ဇန်န၀ါရီလ ၁ ရက်နေ့မှ ၂၀ ရက်နေ့ အထိ၊ ဧပြီလ ၂၁ ရက်နေ့မှ မေလ ၂၀ ရက်နေ့ အထိ၊ စက်တင်ဘာလ ၂၁ ရက်နေ့မှ အောက်တိုဘာလ ၂၀ ရက်နေ့အထိ ကာလများသည် ယခုနှစ်အတွက် လှိုင်းထန်၍ မတည်မငြိမ် ဖြစ်မည့် ကာလများ ဖြစ်သည်။ နိုင်ငံရေး ဘက်တွင် ယခင်က မဟာမိတ် အင်အားစုများ အကြား မတည်မငြိမ် ဖြစ်မှုများ၊ ပဋိပက္ခ ဖြစ်ရမှုများ ကြုံရလိမ့်မည် ဖြစ်သည်။ နိုင်ငံ့ခေါင်းဆောင်များ လုပ်ကြံခံရကိန်းပင် ကြုံရဖွယ် ရှိနေသည်။ ဤကာလများ အတွင်း ကံဇာတာ နိမ့်ကျသည့် နိုင်ငံများမှာ အီရတ်နိုင်ငံ တောင်ပိုင်း၊ အမေရိကန် ပြည်ထောင်စု၊ မြန်မာနိုင်ငံနှင့် အခြားသော အရှေ့တောင် အာရှ နိုင်ငံများ၊ အထူးသဖြင့် ကမ္ဘောဒီးယား နိုင်ငံတို့ ဖြစ်သည်။
ကမ္ဘာ့ အခြေအနေသည် ဖေဖေါ်ဝါရီလ ၁၉ ရက်မှ ဧပြီလ ၂၀ ရက်နေ့အကြား၊ မေလ ၂၁ ရက်နေ့မှ ဇူလိုင်လ ၂၁ ရက်နေ့ အကြား၊ နိုဝင်ဘာလ ၂၁ ရက်နေ့မှ ဒီဇင်ဘာလ ၂၀ ရက်နေ့အကြား အထူးကောင်းမွန်လိမ့်မည်။ လူတိုင်းအတွက် ကောင်း မွန်သည့် အချိန်ဖြစ်ပေသည်။ ဤကာလများအတွင်း ကမ္ဘာ့ဘဏ္ဍာရေး အခြေအနေသည် သိသိသာသာ တိုးတက်ကောင်း မွန်လာလိမ့်မည်။
သို့သော်လည်း ကမ္ဘာကြီး၏ ရာသီဥတုအခြေအနေက ၂၀၁၀ ခုနှစ်တွင် အထူးကောင်းမွန်လိမ့်မည် မဟုတ်ပါ။ ကမ္ဘာအနှံ့ အပြားတွင် အဆိုးများစွာဖြစ်ပေါ်နိုင်သည်။ အထူးသဖြင့် ဧပြီလ ၂၁ ရက်နေ့မှ မေလ ၂၀ ရက်နေ့အတွင်း၊ သြဂုတ်လ ၂၁ ရက်နေ့မှ စက်တင်ဘာလ ၂၀ ရက်နေ့ အကြားတွင် ဖြစ်သည်။ ဤကာလများအတွင်း သဘာဝကပ်ဘေးများလည်း ကြုံတွေ့ရနိုင်သည်။ ရေကြီး ရေလျှံဖြစ်မှုများ၊ မြေငလျှင်လှုပ်ခတ်မှုများ အထူးသဖြင့် တရုတ်နိုင်ငံ၊ မြန်မာနိုင်ငံ၊ အိန္ဒိယနိုင်ငံ နှင့် အီတလီ နိုင်ငံများတွင် ကြုံရဖွယ်ရှိသည်။ ဘရာဇီးတွင်လည်း ဘေးဒုက္ခတချို့ ကြုံတွေ့ရနိုင်သည်။
၂၀၁၀ ခုနှစ်တွင် မိဿရာသီဖွား၊ ပြိဿရာသီဖွား၊ မေထုန်ရာသီဖွားများအတွက် ကံကောင်းလိမ့်မည်။ မေထုန်ရာသီနှင့် တူ ရာသီဖွားများအတွက် ဘ၀တွင် အချိုးအကွေ့များစွာ တွေ့ကြုံရဖွယ်ရှိပြီး ပြောင်းလဲ တိုးတက်မှုများ ဖြစ်ပေါ်မည်။ သိဟ် ရာသီနှင့် ဓနုရာသီ နက္ခတ်ခွင်များအောက်တွင် မွေးဖွားသူများအတွက်၂၀၁၀ ခုနှစ်သည် လွန်စွာ ကံကောင်း လိမ့်မည် မဟုတ်ပေ။
စံဇာဏီဘို ရေးသားသည့် Happy Days Ahead ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။
စံဇာဏီဘိုသည် မြန်မာနိုင်ငံ၏ နာမည်ကျော် နက္ခတ္တဗေဒနှင့် လက္ခဏာပညာရှင် တဦး ဖြစ်သည်။ ၎င်းသည် ၁၉၉၇ ခုနှစ် တွင် အင်္ဂလန်နိုင်ငံ၊ ကိန်းဘရစ္စ တက္ကသိုလ်ရှိ နိုင်ငံတကာ လူပုဂ္ဂိုလ်များ အတ္ထုပ္ပတ္တိ ဆိုင်ရာဌာန (International Biographical Centre) မှ တနှစ်တာအတွက် အပြည်ပြည်ဆိုင်ရာ နက္ခတ်ပညာနှင့် လက္ခဏာပညာအတွက် အထူးချွန်ဆုံး သူ အဖြစ် ရွေးချယ်ခံခဲ့ရသည်။ ယခုအခါ ရန်ကုန်City FM ရေဒီယို တွင် နေ့စဉ်ဟောစာတမ်းများကို အသံလွှင့်လျှက် ရှိသည်။
Set as favorite
Bookmark
Email this
Hits: 12599
Comments (9)

written by အနန္တမိုး, October 07, 2011
ကမ္ဘာ့ အရေး နိုင်ငံ အရေး မှာ ဗေဒင်ဟောကိန်း ထက် အရေး ကြီးတာ က အတွေးအခေါ် အသိပညာမြင့်မား ပြီး စည်းလုံး ညီညွှတ်ဖို့ပါ။ ဟောကြားတဲ့ ပညာ ရှင်က တကယ်ဘဲ အကျိုးပြုနိုင်လောက်အောင် ကြိုတင် ဟောကြားနိုင်မယ် ဆိုရင်တော့ လိုအပ်တာတွေ ကြိုတင်ပြင်ဆင်ခွင့် ရနိင်တယ်ပေါ့ ဒါပေမဲ့ ဗေဒင်ပညာ ဟောကိန်း တစ်ခု ပေါ်မှာ လူတစ်ဦး ၊ နိုင်ငံတစ်နိုင် ငံ၊ အဖွဲ့ အစည်း တစ်ခု အတွက် အစွဲအလမ်း တစ်ခု မဖြစ်ဖို့တော့ အလွန်အရေး ကြီးပါတယ်။
written by သန့်ဇင်အောင်, May 22, 2011
အင်း..... ခက်တယ်ဒါတွေက အရင်ကလဲရှိတယ်၊ ခုလဲရှိတယ်၊ နောင်လဲရှိဦးမှာပဲလေ။ ဘာသာရေးဘက်မှာ အားနည်းသူတွေတော့ ခံရတော့တာပေါ့။ ဗေဒင်ဆိုတဲ့ အမြစ်မရှိမှ အပင်သေမှ ကျန်သူတွေ အလိမ်မခံရမှာ။
အမှန်တရား နားလည်သိရှိသူတွေ များပါစေလို့ ဆုတောင်းယုံက လွဲရင် မတက်နိုင်ဘူးလေ။
အမှန်တရား နားလည်သိရှိသူတွေ များပါစေလို့ ဆုတောင်းယုံက လွဲရင် မတက်နိုင်ဘူးလေ။
written by ပေါက်ပေါက်, March 13, 2010
အရင် က လေ့လာဘူးတယ်လေ။ ။
ဒါပေမဲ့ ထူးပြီး မမှန်ပါဘူး
ဗေဒင် ဟောတိုင်းသာ ဖြစ်ရရင် ၂၀၁၂ ကမ္ဘာပျက်မယ် တဲ့လေ။ ။
အဓီက က ကံ ဥာဏ် ၀ရိယ နဲ့ သစ္စာတရား သာ အဓိက မောင်းတံတွေပါဗျာ။ ။
ဒါပေမဲ့ ထူးပြီး မမှန်ပါဘူး
ဗေဒင် ဟောတိုင်းသာ ဖြစ်ရရင် ၂၀၁၂ ကမ္ဘာပျက်မယ် တဲ့လေ။ ။
အဓီက က ကံ ဥာဏ် ၀ရိယ နဲ့ သစ္စာတရား သာ အဓိက မောင်းတံတွေပါဗျာ။ ။
written by thakhinnyein, February 23, 2010
ဗေဒင်ဆိုတာ ဟောတိုင်းသာ မှန်နေမယ် ဆိုရင် ဗေဒင် ဆရာတွေ တိုက်နဲ့ကားနဲ့ ဖြစ်ကုန်မှာပေါ့။ ချင့်ချိန်ပြီးေ တာ့သာ ယုံကြပါ။
written by Kyaw Soe, February 23, 2010
I agree with other comment writers. I am not like Than Shwe. Don't waste your pages.
written by ချယ်ရီသား, February 22, 2010
အင်း
မိတ်ဆွေ ဖြစ်ဖြစ် တခြား တယောက် ဖြစ်ဖြစ် ကိုယ့်ကို လိမ်ညာသွားတယ်။ မဟုတ်တာ လုပ်သွားတယ် ဆိုရင် တရားစွဲ အမှုဆင်လို့ ရပါတယ်။ ဒါပေမယ့် ဗေဒင်ဆရာ တွက်ချက် ဟောချက် မှန်မမှန် ကိုတော့ ယုံကြည်တဲ့သူ အပေါ်မှာ မူတည်လိမ့်မယ်။ ဗေဒင်ဆရာ အတွက်မှားရင် တရားစွဲလို့ မရဘူး တဲ့။
ဆရာ စံဇာဏီဘို ကို မလေးစားတာ မဟုတ်ပါဘူး။ ပညာကို လေးစားပါတယ်။ ဒါပေမယ့် ကြိုတင် တွက်ကိန်း ဟောကိန်းကို မယုံရဲတာပါ။
ချယ်ရီသား

written by u pyin nya wa ra, February 20, 2010
ပါဠိလို ဝေဒ မြန်မာလို ဗေဒ ခေါ် ဗေဒင်ပေါ့။ လူတယောက်ရဲ့ ကံကြမ္မာကို တွက်ချက်ပြီး ဟောလေ့ ပြောလေ့ရှိပါတယ်။
ဆယ်ခွန်းတခွန်းတော့ မှန်တာများပါတယ်။
အိန္ဒိယ နာမည်ကြီး ဗေဒင် ဆရာ သုံးယောက် အမေရိကန် ရွေးကောက်ပွဲ ဟောစတမ်း ထုတ်ပါတယ်။ ဂျော့ ဘုရှ်နဲ့ ဂျွန်ကယ်ရီ ပြိုင်တုံး ကပေါ့။ ဂျော့ဘုရှ်မွေးနံက ဘယ်ဂြိုဟ် ရောက်နေတယ်။ ဘာနေ့ သား ဖြစ်တယ်။ ကယ်ရီက မွေးနံ အား ကောင်းတယ် ဘာညာပေါ့ ။ ဒါကြောင့် ကယ်ရီ နိုင်မယ်လို့ သုံးဦးစလုံးက ခပ်တည်တည်နဲ့ ဟောပါတယ်။ ရွေးကောက်ပွဲပြီးတော့ သိတဲ့အတိုင်းပါဘဲ။
နောက် အိန္ဒိယ ရွေးကောက်ပွဲမှာ ဒေလီနဲ့ ဘုံဘေက နာမည်ကြီး ဗေဒင်ဆရာကြီး တွေက ဆိုနီယာဂန္ဒီ ဦးဆောင်တဲ့ ကွန်ဂရက် ပါတီ ဘယ်လိုမှ မနိုင်ဘူး။ ဘီဂျေပီ ပါတီဘဲ ပြန်လည် အရွေးခံရမယ် လို့ 
့ဆရာကြီး သုံးယောက်သား တညီတညွတ်ထဲ ဟောကြပါတယ်။
ကွန်ဂရက် ပါတီက မဲအပြတ်နဲ့ နိုင်ပါတယ်။ မှန်ကန် တိကျတဲ့ အချက် အလက်တွေကိုဘဲ ဦးစားပေး ဖေါ်ပြ စေချင်ပါတယ်။ အပျင်းပြေ ဖတ်ဘို့  ကတော့ ဦးရုက္ခစိုး နဲ့ လုံလောက်ပါပြီ။

Write comment
| < Prev | Next > |
|---|