မဲဆောက်ရှိ မြန်မာ စာသင်ကျောင်း ထမင်းစားဆောင် ပြိုကျ

ထိုင်း - မြန်မာ နယ်စပ် မဲဆောက်နှင့် ၄ မိုင်ခန့်အကွာရှိ မယ်ပ အထက်တန်းကျောင်း ထမင်းစားဆောင် ယနေ့ နေ့လယ် ၁၂ နာရီခန့် က ပြိုကျခဲ့ရာ ကလေးငယ် ၃၀ ခန့် ထိခိုက်ဒဏ်ရာ ရရှိသွားကြောင်း သိရသည်။

“ကလေးတွေ ထမင်းစားနေတဲ့အချိန် ပြိုကျတာဆိုတော့ ရေနွေးပူ လောင်တဲ့ ကလေးတွေ ရှိတယ် ၊ ထုပ်တန်း ပိတာတွေ ရှိတယ် ၊ အသေအပျောက်တော့ မရှိပါဘူး"ဟု အဆိုပါ ကျောင်းမှ ကျောင်းဆရာ ဦးခိုင်ဦးမောင် က ပြောသည်။

ပြိုကျခဲ့သည့် ထမင်းစားဆောင်သည် ပေ၂၀ ပတ်လည် သွပ်မိုး ၊ သစ်ကာဖြစ်ပြီး အဆောက်အအုံ သက်တမ်း ၁၅ နှစ်ခန့်ရှိပြီ ဖြစ်ကြောင်း သိရသည်။

ကလေးများကို မယ်တော်ဆေးခန်းသို့ ကနဦး ပြသ၍ ကုသမှုခံယူခဲ့ကြပြီး မွန်းလွဲ ၂ နာရီခန့်တွင် မိဘများထံ ပြန်လည် ပို့ဆောင် လိုက်ပြီဖြစ်ကြောင်း ဆရာ ဦးခိုင်ဦးမောင် က ပြောသည်။

၎င်းက “ဒဏ်ရာ ပြင်းတဲ့ ကလေးတွေ ၁၀ ယောက်လောက် ရှိတယ် ၊ ဆေးရုံတင်ပေးဖို့က ကျနော်တို့ ကျောင်းမှာ ရန်ပုံငွေ မရှိဘူး ၊ ဒါ့ကြောင့် လောလောဆယ် မိဘတွေဆီ ပြန်ပို့လိုက်တယ် ၊ အလှူငွေလေး ဘာလေးရရင်တော့ ကလေးတွေကို ဆေးကု စရိတ် ထုတ်ပေးနိုင်မှာပေါ့"ဟု ဆိုသည်။

မယ်ပ အထက်တန်းကျောင်းသည် မြန်မာရွှေ့ပြောင်း အလုပ်သမားများ၏ သားသမီးများအား အခမဲ့ ပညာသင်ပေးနေသော ကျောင်းဖြစ်ပြီး ယခုနှစ်တွင် ကျောင်းသား ၃၄၅ ဦး တက်ရောက် ပညာသင်နေကြောင်း သိရသည်။

“ဒီအဆောင်ကို ပြင်ပေးဖို့ အိမ်ရှင်ကို ခဏခဏ ပြောပါတယ် ၊ အရင် အိမ်ပိုင်ရှင် ထိုင်း အဘိုးကြီး လက်ထက်ကတော့ လိုအပ်တာ ပြောရင် ပြင်ပေးတယ် ၊ အခု သူ့သမီးတွေ လက်ထက်မှာ ပြုပြင်မှု သိပ်လုပ်မပေးတော့ဘူး ၊ ကျနော်တို့မှာလည်း ပြုပြင်ဖို့  ရန်ပုံငွေ တွေ ဘာတွေ မရှိဘူးဗျ"ဟု ကျောင်းအုပ်ဆရာကြီး ဦးဌေးလှိုင်က ပြောသည်။

အဆိုပါ ကျောင်းကို ၁၉၉၉ ခုနှစ်က စတင် တည်ထောင်ခဲ့ခြင်းဖြစ်ပြီး နယ်စည်းမခြားကူညီရေးအသင်းက ထောက်ပံ့ပေးနေခြင်း ဖြစ်ကြောင်း သိရသည်။

မဲဆောက်တွင် မြန်မာပြည်သား ကလေးငယ်များအား ပညာသင်ကြားပေးနေသော အထက်တန်းကျောင်း ၅ ကျောင်း ရှိသည်။
Comments (2)Add Comment
0

written by msa, July 21, 2010
ခုတော့ ကလေးတွေပဲ သွားထိတာ များတယ်။ ကြားရတာ စိတ်မကောင်း ပါဘူး။ အဲဒီ ကျောင်းမှာ တာဝန် ရှိသူတွေလည်း အများကြီး လိုတယ် လို့ ထင်တယ်။ ကြိုတင် ကာကွယ်မှုက ကုသမှုထက် အဆပေါင်း များစွာ ကောင်းတယ် တဲ့.။။
0
ဘာလုပ်နေလဲ
written by သူရိန်, July 21, 2010
အင်း ကြားရတာ စိတ်မချမ်းသာ .... Help Without Frontiers ခုအဲဒါ အတွက် ဘာလုပ်နေလဲ ...

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်