ပစ်သတ်ခံခဲ့ရသော မြန်မာ ၈ ဦးကို မီးသင်္ဂြိုဟ်

ထိုင်း - မြန်မာနယ်စပ် တာ့ခ်ခရိုင် ဖုတ်ဖရမြို့ နယ် အနီး တောထဲတွင် ပစ်သတ် ခံခဲ့ရသော မြန်မာရွှေ့ပြောင်း အလုပ်သမား ၉ ဦးထဲမှ ၈ ဦး၏ ရုပ်အလောင်းများကို မဲဆောက် မြို့တွင် စနေနေ့က သင်္ဂြိုဟ် လိုက်ပြီ ဖြစ်ကြောင်း ကြားသိရသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ လူသတ် တရားခံများကို အမြန်ဆုံး ဖော်ထုတ်ပေးရန် တောင်းဆို ထားသည်ဟု မြန်မာရွှေ့ပြောင်း အလုပ်သမား အရေးကိစ္စများ ဆောင်ရွက် ပေးနေသည့် Thai Labour Law Clinic အဖွဲ့မှ ကိုဂျမ်းဘိက ပြောသည်။

ဇန်နဝါရီ ၂၄ ရက်နေ့က မဲဆောက်မှ ဘန်ကောက်သို့ အလုပ်လုပ်ရန် သွားခဲ့ကြသော မြန်မာ အလုပ်သမား ၉ ဦးနှင့် ပတ်သက်ပြီး လူပွဲစားများနှင့် ငွေကြေးကိစ္စ ညှိနှိုင်းရာတွင် အဆင်မပြေ ဖြစ်ပြီးနောက်ပိုင်း ထိုင်းရဲ အရာခံဗိုလ် Somchai Pinkaew အပါအဝင် ၆ ဦးတို့က ပစ်သတ်ခဲ့ကြခြင်း ဖြစ်ကြောင်း ကြားသိရသည်။

သေဆုံးသူများထဲမှ ကရင်ပြည်နယ် လှိုင်းဘွဲ့ မြို့ နယ် ကျိုက်ပေါက် ကျေးရွာမှ စောဒီးဒုံ (၂၈နှစ်)၊ စောတူးအောင် (၃၃နှစ်)။ နော်တင်ချိုအေး (၂၈နှစ်)၊ မမူးချဲချဲ၊ ကိုစောကျော်ဦး၊ ကရင်ပြည်နယ် ဘားအံမြို့ နယ် ထောက်ကလပ် ကျေးရွာမှ နန့်ကျွန်အေး (၃၂နှစ်)၊ နန့်အေးချို (၂၃နှစ်)၊ စောအကုံ (၂၈နှစ်) တို့ကို မီးသင်္ဂြိုဟ်ခဲ့ခြင်း ဖြစ်သည်။

“ဒီဖြစ်ရပ်က တော်တော်ကို တုန်လှုပ် ခြောက်ခြားစရာ၊ တော်တော်ကို လူသားမဆန်တဲ့ ကိစ္စလို့ ကျနော် ပြောချင်တယ်ဗျာ။ ထိုင်းမှာ ဒီလို ဖြစ်ရပ်မျိုးတွေ ဖြစ်နေတာ များပြီဗျ၊ လွန်ခဲ့တဲ့ သုံးလေးနှစ် ကလည်း လူတွေကို အရှင် လတ်လတ် မီးရှို့ သတ်တာ တွေတောင် ရှိခဲ့တယ်။ အခုကိစ္စမှာ သာမာန် ပြည်သူတင် မကဘဲ အာဏာပိုင်တွေ ပါနေတာ တွေ့ရတယ်။ ကျနော်တို့ ရှုတ်ချတယ်ဗျာ” ဟု အလုပ်သမားများ သွေးစည်း ညီညွတ်ရေး အဖွဲ့၊ မြန်မာနိုင်ငံ (BLSO) မှ တာဝန်ခံ ကိုသံဒုတ်က ပြောသည်။

မြန်မာရွှေ့ပြောင်း အလုပ်သမားများ အနေနှင့် မဲဆောက်မှ ဘန်ကောက်သို့ အလုပ်လုပ်ရန် သွားရာတွင် လူမှောင်ခို ကုန်ကူးသူများက တောလမ်း ခရီးများမှ ၄၊ ၅ ရက်ခရီး အကွာအဝေးကို လမ်းလျှောက် ခိုင်းခြင်း၊ လူများကို ကားထဲတွင် တိရစ္ဆာန်များ သဖွယ် လှောင်ပိတ်၍ သယ်ယူခြင်း များကြောင့် သေဆုံးမှုများ၊ ပျောက်ဆုံးမှုများ မကြာခဏ ရှိခဲ့သော်လည်း လက်သည် မပေါ်ဘဲ တိမ်မြုပ် ပျောက်ကွယ် သွားသည်က များကြောင်း ကိုသံဒုတ်က ဆက်လက် ပြောဆိုသည်။

အဆိုပါ ၉ လောင်းပြိုင် လူသတ်မှုနှင့် ပတ်သက်၍ ဖေဖော်ဝါရီလ ၄ ရက်နေ့က မဲဆောက် ရဲနယ်မြေ အမှတ် ၆ တပ်မှူး ရဲ ဒုဗိုလ်ချုပ်ကြီး Surasri Sunthonsar- saratun က သတင်းစာ ရှင်းလင်းပွဲတရပ် ပြုလုပ်ခဲ့ရာ “ဒီအမှုကို ထိုင်း ရဲအရာခံဗိုလ် Somchai Pinkaew နဲ့ မြန်မာ နိုင်ငံသား တဦးအပါအ၀င် လူ ၆ ယောက်က ကျူးလွန်ခဲ့တာ ဖြစ်တယ်။ Somchai Pinkaew ကတော့ သူပြစ်မှု ကျူးလွန်ခဲ့တာကို ၀န်ခံပြီး သူ့အိမ်မှာ သူ့ကိုယ်သူ ဆွဲကြိုးချ သတ်သေသွားပြီ ဖြစ်တယ်။ ကျန်တဲ့သူတွေ ကတော့ မြန်မာ နိုင်ငံဘက်ကို ထွက်ပြေး တိမ်းရှောင် နေကြတယ်။ ဒီအလောင်း တွေကို ရင်ခွဲ စစ်ဆေးတဲ့အခါမှာ Somchai Pinkaew ကိုင်ဆောင်တဲ့ ဒသမ ၂၂ နဲ့ ဒသမ ၃၈ သေနတ်တွေနဲ့ ပစ်ခတ်ခဲ့တာကို တွေ့ရတယ်” ဟု ထည့်သွင်း ပြောဆိုသွားသည်။

လူမှောင်ခိုမှုကြောင့် မြန်မာများ သေဆုံးမှုများ၊ အဓမ္မ ပြုခံရမှုများ မကြာခဏ ဖြစ်ပွားလေ့ ရှိကြောင်း ကြားသိရသည်။ အထင်ရှားဆုံးမှာ ၂၀၀၈ ခုနှစ်က ထိုင်းနိုင်ငံ တောင်ပိုင်း ဖူးခက်မြို့သို့ အသွား လမ်းတွင် အလုံပိတ် ကားပေါ်၌ သေဆုံးသွား ခဲ့ကြသော ၅၄ ဦး အမှု ဖြစ်သည်။

Comments (7)Add Comment
0
ကုသိုလ်
written by boman, February 17, 2010
ဘ၀တူချင်းပဲ ဆိုတဲ့ စိတ်ဓါတ်နှင့် အသုဘ အခမ်းအနားကို တာဝန်ယူ ပို့ ဆောင်ပေးကြတဲ့ မဲဆောက်ရောက် ဗမာပြည်သားတွေရဲ့ စိတ်ဓါတ်ကို လေးစားပါကြောင်း။
0
...
written by သူရ, February 17, 2010
အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံနေရ တာကို အစိုးရက အမျိုးသားရေး တာဝန် အနေဖြင့် ကိုင်တွယ် ဖြေရှင်းသ င့်ပါကြောင်း.......
0

written by Spore, February 16, 2010
All responsibilites shall be taken by Military Government and their counterparts..
Our country is in bigger trouble day by day..
0
-
written by ကိုလေးဇော်, February 16, 2010
ဒီအစိုးရ အုပ်ချုပ်တဲ့ ခေတ်မှာ လူ လာဖြစ်ရတဲ့ မြန်မာ လူမျိုးတွေရဲ့ ဒုက္ခတွေ၊ ခါးသီးမှုတွေကို ကျွန်တော် စိတ်လည်း နာတယ်။ ကိုယ်ချင်းလည်း စာတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ မြန်မာ နိုင်ငံမှာ အလုပ်မှ မယ်မယ်ရရ မရှိတော့တာ။ ရှိတဲ့ အလုပ်ြ ကတော့လည်း တနေ့စာတောင် မလောက်ငှဘူး။ အဲဒီတော့ ပြည်ပ ထွက်ပြီး အလုပ်လုပ်ရတော့တာပေါ့။ အခုလို သတင်း ဆိုးကြီးတွေ နောက်ထပ်(နောက်ထပ်)ဘယ်တော့မှ မကြားရ ပါစေနဲ့လို့ ကျွန်တော် အမြဲ ဆုတောင်းပေးနေပ့ါမယ်။ တမလွန် ဘ၀ကို ရောက်သွားတဲ့ အထက်ပါ ကရင် လူမျိုးတွေလည်း ကောင်းရာ သုဂတိလားပါစေဟု ဆန္ဒ ပြုအပ်ပါတယ်။
0
ဝမ်းနည်း ခံပြင်းမိကြောင်း။
written by myo, February 16, 2010
ဒီလို အဖြစ်ဆိုး မျိုးတွေနဲ့ ပဲ ကြုံတွေ့  ခဲ့ရတဲ့ မြန်မာ နိုင်ငံသားတွေ ဘယ်လောက်တောင် ရှိနေမလဲ--- ကျန်ရစ်ခဲ့သူ မိသားစုတွေ ကရော---တို့ ရဲ့ အဖေ- အမေ အစ်ကို- အစ်မ- သား- သမီး- တို့ က သူများ နိုင်ငံမှာ အလုပ်မှ အဆင်ပြေလား--ဘာလို့ မဆက် သွယ်တာလဲ-- တနေ့ နေ့ - တမျှော်တမျှော်နဲ့ ဘယ်လောက် ရင်တွင်း အပူမီးတွေ ရှိနေမလဲ--- နိုင်ငံ တစ်နိုင်ငံမှာ ကိုယ့် လူမျိုးတွေရဲ့ ကိစ္စ အ၀၀ကို အကူညီ ပေးနိုင်ဖို့ --ပြည်သူလူထု စရိတ်နဲ့ နိုင်ငံခြားမှာ မတည်ထားတဲ့ မြန်မာ သံရုံးတွေကရော--- ဒီလို အရေး ကိစ္စတွေကို ဘာမှ တာဝန် မယူ ဘူးလား----
0
တာဝန်
written by Raja, February 15, 2010
နိုင်ငံသား တစ်ယောက် တစ်ခုခု ဖြစ်တိုင်း နိုင်ငံခြားမှာရှိတဲ့ သံရုံးက တာဝန်ယူ ဆောင်ရွက် ပေးတာ ဘာမှမရှိ ။ အလုပ်သမားတွေဆီက ပိုက်ဆံသာ လိုချင်တယ်။ ဘာတာဝန်မှ ယူတယ် မရှိ ။
0
အမျှ ... အမျှ ... အမျှ ...
written by ညတစ္ဆေ, February 15, 2010
မြန်မာပြည်သူတွေ ဝဋ်ကြွေး များ ရှိခဲ့တယ် ဆိုရင်လည်း ဒီဘဝနဲ့ပဲ ကုန်ပါစေတော့ ... ဒီအစိုးရတွေ ခေတ်မှာ လူလြာ ဖစ်ရတာ ကိုက ကံဆိုး မိုးမှောင် ကျတာပဲ ... smilies/sad.gif

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်