သံဃာတော်များအပေါ် ပိုမိုတင်းကျပ်ရန် ပြင်ဆင်နေ

စစ်အစိုးရနှင့် နိုင်ငံတော် သံဃမဟာ နာယက အဖွဲ့က ပြည်တွင်း သံဃာတော်များ၏ လှုပ်ရှားမှုများကို ပိုမို ကန့်သတ် ချုပ်ချယ် နိုင်ရန်အတွက် စည်းမျဉ်းစည်းကမ်း အသစ်များ ထုတ်ပြန်ရန် ပြင်ဆင်နေကြောင်း သိရသည်။

နိုင်ငံတော် သံဃမဟာ နာယက အဖွဲ့ ဥက္ကဋ္ဌ အရှင် ကုမာရာက သာသနာရေး တိုးတက် ကောင်းမွန် လာစေရန် အတွက် စည်းမျဉ်း စည်းကမ်း အသစ်များ ထုတ်ပြန်ရေး ကိစ္စနှင့် ပတ်သက်၍ ကျောင်းထိုင် ဆရာတော်ကြီးများ အားလုံးနှင့် အစည်းအဝေး ပြုလုပ်ရန် စီစဉ်ထား သည်ဟု ပြောကြောင်း တနင်္ဂနွေ နေ့ထုတ် မြန်မာ့အလင်း သတင်းစာ၌ ဖေါ်ပြပါရှိသည်။

ယခုကဲ့သို့ စည်းမျဉ်း စည်းကမ်း အသစ်များ ထုတ်ပြန် ခြင်းသည် ပြည်တွင်း ပြည်ပ ဝေဖန်သူများက နိုင်ငံတော် သံဃမဟာ နာယက
အဖွဲ့အား ထိုးနှက် တိုက်ခိုက်မှု များကြောင့် ညှိုးနွမ်း ခဲ့ရသော “ဗုဒ္ဓဘာသာကို ကာကွယ် စောင့်ရှောက်ရန်” အထောက် အကူ ဖြစ်စေ လိမ့်မည်ဟု အရှင် ကုမာရာက ဆိုသည်။

မြန်မာနိုင်ငံ တ၀န်းလုံးရှိ သံဃာတော်များသည် ၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေး ဆန္ဒပြပွဲများ အပြီးမှစ၍ အာဏာပိုင်များ၏ တင်းကျပ်စိစစ်ခြင်းကို ခံနေကြရသည်။

နိုင်ငံတော် သံဃမဟာနာယက အဖွဲ့အနေနှင့် ထေရ၀ါဒ ဗုဒ္ဓဘာသာ အဓိက ဂိုဏ်းအားလုံးမှ ဆရာတော်ကြီးများနှင့် နိုင်ငံလုံး ဆိုင်ရာ အစည်းအဝေး ခေါ်ယူခြင်းသည် တမူထူးခြားကြောင်း၊ သံဃာတော်များ၏ လှုပ်ရှားမှုများအား နိုင်ငံရေးနှင့် ဆက်နွယ် သည်ဟု ယူဆ၍ အစိုးရက နောက်ထပ်တကြိမ် နှိမ်နင်းရန် ဖြစ်နိုင်ကြောင်း လေ့လာစောင့်ကြည့်သူများက ပြောဆိုကြသည်။

“ပုံမှန်အားဖြင့် ဆိုရင်တော့ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့အစည်းအဝေးနဲ့ ဂိုဏ်းပေါင်းစုံက ဆရာတော်ကြီးတွေရဲ့ အစည်း အဝေးက သီးခြား ခွဲလုပ်တာပါ။ အခုလိုမျိုး ဂိုဏ်း ၉ ဂိုဏ်းက ဘုန်းတော်ကြီးတွေပါ တပေါင်းတည်း အစည်းအဝေးထိုင်မယ်ဆိုတာ က နိုင်ငံတော် သံဃမဟာနာယက အဖွဲ့အနေနဲ့ တခုခုလုပ်ဖို့ စီစဉ်နေတဲ့ သဘောဖြစ်တယ်”ဟု ပြည်ပ၌ သတင်းသုံးနေသည့် သံဃာတော် အရှင် အစ္စရိယ က ပြောကြားလိုက်သည်။

အရှင် အစ္စရိယသည် ရန်ကုန်မြို့ နိုင်ငံတော် ပရိယတ္တိ သာသနာ့ တက္ကသိုလ်၌ ပညာသင်ဆုရသည့် စာသင်သား သံဃာတော်တပါး ဖြစ်သည်။

သံဃာတော်များအပေါ် ပိုမိုတင်းကျပ်သော စည်းမျဉ်းစည်းကမ်းများ ချမှတ်ရေး၌ စစ်အစိုးရက ကြိုးကိုင်နေသည်မှာ သိသာထင်ရှား ကြောင်းလည်း လေ့လာစောင့်ကြည့်သူများက ပြောသည်။

“နိုင်ငံတော် သံဃမဟာနာယက အဖွဲ့က သိက္ခာတော်ရ ဆရာတော်ကြီးတွေ ဦးဆောင်တယ်ဆိုပေမယ့် သာသနာရေး ၀န်ကြီးဌာန က ထိန်းချုပ်ထားတာ”ဟု လက်ရှိ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု ထိုင်းနိုင်ငံဌာနခွဲမှ အရှင် ဇ၀န က ပြောသည်။

၎င်းက ဆက်လက်ပြီး“၀န်ကြီးဌာနက ခွင့်ပြုချက်မရဘဲ သံဃမဟာနာယက က ဘာမှ လုပ်လို့ရတာ မဟုတ်ဘူး။ အဆိုးဆုံးကတော့ သံဃမဟာနာယက က သံဃာတော်တွေကို သင်္ကန်းချွတ်ဖို့နဲ့ ထောင်ချဖို့ အတွက် စစ်အစိုးရကို ခွင့်ပြုခဲ့တာပဲ”ဟု ပြောသည်။

အရှင် ဇ၀နသည် စစ်အစိုးရကို ဆန့်ကျင်သည့်အတွက် ၁၉၉၃ ခုနှစ်၌ သင်္ကန်းချွတ်ခံရပြီး ထောင်ဒဏ် ၁၆ နှစ်  အကျဉ်းချခံခဲ့ရ သော သံဃာတပါးဖြစ်သည်။

အရှင် ဇ၀န သည် ၂၀၀၉ ခုနှစ် စက်တင်ဘာလ၌ အကျဉ်းထောင်မှ လွတ်မြောက်လာခဲ့ပြီးနောက် သာသနာ့ဘောင် ပြန်ဝင်ရန် ကြိုးစားခဲ့ကြောင်း၊ သို့ရာတွင် နိုင်ငံရေးကိစ္စနှင့် ထောင်ကျဖူးသဖြင့် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့က ခွင့်မပြုခဲ့ကြောင်း၊ ယမန်နှစ် နှောင်းပိုင်း၌ ထိုင်းနိုင်ငံသို့ ရောက်ရှိပြီးမှသာ သာသနာ့ဘောင်သို့ ပြန်လည်ဝင်ရောက်နိုင်ခဲ့ကြောင်း သိရသည်။

စစ်အစိုးရအား ဆန့်ကျင်သူများဟု သတ်မှတ်ခြင်းခံရသော သံဃာတော်များကို တစိပ်တပိုင်းမှ ကြိုးကိုင်နိုင်ရန်အတွက် ၂၀၀၈ ခုနှစ်တွင် သံဃာမှတ်ပုံတင် အသစ်များ ထုတ်ပေးခဲ့ကြောင်း၊ ထိုသို့ ထုတ်ပေးခဲ့သဖြင့် လှုပ်ရှားမှုများကို ပိုမိုလွယ်ကူစွာဖြင့် အာဏာပိုင်များက ခြေရာခံနိုင်ကြောင်း သံဃာတော်များက ဆိုသည်။

“မှတ်ပုံတင်အသစ်မှာ သံဃာတော်တွေကို ပြည်နယ်နဲ့ တိုင်းအလိုက် အရောင်ခွဲပြီး ထုတ်ပေးတာ”ဟု ၂၀၀၇ လှုပ်ရှားမှု ခေါင်းဆောင်တဦးဖြစ်သည့် အကျဉ်းစံ အရှင် ဂမ္ဘီရ နှင့် ရင်းနှီးသည့် အရှင် ကေသရိယ က ပြောသည်။

သံဃာတော်များသည် စစ်အစိုးရ၏ ဖိနှိပ်မှု တခုတည်းကိုသာ ခံနေရသည် မဟုတ်ဟု ၂၀၀၇ ခုနှစ် စက်တင်ဘာ ဆန္ဒပြပွဲ များ အတွင်း ပါဝင်ခဲ့သည့် တခြားသော သံဃာတော်များကလည်း ပြောသည်။

ပြည်တွင်းရှိ နိုင်ငံရေးနှင့် ဆက်နွယ်နေသော သံဃာတော်များသည် မိသားစုများ စိုးရိမ်ပူပန်မှုနှင့် ကျောင်းထိုင်းဆရာတော်များ၏ တင်းကျပ်မှုကို ခံနေကြရကြောင်းလည်း သိရသည်။

“အခုဆိုရင် သူတို့မိဘတွေက သူတို့ သံဃာ့လှုပ်ရှားမှုထဲမှာ ပါချင်တယ်ဆိုရင် ရဟန်းဘောင်က ထွက်ဖို့ ပြောနေကြတယ်”ဟု ၂၀၀၇ ဆန္ဒပြပွဲများအား ဦးဆောင်ခဲ့သော သံဃာတပါးဖြစ်သည့် အရှင် နေမိန္ဒ က ပြောသည်။

“ကျောင်းထိုင်ဆရာတော်တွေကလည်း ရဟန်းငယ်တွေကို လှုပ်ရှားမှုထဲမှာ ထဲထဲဝင်ဝင် ပါချင်တယ်ဆိုရင် ကျောင်းက ထွက်သွားဖို့ ပြောနေကြတယ်”ဟု ၎င်းက ဆက်ပြောသည်။

Comments (6)Add Comment
0
ဝေဇယံနာကျောင်းတိုက south Okkalar pa , Yangon
written by aung zaw zaw, March 04, 2010
south okkalar pa ဝေဇယံနာ ကျောင်းတိုက်က အ၇ှင်ဇာနိယ မြစ်ကြီးနား ၇ဲဘက်ေ၇ာက်နေပါတယ်
0
ဗုဒ္ဓဟောမည့် တရားတော်
written by Thazin Pyu, February 27, 2010
ဗုဒ္ဓဘုရားရှင် ရှိရင် ခုနေ ဟောမယ့် တရား တစ်ပုဒ် ရှိတယ်
သာသနာတော်ကို မိစ္ဆာ မင်းဆိုး မင်းညစ်တို့အန္တရာယ်မှ ကာကွယ်ကြလော-------
0
...
written by Burmese, February 26, 2010
သံဃာ နာယက အဖွဲ့ ဆိုတာ အလကားပဲ ထင်တာပဲ။ သူတို့  အတွက်ပဲ စဉ်းစားကြတယ်လေ။ နအဖပြောတိုင်း လိုက်ပြောနေကြတာ။
0
ပျောက်ကွယ်ဘို့ပဲ
written by အိုအရှင်, February 26, 2010
နအဖနှင့် မဟန ပေါင်းပြီး ဗုဒ္ဓက ဝါကျွတ်တာနဲ့ သံဃာတွေ ခရီး လှည့်လည်ပြီး လူသားတွေကို မျက်စိ နားတွေ ပွင့်လင်း အောင် အသိ တရားများ ဖြန့်ဝေကြလို့ မှာခဲ့တဲ့ စကားကို တိုက်ဖျက်ပြီး သံဃာတွေရဲ့ သွားလာမှုများကို ပိတ်ပင် ချုပ်ချယ်တော့မယ်။ လောကမှာ ဘယ်နေ ရာမျိုးပဲ ဖြစ်ဖြစ် တခုထဲ ပြောင်းလဲလိုက်လို့ အရာ အားလုံး ကောင်းသွားမှာ မဟုတ်ဘူး။ အားလုံး ကောင်းစေချင်ရင် အားလုံး ပြုပြင်မှ ကောင်းလာမှာပါ။ ကိုယ့်ဘက်ကတော့ ပြုပြင်မှု တခုမှ မလုပ်ပဲ။ သူများဘ က်ကိုပဲ ပြင်ချင်နေကြတယ်။ ငါတို့ကတော့ လုပ်ချင်တာ လုပ်မယ်။ တချို့ တဝက်ကတော့ ငါတို့ ပြောတာပဲ လုပ်ရမယ် ဆိုလို့ကတော့ ညီညွတ်မှု သင့်မြတ်မှု ဆိုတာ ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ပါဘူး။ သာသနာလဲ အားနည်းပြီး ပျောက်ကွယ်ဘို့ လမ်းကြောင်း ဖော်နေတာ ဖြစ်မှာပဲ။
0
ရင်လေးမိတယ်
written by sunrise, February 25, 2010
ခုလိုမျိုး တစ်ယောက် တစ်မျိုးနဲ့ မညီညွတ်ကြလို့ကတော့ ဆက်ပြီး ဖိနှိပ်ခံ ကြအုံးပေါ့လေ .....
0
စည်းကမ်းပြည့်ဝသော
written by သက်ထွန်းဦး, February 25, 2010
နအဖ ဘိုဂျုပ်တွေများ ကိုယ်တိုင်ကသာ စည်းမရှိ ကမ်းမရှိ ဗရမ်းဗတာ စံနစ်နဲ့ နိုင်ငံကို အုပ်ချုပ်နေတာ။ ပြည်သူတွေ အပေါ်မှာ ကြတော့ စည်းကမ်ြး ပည့်ဝသော (so called) ဒီမိုကရေစီလေး ဘာလေးနဲ့။ အခုလည်းကြည့်လေ ဗုဒ္ဓဘုရားရှင်ရဲ့ သားတော် ရဟန်း သံဃာ တွေ အပေါ်မှာတောင် သာသနာေ တ်ာနဲ့ မအပ်စပ်တဲ့ ချုပ်ချယ်မှုတွေကို မဟာဗျူဟာမြောက် ချမှတ် ပြဌာန်းလာပြီး စည်းကမ်ြး ပည့်ဝသော ဗုဒ္ဓသာသနာ အဖြစ်ရောက်အောင် သွတ်သွင်းနေပါလား။

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်