ရန်ကုန်မြို့ တာမွေမြို့နယ်မှ ဦးစံသိန်း၏သား မောင်နေလင်းသည် အဆိုပါ စာအုပ်များကို မန္တလေးတိုင်း ကျောက်ပန်းတောင်း မြို့သို့ ပါဆယ်ဖြင့် ပို့ရန် အသွားတွင် တောင်ဥက္ကလာပမြို့နယ်ရှိ ပါရမီ ရွှေမန်းသူကားဂိတ်၌ အဖမ်းခံရခြင်း ဖြစ်ကြောင်း အမည် မဖော်လိုသူ လူငယ်တဦးက ဧရာဝတီသို့ ပြောသည်။
“ဦးဝင်းတင် ရေးတဲ့ ဘာလဲဟဲ့ လူ့ငရဲ စာအုပ်က ၆ အုပ်၊ နောက် ဒေါ်အောင်ဆန်းစုကြည် ရေးတဲ့ Freedom From Fear ဆိုတဲ့ စာအုပ်က ၅ အုပ်၊ အဲဒါတွေကို မိလို့ ကလေးကို ဖမ်းထားတယ်”ဟု ၎င်းက ဆိုသည်။ ဖမ်းဆီး ခံထားရသော ကလေးငယ်ကို မည်သည့် နေရာတွင် ထိန်းသိမ်း ထားကြောင်း မသိရဘဲ ယခုအထိ ပြန်လည် လွတ်မြောက်လာခြင်း မရှိသေးကြောင်း ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) တွဲဖက် အတွင်းရေးမှူး ဦးဘိုကြည်က ဧရာဝတီသို့ ပြောသည်။
“ပြန်လွတ်လာတယ်လို့ မကြားသေးဘူး။ သူတို့က ဒီကလေးကို နှိပ်စက်ညှဉ်းပန်းပြီးတော့ နောက် ဆက်တွဲ သတင်းတွေကို စုံစမ်းစစ်ဆေးမှာကို စိုးရိမ်တယ်”ဟု ၎င်းက ပြောဆိုသည်။
“Freedom From Fear” စာအုပ်ကို ဒေါ်အောင်ဆန်းစုကြည်က အင်္ဂလိပ်ဘာသာဖြင့် ရေးသားခဲ့ပြီး ခင်ပွန်းဖြစ်သူ ဒေါက်တာ မိုက်ကယ် အဲရစ်က တည်းဖြတ်၍ ၁၉၉၁ ခုနှစ်တွင် ထုတ်ဝေသည်။ “ကြောက်ရွံ့ခြင်းမှ လွတ်ကင်းရေး” အမည်ဖြင့် ဒေါက်တာ အောင်ခင်က မြန်မာပြန်ဆိုခဲ့သည်။
“ဘာလဲဟဲ့ လူ့ငရဲ” စာအုပ်ကို ဟံသာဝတီ ဦးဝင်းတင်၏ အသက် ၈၀ ပြည့် အထိမ်း အမှတ် အဖြစ် ယခုနှစ် မတ်လ ၁၂ ရက်နေ့တွင် စတင်ထုတ်ဝေခဲ့သည်။
ထိုစာအုပ်တွင် အနှစ် ၂၀ ကာလ အတွင်း ဦးဝင်းတင်ခံစား ခဲ့ရသော ကာယဒုက္ခ၊ စိတ္တဒုက္ခများကို ဖော်ပြထားပြီး ထောင်တွင်း မတရားမှုများ၊ အာခံမှုများ၊ အကျဉ်းသား အချင်းချင်း ရိုင်းပင်း ကူညီမှုများ၊ ထောင်တွင်း နိုင်ငံရေး လှုပ်ရှားမှုများ၊ ထောင်ကျဖော်များ အကြောင်းနှင့် ထောင်တွင်း အမြင်မတော်မှုများကို ရေးသားထားသည်။
“ဘာလဲဟဲ့ လူ့ငရဲ” ကို ဒီမိုကရက်တစ် မြန်မာ့ အသံ က ထုတ်ဝေပြီး AAPP က ဖြန့်ချိပေးခြင်းဖြစ်သည်။
Comments (18)

written by နေထွန်း, July 22, 2010
မြို့မကျောင်းသား.. ......ဒီ စာအုပ် ၂ အုပ်ကို ပြည်ပမှာ နိုင်ငံရေး အင်အား စုတွေက ထုတ်ဝေလို့ ယူဂျီစာအုပ်လို့ ပြောရင်တော့ တာဝန်မဲ့ရာ ကျတယ်။ စာအုပ် ၂ အုပ်လုံးကို သေသေ ချာချာ ဖတ်ပြီးမှ ပြောပါ။
written by Thazin Pyu, July 22, 2010
တစ်ခုဘဲ ပြောချင်တယ်-- ကျွန်တော်တို့ဟာ ဥပဒေကို လိုသလို ချဲ့နိုင် ချုံ့နိုင် သော- မည်သည့် ဂုဏ်သိက္ခာ အရှက် တရားကိုမှ နား မလည်ေ သာ- သူတို့ သားသမီး မြေးမြစ် တီတွတ်တို့ ကို ဖူးဖူးမှုတ် ထားကြ သော်လည်း သာမန်ပြ ည်သူတို့၏ သားသမီးတို့ကို ကြွက်စုတ် တစ်ကောင် လောက်တောင် တန်ဖိုး မထား တတ်သော စည်းကမ်း ရှိသော ဒီမိုကရေစီ ဟုခေါ်သာ ခေတ်ဆိုး ခေတ်ပျက်- လောကငရဲ မှာ နေထိုင်နြေ ကရတယ် ဆိုတာကို သတိ ထားကြပါ--- အမှန် တရား- ဆင်ခြင်တုံ တရား ဆိုတာ ဒီခေတ်မှာ ပျောက်ဆုံး နေတဲ့ အရာတွေသာ ဖြစ်ပါတယ်။
written by Zaw Zaw, July 22, 2010
ဒီစာအုပ် ၂ မျိုးက တရားမဝင် ပုံနှိပ်ဖြန့်ချိတယ် ဆိုရင်ဖြင့် လက်ဝယ် ပိုင်ဆိုင်ရင် အားလုံး သတိထားရမှာပေါ့။ ခွင့်မပြူတာ လုပ်ရင် ငယ်သည့်အမှု ကြီးမား အောင် ထွင်ေ တာ့မှာပဲ။
written by စောင့်နေသူ, July 21, 2010
နိုင်ငံရေး အတိုက် အခံများက စစ်အစိုးရကို ကလေးစစ်သားနဲ့ ပတ်သက်ပြီး ၀ိုင်းအောင် နေသည့် အချိန်ဖြစ် နေသည့် အတွက်စစ် အစိုးရကသည် ကလေး စစ်သား အရေးကို ရှောင်ထွက်လို့ ရအောင်ရယ်ြ ပီးတော့ြ ပန်ပြီး တိုက်ခိုက် လို့ ရအောင်၊ ရွေးကောက်ပွဲကာလမှာ အတိုက် အခံတွင် အကြား အချင်းချင်း အငြင်းပွါးမှုဖြစ် သွားအောင် လုပ်ဇာတ် ထွင်တာရော မဖြစ်နိုင်ဘူးလား
written by sword, July 21, 2010
Why children can't read or hold this book?Why ? where is freedom and democracy ?Book is book , knowledge is power ,everybody must read every kind of books in everywhere .why they control reading books?I dont understand those peoples!
written by a guest, July 21, 2010
Books are Danger than nuclear weapon.and they wanna study how !!from daw Aung San su Kyi & U tin Win.
written by Hello, July 21, 2010
စာအုပ်များကို Soft Copies ဖြင့် အမြတ် တနိုး သိမ်းဆည်း လိုပါသောကြောင့် Email ဖြင့် ပို့ပေးလို့ ရ လျှင် သို့မဟုတ် Download Website ကို ဖော်ပြပေးလျှင်လည်း အလွန် ကျေးဇူး တင်ပါသည်။
written by တာဝန်, July 21, 2010
ပထမဆုံးက ဒါ UG အလုပ် လုပ်ခြင်းမဟုတ်ပါ။ စာအုပ်ကို နယ်ပို့ရန် အတွက် ဒီကလေး သွားခြင်းသာ ဖြစ်တယ်။ မည်သည့် တော်လှန်ရေးမှ မဟုတ်၊ ကလေး စစ်သားကိစ္စနဲ့လဲ မဆိုင်ပါဘူး။ ဒီစာအုပ်သည် မြန်မာ စစ်အစိုးရ၏ အတိုက် အခံ အင်အားစုများမှ ထုတ်ဝေထားသော စာပေများသာဖြစ်သည်။ တော်လှန်ရေး စာအုပ် မဟုတ်၊ ဆူပူအုံကြွမှု စာအုပ် မဟုတ်။ ထိုကြောင့် အထက်ပါ ရေးသားထားသော၊ UG ဟု ၎င်း ကလေး စစ်သားကိစ္စ ဟု၎င်း ဆက်စပ် ရေးသားခြင်းများ သည် တာဝန်မဲ့ ရေးခြင်းသာဖြစ်သည်။
တာဝန်ယူရမည့် သူမှာ ထိုကလေးကို ခိုင်းစေသော လူကြီးသည် ထိုသို့ သွားပို့ရမ ည်ကို ကြောက်ရွံ့၍ ကလေးအား စေခိုင်းခဲ့လျှင်သာ ထိုလူကြီးတွင် တာဝန်ရှိသည်။
ယခု သတင်းတွင်လည်း မရှင်းလင်းသည့် အချက်များပါသည်။ ထိုစာအုပ်များကို ကိုင်၍ အသွား လမ်းတွင် ဖမ်းစီးသလား၊ ကားဂိတ်တွင် ပေးသည့် အခါတွင် ဖမ်းမိသလား။ လမ်းတွင် ဖမ်းမိလျှင် မြန်မာ နိုင်ငံတွင် အလွန်တော်သော ထောက်လှန်းရေး အဖွဲ့အစည်း ရှိနေ ဘီဟုသာ မှတ်ယူသင့်သည်။ ဒါမှမဟုတ် ထောက်ချောက် လုပ်ထာြး ခင်းဟုလည်း စဉ်စားနိုင်မည်။
တာဝန်ယူရမည့် သူမှာ ထိုကလေးကို ခိုင်းစေသော လူကြီးသည် ထိုသို့ သွားပို့ရမ ည်ကို ကြောက်ရွံ့၍ ကလေးအား စေခိုင်းခဲ့လျှင်သာ ထိုလူကြီးတွင် တာဝန်ရှိသည်။
ယခု သတင်းတွင်လည်း မရှင်းလင်းသည့် အချက်များပါသည်။ ထိုစာအုပ်များကို ကိုင်၍ အသွား လမ်းတွင် ဖမ်းစီးသလား၊ ကားဂိတ်တွင် ပေးသည့် အခါတွင် ဖမ်းမိသလား။ လမ်းတွင် ဖမ်းမိလျှင် မြန်မာ နိုင်ငံတွင် အလွန်တော်သော ထောက်လှန်းရေး အဖွဲ့အစည်း ရှိနေ ဘီဟုသာ မှတ်ယူသင့်သည်။ ဒါမှမဟုတ် ထောက်ချောက် လုပ်ထာြး ခင်းဟုလည်း စဉ်စားနိုင်မည်။
written by lin lin, July 21, 2010
this was due to mistakes of ruling government in myanmar.It showed no freedom of reading & distribution of books regarding politics .No democracy for author & authoress.Why gover did not allow people can read these kinds of books freely??? because of their scary of power lost.they did not want these books will light the fire for opening of people's eye to see reality .We need to appreciate this kid as every one needs to support to another who wanted to see truth n real regardless of age , sex, religous, & nationality.Lets pray for kid's free & try for CHANGE to release innocent from myanmar jail.
written by Burmese, July 21, 2010
ကလေးက ဖတ်နေလို့ ဖမ်းတာ ဆိုရင်တော့ အာဏာပိုင် အပြစ်ပဲ..။ အခုဟာက ကလေးကို ခိုင်းတာ..၊ မဟုတ်သေးဘူး မိဘတွေနဲ့ ခိုင်းတဲ့အဖွဲ့ အစည်းမှာ အရမ်းကို တာဝန်ရှိတယ်၊ ဒါဟာ တကယ်ကို တာဝန်မဲ့တဲ့ လုပ်ရပ်ပဲ။ ဒါကြောင့်.. .ဒါကြောင့်...အနှစ်(၂၀)ကျော်လာခဲ့တာ။ တာဝန်ရှိကြပါ၊ တာဝန်ယူရဲကြပါ...။
written by သားမောင်, July 21, 2010
တပ်မတော်မှာ အသက် မပြည့်သေးတဲ့ ကလေး စစ်မှုထမ်းတာ ရှိတယ်လို့ ပြောနေကျတယ်..
ပြည်တွင်း ပြည်ပ ယူဂျီတွေထဲက အသက် မပြည့်တဲ့ ကလေးကို စာအုပ် ဖြန့်ခိုင်းေ နတာတော့ မဟုတ်လောက်ပါဘူးနော်..
written by zawmyintlay, July 20, 2010
အလွန် ခွင့်လွှတ်စရာ မကောင်းတဲ့ ခိုင်းစေမျုဘဲ။
Whoever use this kid is Chicken. If you don't have guts, please don't do this. Have you ever thought about this kid's future? Have mercy on kids, Please do not use kids for this kind of movement.
To. မြိုမကျောင်းသား,
These books are not UG books what so ever,OK?
written by mee mee, July 20, 2010
အော် ကြောက်တတ်ပုံများ စာအုပ်တွေက ဒီနေ့ မနက်ဖြန်ဘဲ အာဏာ သိမ်းတော့ မလား စိုးရိမ်ရတယ်။ အဲဒါပေါ့ သေနတ်တွေ ကိုင်ပြီး စာအုပ် ၁၁ အုပ် ကို ကြောက်နေတာ သနားစရာဘဲ။
written by မောင်သန်.။, July 20, 2010
အားလုံး ကလေးစစ်သား ပြဿနာ ကို ဇောင်းေ ပးနေကြတယ်။
မဆလ ခေတ် ကတဲက ဖြစ်နေတဲ့ ကလေး လုပ်သား ပြဿနာ။
ပိုမို ယိုယွင်း လာတဲ့ ခုခေတ်မှာ ဒီပြဿနာ ဟာ ပိုမို ကြီးထွားလာနေတယ်။
စစ်ဖက်ဆစ်တွေ ကို တော်လှန်ရာမှာ အသက်အရွယ် မရွေး ပါဝင်ခွင့် ရှိပါတယ်။
သို့ သော် ကလေး ကိုယ်တိုင် က လုပ်ချင်တယ်၊ တက်ကြွတယ် ဆိုရင်တောင် အသက် ၊၀ါ ကြီးသူတွေက
တားရပါမယ်။
(ငါ ကြောက်လို )့ မင်း သွားပို့ ချေ -- ခိုင်းမယ် ဆိုရင်တော့ --ဒါ မတရားဘူး။
ဖက်ဆစ် တွေမှာ --ကလေးမို့  ဆိုတာ မရှိဘူး။
အင်မတန် စိတ်ဆင်းရဲ ရပါတယ်ဗျာ။
မဆလ ခေတ် ကတဲက ဖြစ်နေတဲ့ ကလေး လုပ်သား ပြဿနာ။
ပိုမို ယိုယွင်း လာတဲ့ ခုခေတ်မှာ ဒီပြဿနာ ဟာ ပိုမို ကြီးထွားလာနေတယ်။
စစ်ဖက်ဆစ်တွေ ကို တော်လှန်ရာမှာ အသက်အရွယ် မရွေး ပါဝင်ခွင့် ရှိပါတယ်။
သို့ သော် ကလေး ကိုယ်တိုင် က လုပ်ချင်တယ်၊ တက်ကြွတယ် ဆိုရင်တောင် အသက် ၊၀ါ ကြီးသူတွေက
တားရပါမယ်။
(ငါ ကြောက်လို )့ မင်း သွားပို့ ချေ -- ခိုင်းမယ် ဆိုရင်တော့ --ဒါ မတရားဘူး။
ဖက်ဆစ် တွေမှာ --ကလေးမို့  ဆိုတာ မရှိဘူး။
အင်မတန် စိတ်ဆင်းရဲ ရပါတယ်ဗျာ။
written by မြိုမကျောင်းသား, July 20, 2010
ပြည်တွင်ြး ပည်ပ တာဝန်ခံများ သတိပြုစေလိုခြင်း
ပြည်ပတွင် ထုပ်ဝေသည်. ယူဂျီ စာအုပ်စာတမ်းများကို အသက် မပြည့်သေးသော ကလေး တစ်ယောက်၏ လက်ထဲတွင် မိသည် ဆိုခြင်းမှာ ပြည်တွင်ြး ပည်ပ ယူဂျီ တာဝန်ခံများ၏ တာဝန်သာ ဖြစ်၏။
ယခု မိခြင်းကား သာမန်အားဖြင့် ကလေးက ယူဖတ်နေစဉ် ဖမ်းမိခြင်းမျိုး မဟုတ်ပဲ သူအား တာဝန် ပေးသည့် အချိန်တွင် ဖမ်းမိခြင်ြး ဖစ်၍ ကလေးအား UG တာဝန် ပေးသော မဟာ အမှာြး ဖစ်သည်။
ပြည်ပတွင် ထုပ်ဝေသည်. ယူဂျီ စာအုပ်စာတမ်းများကို အသက် မပြည့်သေးသော ကလေး တစ်ယောက်၏ လက်ထဲတွင် မိသည် ဆိုခြင်းမှာ ပြည်တွင်ြး ပည်ပ ယူဂျီ တာဝန်ခံများ၏ တာဝန်သာ ဖြစ်၏။
ယခု မိခြင်းကား သာမန်အားဖြင့် ကလေးက ယူဖတ်နေစဉ် ဖမ်းမိခြင်းမျိုး မဟုတ်ပဲ သူအား တာဝန် ပေးသည့် အချိန်တွင် ဖမ်းမိခြင်ြး ဖစ်၍ ကလေးအား UG တာဝန် ပေးသော မဟာ အမှာြး ဖစ်သည်။
Write comment
| < Prev | Next > |
|---|








I would like to ask a question seriously that
Question -- " Who is Responsibility for this case "
Government or Anti-Government
Reason : Because its not acceptable to catch this kid