ပြီးခဲ့သည့် တနင်္ဂနွေနေ့က ဂျာမနီ အသင်းနှင့် ယှဉ်ပြိုင် ကစားခဲ့သည့် ပွဲတွင် အင်္ဂလန်အသင်း အနေဖြင့် ဒိုင်လူကြီး၏ မှားယွင်းသော ဆုံးဖြတ် ချက်ကြောင့် အောင်မြင်ရန် အခွင့် အလမ်းများ ဆုံးရှုံး ခဲ့ကြောင်း ၊ ထို့အတူ မက္ကဆီကို အသင်းဘက်သို့ အာဂျင်တီးနား ရှေ့တန်း တိုက်စစ်မှူး ကားလို့စ် တီဗက်စ် သွင်းယူခဲ့သည့် ပထမ ဂိုးမှာလည်း လူကျွံဘော ဖြစ်ကြောင်း FIFA ဥက္ကဋ္ဌက ပြောကြား သည် ဟု AFP သတင်းဌာနက ဖော်ပြခဲ့သည်။“ဒိုင်ရဲ့မှားယွင်းတဲ့ ဆုံးဖြတ်ချက်က ကာယကံရှင်တွေ ဘယ်လောက် စိတ်ထိခိုက်ပြီး ၀မ်းနည်းရတယ်ဆိုတာ နားလည်ပါတယ်၊ ဒါကြောင့် အင်္ဂလန်နဲ့ မက္ကဆီကို အသင်းတွေကို တောင်းပန်ပါတယ်”ဟု ဆပ် ဘလတ္တာက ဆိုသည်။
ယခုကဲ့သို့ တောင်းပန်စကားပြောကြားမှု အပေါ် ကျေးဇူးတင်ကြောင်း၊ ဘောလုံးပွဲဆိုသည်မှာ ရှုံးနိမ့်မှု ရှိသကဲ့သို့ အောင်မြင်မှု လည်း ရှိမည်ဖြစ်သည်ဟု FA ကိုယ်စားလှယ်က ပြောဆိုခဲ့သည်ဟု ၎င်းက ပြောသည်။
ကမ္ဘာ့ဘောလုံးအဖွဲ့ ချုပ် ဥက္ကဌသည် အင်္ဂလန် ဘောလုံးအဖွဲ့ ချုပ်နှင့် မက္ကဆီကို ဘောလုံးအဖွဲ့ ချုပ် ၂ ခုလုံးသို့ တိုက်ရိုက်တောင်း ပန်ခဲ့ဖြင်းဖြစ်သည်။
အင်္ဂလန်အသင်းသည် ဂျာမနီအသင်းနှင့် ရှုံးထွက်အဆင့်ပွဲစဉ်တွင် ယှဉ်ပြိုင်ရာ ၂ ဂိုး ၁ဂိုးဖြင့် ရှုံးနိမ့်နေစဉ် အင်္ဂလန်ကွင်းလယ်လူ ဖရန့် လမ်းပတ်က အဝေးမှကန်သွင်းသည့် ဘောလုံး ဂိုးအပေါ်တိုင်ကိုထိပြီး ဂိုးစည်းကို ကျော်လွန်၍ အတွင်းသို့ ဝင်ရောက်ခဲ့ သော်လည်း ဥရုဂွေးနိုင်ငံသား ဒိုင်လူကြီး Jorge Larrionda က ဂိုးမပေးခဲ့ခြင်းဖြစ်သည်။
အဆိုပါ ဂိုးသာ အင်္ဂလန်အသင်း ရရှိသွားပါက အင်္ဂလန်အသင်း၏ ကံကြမ္မာမှာ တမျိုးတဖုံ ပြောင်းလဲသွားမည်ဖြစ်သည်။
အလားတူပင် အာဂျင်တီးနားအသင်းနှင့် မက္ကဆီကိုအသင်းတို့ ယှဉ်ပြိုင်ကြစဉ် အာဂျင်တီးနား တိုက်စစ်မှူး ကားလို့စ် တီဗက်စ် သွင်းယူခဲ့သော ပထမဂိုးမှာ လူကျွံဘော အနေအထားမှ သွင်းယူသွားခဲ့ခြင်းဖြစ်သည်။
ဘောလုံးပွဲများ၌ ကွင်းလယ်ဒိုင်နှင့် စည်းကြပ်ဒိုင်တို့သည် လူသားများဖြစ်၍ မှားယွင်းနိုင်ကြောင်း၊ ထိုကြောင့် ရုပ်မြင်သံကြား ကင်မရာများ တပ်ဆင်ပြီး နည်းပညာအကူအညီယူရန် တိုက်တွန်းပြောဆိုမှုများ ရှိနေသော်လည်း ကမ္ဘာ့ဘောလုံးအဖွဲ့ ချုပ်က လက်မခံခဲ့ပေ။
ယခုကဲ့သို့ အဖြစ်အပျက်များ ဖြစ်ပွားပြီးနောက်မှသာ နည်းပညာ အကူအညီကို ယူရန် လိုအပ်နေကြောင်း၊ လာမည့် ဇူလိုင်လ အတွင်း ပြုလုပ်မည့် ဖီဖာ၏ အစည်းအဝေးတွင် နည်းပညာဆိုင်ရာများကို အသေအချာဆွေးနွေးမည်ဖြစ်ကြောင်း ဥက္ကဋ္ဌ ဆပ် ဘလတ္တာ က ပြောသည်။
ထို့အပြင် အင်္ဂလန်နှင့်ဂျာမနီ၊ အာဂျင်တီးနားနှင့် မက္ကဆီကိုတို့ ပွဲစဉ်တွင် ကိုင်တွယ်ခဲ့ကြသော ဒိုင်လူကြီး ၂ ဦးစလုံးကို ဆက်လက် အသုံးပြုတော့မည်မဟုတ်ဟု သိရသည်။
ပြီးခဲ့သည့် ၂၀၀၂ ခုနှစ် ကမ္ဘာ့ဖလား ပွဲတွင်လည်း အိမ်ရှင်တောင်ကိုရီးယားနှင့် အီတလီပွဲတွင် လည်းကောင်း၊ ကွာတား ဖိုင်နယ် အဆင့်တွင် တွေ့ဆုံသည့် တောင်ကိုရီးယားနှင့် စပိန်ပွဲတွင်လည်းကောင်း ဒိုင်လူကြီးများက မှားယွင်းစွာ ဆုံးဖြတ်ခဲ့သည့်အတွက် ၎င်းအသင်းများ နစ်နာခဲ့ရဖူးသည်။
တောင်ကိုရီးယားနှင့် အီတလီပွဲတွင် ကိုင်တွယ်ခဲ့သည့် ဒိုင်လူကြီး ဥရုဂွေးနိုင်ငံသား မိုရီနိုကို ဒိုင်လူကြီး အဖြစ်မှ ရာသက်ပန်ထုတ် ပယ်ခဲ့သည်။
Set as favorite
Bookmark
Email this
Hits: 8253
Comments (10)

written by burmamonster, July 03, 2010
Fifa has said that football is "subjective"...and there will be human errors, with human mistakes make the game more real, ..
written by Steve, July 01, 2010
Thank you guys for answering my question and sharing your thoughts.
I agreed experts can cheat cameras but I means assign one more referee to manage camera and review immediately when needed, it would be less likely to cheat.
Since many years ago, video clips are accepted by courts as evidence in many cases in many countries. And video cameras are currently using in many other Olympic games such as 100meter running, rowing, swimming, cycling, car racing etc.....to decide who is winner. (I don't know since when it start using)
So FIFA why not?
Anyway they are now planning to use it.
I agreed experts can cheat cameras but I means assign one more referee to manage camera and review immediately when needed, it would be less likely to cheat.
Since many years ago, video clips are accepted by courts as evidence in many cases in many countries. And video cameras are currently using in many other Olympic games such as 100meter running, rowing, swimming, cycling, car racing etc.....to decide who is winner. (I don't know since when it start using)
So FIFA why not?
Anyway they are now planning to use it.
written by Burmese, July 01, 2010
ဒိုင်မမှားလည်း ဂျာမနီနဲ့ ပွဲမှာ အင်္ဂလန် ရှုံးမှာပဲ၊ ခြေစွမ်းက အပြတ်အသတ် ကွာတယ်။ အင်္ဂလန် အသင်းက မီဒီယာ ကြောင့်သာ နာမည်ကြီးနေတာ။ အဲဒီပွဲမှာ ကွဲတာပဲ။
written by kkyaw, July 01, 2010
I paid regard to FIFA for strongly defend the role of human being.
written by DR. THAUNG HTIKE, July 01, 2010
This was happened a lot in football matches.When the players made mistake the officials gave punishment .WHEN THE REFEREE MADE MISTAKE HE WAS ONLY TREATED BY VERY VERY SLIGHT PUNISHMENT BUT WHICH MADE THE WHOLE TEAM;WHOLE SUPPORTERS FOR THE TEAM AND THE WHOLE COUNTRY WAS SUFFERED. because they who are the official for those matches not take the responsibility and not to agree that they appointed unqualified referee and NEVER EVER MAKE APOLOGY TO THOSE WHO WERE SUFFERED.
written by su su, July 01, 2010
လုပ်သင့်တာ ကြာလြှပီ။ ဘုန်းကြီး ခေါင်းခေါက်ပြီးမှတောင်းပန်ရသလား။
နစ်နာတဲ့ သူတွေမှာ ဘာမှ လုပ်လို့ မရတော့ဘူး။ နောက် ၄နှစ် စောင့်ရ တော့မှာပေါ့။
နစ်နာတဲ့ သူတွေမှာ ဘာမှ လုပ်လို့ မရတော့ဘူး။ နောက် ၄နှစ် စောင့်ရ တော့မှာပေါ့။
written by NAING NAING, July 01, 2010
I didn't know you were allowed to have blind referees at the World Cup!
time for some technology in the world cup.. like video review or FIFA official booth upstairs to overwrite referee's bad calls.. this world cup referees sucks.. who picked them anyway..
That stolen goal set the tone of the game however Germans do play well.
time for some technology in the world cup.. like video review or FIFA official booth upstairs to overwrite referee's bad calls.. this world cup referees sucks.. who picked them anyway..
That stolen goal set the tone of the game however Germans do play well.
written by လူမုန်း, July 01, 2010
အားကစား ဆိုတာ လူရဲ့ အမြင့်ဆုံး စွမ်းရည်ကို ပြတာ.. စက်ရုပ်တွေ လုပ်လို့ မရဘူး.. ရှေး ပဝေသဏီ ကတည်းက လူတွေကပဲ ကစား၊ လူအချင်းချင်းပဲ ဆုံးဖြတ်ပေးခဲ့တာ.. ဒိုင်လူကြီးရဲ့ အလုပ်ကရော လွယ်မယ် ထင်သလား.. သွားလုပ်ကြ ည့်ပါလား.. သူလည်း မျက်စေ့ ဒေါက်ထောက် ကြည့်နေတာပဲ.. မှားတဲ့အခါလည်း မှားမှာပေါ့.. ဘောသမားတွေတောင် ပြစ်ဒါဏ်ဘော အပေးခံရတယ်.. ဒိုင်လူကြီး မှားရင်လည်ြး ပစ်ဒဏ်ခံရမှာပဲ.. ဒါမှ လူပီသတော့ မှာပေါ့.. ဒါမြှ ကည့်ရတာ ဖီလင လာတော့မှာပေါ့.. လူတွေ ကန်နေတာကို စက်ရုပ်တစ်ကောင်ကို ပရိုဂရမ်သွင်းပြီး ဒိုင် လုပ်ခိုင်းတဲ့ပွဲကို ကြည့်ချင်လား.. လုံးဝ မမှားဘူးလေ.. ငါတော့မကြည့်ဘူး..မှားတာ ကိုက ချစ်စရာ ကောင်းတာ.. လူသား ပီသတာ.. အဲဒီမှာတင် အဓိပ္ပါယ် ရှိနေပြီ.. Video တွေက ဘာပဲပြပြ ဒိုင် ဆုံးဖြတ်မှုကို လိုက်နာတယ် ဆိုတဲ့ ဘောသမားနဲ့ ပရိသတ်တွေရဲ့ အသိ တရားနဲ့ ဂါရ၀ တရားဟာလည်း လေးစားဖို ကောင်းနေပြီ..
Write comment
| < Prev | Next > |
|---|


