ပစ်တတ်မယ်ဆိုရင် တခြားဖွံ့ဖြိုး တိုးတက်ရေး အတွက် အရမ်းကို လွယ်ကူမှာပါ။ အမှိုက်ကို သူ့နေရာနဲ့သူ ပစ်တတ်အောင် စီစဉ်ပေးမယ်။ ပြည်သူတွေ ကလည်း လိုက်နာကြမယ် ဆိုရင် တခြား အရာတွေကိုလည်း သူ့နေရာနဲ့သူ ထားတတ်တဲ့ စိတ်ဝင်လာမယ်လေ။ အမှိုက်ပုံး အလုံအလောက် ထားပေးဖို့နဲ့ အချိန်မီ သိမ်းယူပေးဖို့က အရမ်းကို အရေးကြီးပါတယ်။ လက်တွန်းလှည်းသမား တွေကိုလည်း စဉ်းစားပေးဖို့ လိုပါတယ်။ အဖုံးအကာ မရှိတဲ့ လက်တွန်းလှည်းနဲ့ သိမ်းယူရတဲ့ သူတို့မှာ အမှိုက်ကို ခွဲဖို့ လက်ဗလာနဲ့ လုပ်ကြရတယ်။ လက်အိတ် မသုံးကြပါဘူး။ သူတို့ရဲ့ ကျန်းမာရေး အတွက် အမြဲတမ်း စဉ်းစားမိပါတယ်။ အမှိုက်ကို ကောင်းကောင်း သိမ်းတတ်ခြင်းဟာ ကြီးမားတဲ့ မေတာ တရားပါပဲ။
written by thakhinnyein, December 29, 2009
နအဖ လုပ်ရပ်တွေကတော့ တော်တော်ရီဖို့တော့ ကောင်းနေပြီဗျာ။ သူတို့က အမှိုက်သိမ်းကားတွေ အမှိုက်သိမ်း အချိန်တွေကို သေချာစနစ်တကျ မစီစဉ်ေ ပးနိုင်ပဲနဲ့ ဟိုအရေးယူ ဒီအရေးယူ လုပ်နေသေးတယ်။ တကယ်လို့များ သူတို့ အမှိုက်သိမ်း ကားတွေ အမှိုက်သိမ်းချိန်တွေ မှန်နေလို့ ပြည်သူတွေက ဖောက်ဖျက် တယ်ဆို တစ်မျိုးပေါ့။ အခုဟာက အမှိုက်သိမ်းကားက တစ်ပါတ် တစ်ခါတောင် နပ်မမှန်ချင်ဘူး။ ဒီကြားထဲ အမှိုက် သိမ်းချိန်က မမှန်တော့ အမှိုက်က ဘယ်လို သွားပစ်ရမှာလဲ။ အဲဒီတော့ ကြုံတဲ့နေရာ အလွယ်တစ်ကူ ပစ်လိုက်ကြရ တာပဲလေ။ တစ်ကယ်လို့များ အမှိုက်သိမ်းကားက တစ်ရက် တစ်ခါလောက် လာနေရင် ဒီစည်းကမ်းမဲ့ အမှိုက်ပစ်မှုတွေဟာ ပပျောက် သွားမှာပါ။ တစ်ခါ တစ်လေမှာ ကိုယ်က မပစ်ချင်ပေမဲ့ အမှိုက်ကားက မလာ တွန်းလှည်းနဲ့ အမှိုက်သိမ်း သူကလည်း မလာ အဲဒီအချိန်မှာ ကိုယ့်ဆီမှာကလည်း ပုပ်သိုးပြီး မလွှတ်ပစ်ရင် မရတော့တဲ့ အမှိုက်တွေ စားကြွင်း စားကျန်တွေကို အိမ်ထဲမှာ ဘယ်သူက ကြာကြာ ထားချင် တော့မှာလဲဗျာ။ အဲဒီ အချိန်မှာတော့ ကြုံတဲ့ နေရာမှာ လွှတ်ပစ် လိုက်ရ တာပဲလေ။ ပစ်တဲ့ အချိန် စည်ပင်နဲ့ တိုးတဲ့ လူကတော့ ကွိပြီပေါ့။ တတ်နိုင်ဘူးလေ အဲလိုမှ မပစ်လို့ သူတို့ စည်ပင်ကားကို စောင့်နေရမယ် ဆိုရင်တော့ တစ်အိမ်လုံး အမှိုက်ပုံတောင် ဖြစ်သွားဦးမယ်။ သူတို့ကတော့ သာတာပေါ့။ အမှိုက် သိမ်းရတလဲ သက်သာတယ်။ သူတို့အမှိုက် မသိမ်းလို့ စည်းကမ်းမဲ့ အမှိုက်ပစ်တာတွေ့ရင် ဒဏ်ငွေဆောင် ရတဲ့အတွက် သူတို့ဝင်ငွေ ရသေးတယ်။ ပြည်သူ တွေကတော့ ဘယ်ဘက်က ကြည့်ကြည့် နစ်နာနေရ တာပါပဲဗျာ။ ဒါတောင် သူတို့က ခေတ်မှီဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော် သစ်ကြီးဆီသို့တဲ့ အမှိုက်သိမ်း ကားတောင် နပ်မှန်အောင် မစီစဉ်ပေး နိုင်ပဲနဲ့။ ဟား ဟား ဟား ဟား အဲလိုတောင် အော်ရီ လိုက်ချင် သေးတယ် နအဖ နောက်ဆွဲနဲ့ နောက်လိုက် တွေရယ်။
written by Mr Clean, December 29, 2009
တိုးတက် တယ် ဆို တဲ့ နိုင် ငံ တွေ မှာ တောင် စည်းကမ်း မရှိတာ တော်တော် များ များ တွေ့ ရတယ်။ မြန်မာ ပြည် မှာ စည်း စံနစ် ရှိ ဖို့ တော်တော် အချိန် ယူရပါမည်။ စည် ပင် သာယာမှ သတင်းစာ တွင် ထည့်ကောင်းအောင် tv သတင်းတွင် မြို့တော်ဝန် လုပ်ဆောင် ချက် ပြ ကောင်း အောင် လုပ်နေမည့် အစား၊ စံနစ် ကျတဲ့ အမှိုက် သိမ်း စံနစ် တွေ လိုနေပါတယ်။ ပြည် သူ အနေ နဲ့ လည်း နိုင် ငံ ကြီးသား ပီသ ဖို့ လို အပ် ပါတယ် ။ အမှိုက် မပစ်သင့် ဘူး ဆို တဲ့ နေရာ တွေကို စာ သင် ကျောင်းတွေမှာ မူလတန်း အရွယ် ကတည်းက ပြော ဆိုပေး ဖို့ လို အပ်နေပါပြီ ။မြန်မာ ရဲ့ မိတ် ဆွေကောင်း တရုတ် ကြီး ဟာ တိုးတက်တာ မှန်ပေမယ့် ညစ်ပတ် နေတဲ့ နေရာ တွေ အများကြီးပါ။ အိမ်သာတွေ ဟာ အဆင့်တန်း မရှိသလို၊ တံတွေးကို လည်း ထွေးချင်သလို ထွေးနေတာပါ။ အပေါင်းသင်း နဲ့ လိုက် ပြီး ရေမြေ လိုက်တာ မဖြစ်စေချင်ပါ။
written by ကိုချစ်, December 29, 2009
ဒီလို အရေးယူ ဆောင်ရွက်တာဟာ ရေရှည်လုပ်ဘို့ လိုအပ်ပါတယ်။ ဘာလို့လဲဆိုတော့ မြန်မာနိုင်ငံရဲ့ စီမံချက် တော်တော် များများက ၁ လ မကျော် လို့ ပါဘဲ။ဥပမာ ဆူးလေ ပွိုင့်က CCTV ကင်မရာ တပ်ပြီး ယာဉ် စည်းကမ်း ဖေါက်ဖျက်တဲ့ ကားတွေကို အရေးယူဘို့ဆိုပြီး ငွေအကုန်ခံပြီး လုပ်လိုက်ကြ ပါသေးတယ်။
ဒါပေမဲ့ အဲဒါလဲ ခဏပါဘဲ။ ရေရှည် မသွားပါဘူး။
အဲဒါကြောင့် တကယ် ဖြစ်စေချင်ရင် ရေရှည်ဖြစ်ဘို့ လိုအပ်ပါတယ်။
ဒါပေမဲ့ အဲဒါလဲ ခဏပါဘဲ။ ရေရှည် မသွားပါဘူး။
အဲဒါကြောင့် တကယ် ဖြစ်စေချင်ရင် ရေရှည်ဖြစ်ဘို့ လိုအပ်ပါတယ်။
written by u tun tun, December 29, 2009
ကိုဖုန်း ပြောတာ သဘောတူပါသည်။
အမှန်တကယ် (အမှန်တကယ်) ပညာပေးဖို့ လိုအပ်ပါသည်။
ခြိမ်းခြောက်ခြင်း အရေးယူခြင်း ဆိုင်းဘုတ် ထောင်ခြင်း များဖြင့် အလုပ်မဖြစ်ပါ။
အချိန် ယူရပါမည်။
အမှိုက်ပစ်သူများရော အာဏာပိုင် များကပါ နိုင်ငံတကာ တွင် အမှိုက် မည်သို့ ပစ်နေ ကြတယ် ဆိုသည် ကို လေ့လာရပါမည်။
အမှန်တကယ် (အမှန်တကယ်) ပညာပေးဖို့ လိုအပ်ပါသည်။
ခြိမ်းခြောက်ခြင်း အရေးယူခြင်း ဆိုင်းဘုတ် ထောင်ခြင်း များဖြင့် အလုပ်မဖြစ်ပါ။
အချိန် ယူရပါမည်။
အမှိုက်ပစ်သူများရော အာဏာပိုင် များကပါ နိုင်ငံတကာ တွင် အမှိုက် မည်သို့ ပစ်နေ ကြတယ် ဆိုသည် ကို လေ့လာရပါမည်။
Write comment
| < Prev | Next > |
|---|







