USDP နိုင်ခြေရှိသလား

ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ လာမယ့် ၂၀၁၀ ရွေးကောက်ပွဲမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ (USDP) က နိုင်ခြေ ဘယ်လောက် ရှိပါသလဲ။ အားလုံး သိထားပြီးသား မေးခွန်းနဲ့ ထွက်ပြီးသား အဖြေကို ပြောသလို ဖြစ်နေနိုင်တဲ့အတွက် သည်းခံပေးဖို့ ဦးစွာမေတ္တာရပ်ခံ ပါရစေ။

သူတို့ စိတ်ကြိုက် စည်းမျဉ်းတွေ၊ ဥပဒေတွေ ထုတ်ပြန်ထားပြီး မနိုင်နိုင်အောင်လုပ်မယ့် ရွေးကောက်ပွဲ။ ဒီပွဲကို ညီညွတ်စွာ ဆန့်ကျင်ကြရမယ်လို့ ယုံကြည်ကြတဲ့ သူများအတွက် အခုဆောင်းပါးက စဉ်းစားစရာတခုကို ပေးစွမ်းနိုင်မယ်လို့ ထင်တဲ့ အတွက်ကြောင့်ပါ။

USDP နဲ့ အငြင်းပွားစရာများ

USDP ဟာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း (USDA) ခေါ် ကြံ့ဖွံ့ကို နောက်ခံပြု ဖွဲ့စည်းခဲ့တာဖြစ်ပြီး  စတင်ဖွဲ့စည်းစဉ် ကာလက လူမှုရေးအသင်းအဖြစ် တရားဝင် ဥပဒေထုတ်ပြန်ပြီး ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက နာယကဖြစ်ပြီး အစိုးရအဖွဲ့ဝင်တွေက အသင်းရဲ့ အမှုဆောင်အဖြစ် ဆောင်ရွက်ကြတာပါ။ အဲဒါကြီးကို ပါတီအသွင် ပြောင်းလိုက်တယ်ဆိုတာ ပြဿနာရှိပါတယ်။

ပထမ အငြင်းပွားစရာက USDP က စစ်အစိုးရနဲ့ ဆက်စပ်မှု ရှိတယ်ဆိုတာ သိပ်ကို ထင်ရှားနေပါတယ်။ ကြံ့ဖွံ့အသင်းနဲ့ အစိုးရ၊ အခုပေါ်လာတဲ့ ကြံ့ဖွံ့ပါတီနဲ့ အစိုးရ ချိတ်ဆက် ကြည့်လိုက်ရင် တပ်မတော်က ဒိုင်လူကြီးနေရာကနေ ရွေးကောက်ပွဲ လုပ်ပေးမယ်ဆိုတာ အငြင်းပွားစရာ ထပ်ဖြစ်လာတယ်။ အခုတခါ တပ်မတော်က ဟန်ဆောင်ပန်ဆောင် လေးတောင် ဒိုင်လူကြီး လုပ်မပြတော့ဘဲ USDP ဟာ ကိုယ်ဝင်ပြိုင်မယ့် ပွဲကို အရှက်မရှိ ဒိုင်လူကြီး ပါ လုပ်ဦးမယ်လို့ ပြင်ဆင်နေပြန်ပါတယ်။

USDP ပါတီဥက္ကဋ္ဌဖြစ်တဲ့ ဝန်ကြီးချုပ်ကအစ တပ်မတော်ကပဲ အနားယူပြီး အစိုးရ အဖွဲ့ထဲက မထွက်ဘူး။ ဝန်ကြီးတွေအနေနဲ့ ရွေးကောက်ပွဲကို ရာထူးလက်ရှိနဲ့ ဝင်ပြိုင်မယ်၊ ပြီးရင် ရွေးကောက်ပွဲ ရလဒ်အပေါ်မူတည်ပြီး ဝန်ကြီးဆက်လုပ်မယ် ဆိုတာမျိုးလို့ မြင်နိုင်တယ်။ ပါတီရဲ့ နိုင်ငံရေး လုပ်ကွက်နဲ့ အလားအလာကိုကြည့်ရင် စဖွဲ့ကတည်းက အငြင်းပွားစရာတွေ အများကြီးရှိတဲ့ ပါတီ ဖြစ်တယ်။

USDP ၏ ခေါင်းဆောင်မှု

ခေါင်းဆောင်မှု အနေနဲ့ ပါတီမှာ အဓိက တာဝန်ယူမယ့် လက်ရှိဝန်ကြီးတွေဟာ စည်းလုံး ညီညွတ်မှု ရှိကြတာ မဟုတ်ပါဘူး။ သူတို့ဟာ ဗိုလ်ချုပ်မှူးကြီး စကားကလွဲလို့ ဘယ်သူ့စကားမှ နားမထောင်ဘူး။ စည်းလုံး ညီညွတ်စွာ တစုံတဦးရဲ့ ဦးဆောင်မှုကို လက်ခံကြမှသာ ရွေးကောက်ပွဲ နိုင်မယ်ဆိုရင်လည်း ရွေးကောက်ပွဲသာ ရှုံးချင်ရှုံးပါစေ၊ ဘယ်သူ့ ဦးဆောင်မှုမှ လက်မခံဘူးလို့ သဘောထားရှိကြတယ်။

သွယ်ဝိုက်ဖော်ပြနေတဲ့ မြင်သာထင်သာတွေကို ကြည့်ရင်လည်း စစ်အစိုးရ တခေတ်သိမ်းမယ့် အချိန်မှာ စီးပွားရေး အကွက် အကွင်းတွေကို ဝန်ကြီးအခြေပြု  စီးပွားရေးအုပ်စုတွေက ပြောင်ပြောင်တင်းတင်း အပြိုင်လုနေကြတယ်။ အသာစီးရဖို့ လုပ်နေတာကို ကြည့်ခြင်းဖြင့် စီးပွားရေးအုပ်စုတွေရဲ့ ပင်မဖြစ်တဲ့ ဝန်ကြီးတဦးချင်းစီရဲ့ စည်းလုံးညီညွတ်မှုက ဘယ်လိုမှ မရှိနိုင်ဘူး ဆိုတာတွေ့ရတယ်။ အခုဆိုရင် သူတို့ အနီးကပ်မွေးထားတဲ့ စီးပွားရေးသမားတွေ သားသမီးတွေ အုပ်စုချင်း အားပြိုင်တဲ့ ကိစ္စတွေ ပေါ်ပေါ်တင်တင် တွေ့နေရပါပြီ။ အကွက်အကွင်း တခုကို ရဖို့အပြိုင်အဆိုင် ကြိုးပမ်းနေတာက ပြင်ပမှာ သိပ်မသိသာပေမယ့် စီးပွားရေး လောကမှာတော့ စစ်ခင်းနေကြသလိုတောင် ဖြစ်နေကြတယ်လို့ ဆိုပါတယ်။

ဝန်ကြီးများအနေနဲ့လည်း ဗိုလ်ချုပ်မှူးကြီးရဲ့ ရှေ့မှာပဲဖြစ်ဖြစ်၊ ဘယ်သူ့ ရှေ့မှာပဲဖြစ်ဖြစ် အချင်းချင်း ပြုံးပြပြီး စည်းလုံး သယောင်ပြုနေကြပေမယ့် တကယ့် နောက်ကွယ်မှာက လုံးဝကို စည်းလုံးမှု မရှိနိုင်ဘူးလို့ သုံးသပ်လို့ရတယ်။

USDP ထောက်ခံမဲ ရနိုင်သလား

လက်ရှိမှာက အာဏာသိမ်း စစ်အစိုးရဖြစ်နေတဲ့အတွက် ရွေးကောက်ပွဲ ကတိလည်းမရှိပါဘူး။ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နိုင်စွမ်းမှာတော့ ပြည်သူများက စစ်အစိုးရ ဘာတွေ ဘယ်နှစ်ခု ဆောက်ပြီးပြီ ဆိုတာထက် ငါတို့ ဘယ်လောက် အကျိုးခံစားခွင့်ရှိသလဲ ဆိုတာနဲ့ တိုင်းတာမှာဖြစ်တယ်။ အဲလိုဆိုရင် လက်ရှိအစိုးရရဲ့ ရလဒ်တွေက ကျေနပ်စရာ တခုမှ မရှိတဲ့အတွက် ထောက်ခံမဲ ရဖို့ကတော့ ခက်ခဲမယ့် သဘောရှိတယ်။ ဝန်ကြီးများကတော့ သူတို့ ပိုက်ဆံ ဘယ်လောက် သုံးထားလဲ ဆိုတာနဲ့ တိုင်းပြပြီး ရွေးကောက်ပွဲ နိုင်မှာပါလို့ ပြောနေကြပါတယ်။ သူတို့ ကိုယ်တိုင် တကယ် ယုံမယုံတော့ မသိပါ။

ဒီမိုကရေစီနိုင်ငံတွေကို ကြည့်ရင် လက်ရှိ ခေါင်းဆောင်တွေရဲ့ ထင်ရှားကျော်ကြားမှု၊ ပြည်သူလူထုရဲ့ ထောက်ခံမှု ဆိုတာက ရွေးကောက်ပွဲ အသစ်တိုင်းမှာ အင်အားတစ်ရပ်အနေနဲ့ သက်ရောက်မှုရှိတယ်။ မြန်မာနိုင်ငံအနေအထားကို ကြည့်ရင်  ဗိုလ်ချုပ်မှူးကြီးဟာ တခါမှ ပြည်သူတွေကို တိုက်ရိုက် စကား မပြောဖူးပါဘူး။ သူလုပ်ချင်ရာ လုပ်နေပြီးတော့ ပြည်သူတွေရဲ့ ထောက်ခံမှုရဖို့၊ ရွေးကောက်ပွဲနိုင်ဖို့ စဉ်းစားတာဟာ တော်တော်လေး ရူးကြောင်ကြောင် နိုင်ပါတယ်။ ရွေးကောက်ပွဲလည်း နိုင်ချင် တယ်။ ပါတီနာမည် သီးခြားပြောင်းရမှာလည်း ရှက်နေတယ်။ ရွေးကောက်ပွဲ နိုင်ချင်တဲ့ ပါတီတခုရဲ့ အချိုးမချိုးဘဲ အာဏာရှင်ပုံစံ ဆက်လုပ်နေပြန်တယ်။

USDP ရဲ့ နိုင်ငံရေးရပ်တည်ချက်

USDP ခေါင်းဆောင်များဟာ နိုင်ငံရေး သဘောထား၊ အတွေးအမြင်နဲ့ ခံယူချက်တွေကို ရှင်းရှင်းလင်းလင်းပြသဖို့ လိုအပ်နေပေမယ့် ဗိုလ်ချုပ်မှူးကြီးနဲ့ သူ့ပါတီဝင်များကို ကြည့်ရတာ နိုင်ငံရေး ဆိုတာ ကိုယ့်သဘောနဲ့ ကိုယ်လုပ်ချင်ရာ လုပ်လို့ ရတယ်ဆိုတဲ့ နှစ်ပေါင်း ၂၀ လုံးလုံး အရိုးစွဲလာတဲ့ အတွေ့အကြုံပဲရှိပါတယ်။

သူတို့ ကြုံတွေ့ဖူးတဲ့နိုင်ငံရေး ဆိုတာဟာ ကိုယ်ထုတ်တဲ့ စည်းကမ်းနဲ့ကိုယ် ကစားဖူးတာမျိုးပဲ ဖြစ်တယ်။ အရိုးစွဲနေတဲ့ သူတို့ရဲ့ခံယူချက်တွေထဲမှာ ပြည်သူကို အလုပ်အကျွေး ပြုရမယ်။ ပြည်သူ့ထောက်ခံမှုက အဓိကကျတယ် ဆိုတာတွေကို အသိ အနေနဲ့ရော လုပ်ငန်းလိုအပ်ချက် အနေနဲ့ပါ တခါမှ မကျင့်သုံးဖူးဘူး။ ပြည်သူ့ ထောက်ခံမှုကိုရအောင် ဘယ်လို လုပ်ရမယ်ဆိုတဲ့ဟာကို ထဲထဲဝင်ဝင် သိမယ်လို့ မယူဆနိုင်ဘူး။ ဦးသိန်းစိန်ဟာ ပါတီခေါင်းဆောင်အဖြစ် သရုပ်ဆောင်နေတယ်ဆိုတာကို ရုပ်မြင်သံကြား ရိုက်ကူးနေချိန် ခဏလေးမှာတောင် မေ့နေပုံပါပဲ။

ဗိုလ်ချုပ်မှူးကြီးနဲ့ USDP ခေါင်းဆောင်ပိုင်းပြီးရင် ဒုတိယတန်းမှာရှိတဲ့ ကြံ့ဖွံ့ကနေ ပါလာမယ့် ခေါင်းဆောင်တွေကို ၂ မျိုး ခွဲနိုင်ပါတယ်။

ပထမတမျိုးကတော့ အခွင့်အရေးသမားတွေ၊ လောင်းကစား ဒိုင်တွေ၊ ဘယ်ခေတ်မှ တရားမဝင်တဲ့ လုပ်ငန်းလုပ်သူတွေ ပါဝင်တဲ့အမျိုးအစားဖြစ်ပါတယ်။ ဒုတိယ အမျိုးအစားကတော့ အုပ်ချုပ်ရေးနဲ့ အလှမ်းကွာတဲ့ နေရာဖြစ်တဲ့အတွက် ကိုယ်ပိုင် စီးပွားရေးလုပ်ငန်းကို အကာအကွယ်ရဖို့  အသင်းဝင်ခဲ့တဲ့သူတွေ ဖြစ်ပါတယ်။ အသင်းအရှိန်ကို အသုံးပြုပြီး လုပ်ပိုင်ခွင့်တွေရယူခဲ့၊ လူထုကို ဖိနှိပ်ခဲ့၊ မောက်မာခဲ့သူတွေ အများစုဖြစ်တဲ့အတွက် USDP ဟာ ပြည်သူတွေရဲ့ ထောက်ခံမှုကို ဘယ်လိုမှ မရနိုင် ဘူး။ အခု USDP အနေနဲ့ လက်ရှိအနေအထားနဲ့ လက်ရှိ ခေါင်းဆောင်မှုနဲ့ ဝင်ပြိုင်ရင် ပြည်သူတွေရဲ့ ထောက်ခံမှုကိုရဖို့  အကြောင်း လုံးဝ မရှိပါဘူး။ ဒါက လက်ရှိတွေ့ မြင်ရတာတွေအပေါ်မှာ သုံးသပ်တာဖြစ်ပါတယ်။

ဗိုလ်ချုပ်မှူးကြီး အသိအမှတ်ပြုဖို့က ပိုအရေးကြီးတယ်

ရွေးကောက်ပွဲ ဝင်မယ့် ဝန်ကြီးများဟာ အနိုင်ရရေးဆိုတာထက် ရွေးကောက်ပွဲမှာ သူတို့ ဘယ်လောက် အားထည့်တယ်ဆိုတာ ဗိုလ်ချုပ်မှူးကြီးကို သက်သေထူနိုင်ဖို့က ပိုအရေးကြီးတယ်။ ဒါဟာ နှစ်ပေါင်း ၂၀ အတွင်းမှာ အရိုးစွဲလာတဲ့ တပ်တွင်း အလေ့အထ ယဉ်ကျေးမှုတစ်ရပ် ဖြစ်တယ်။ သူတို့ တကယ်လုပ်နိုင်တာ မလုပ်နိုင်တာထက် ဗိုလ်ချုပ်မှူးကြီး အသိအမှတ် ပြုခံရဖို့ ပိုပြီး အရေးကြီးတာ ဖြစ်တယ်။ စစ်တပ် အရာရှိကြီးများဟာ ရွေးကောက်ပွဲကို ဒီတကွေ့မှာ ရှောင်လွှဲလို့ မရတာကြောင့် အလိုက်သင့် ပါဝင်နေကြတာဖြစ်ပြီး သူတို့ အခုလုပ်နေတာ အားလုံးဟာ ပြည်သူလူထုရဲ့ ယုံကြည်ကိုးစားမှု ရရှိရေး ဆိုတာတွေကို ဘယ်လိုမှ အထောက်အကူ မဖြစ်ဘူး ဆိုတာ တွေ့ရပါတယ်။ ပြည်သူလူထုထံက ရမယ့် ထောက်ခံမဲကသာ ရွေးကောက်ပွဲရဲ့ အဆုံးအဖြတ်ဖြစ်မယ့် အနေအထားဖြစ်တယ် ဆိုတာကို သိကြပုံတောင် မရပါဘူး။

အထူးသဖြင့် အနှစ် ၂၀ အတွင်း နေရာကောင်းရခဲ့သူ ဝန်ကြီးများဟာ အသက်အရွယ်လည်း ရနေပြီဖြစ်လို့ ရွေးကောက်ပွဲမှာ ရှုံးသွားလို့ပါဆိုတဲ့ အကြောင်းပြချက်နဲ့  ဒီကထွက်ပြီး အနားယူဖို့ စဉ်းစားနေကြတယ်လို့ သုံးသပ်လို့ရတယ်။ အကြောင်းပြချက် ရှိပါတယ်။ ရွေးကောက်ပွဲမှာ ဝင်ပါခြင်းကြောင့် ဝန်ကြီးဖြစ်ဖို့ မသေချာဘူး၊ ဖြစ်ရင်လည်း ဒီလိုဌာနမှာ ပြန်ရဖို့ မသေချာဘူး၊ ပြန်ရရင်တောင် အရင်လို အာဏာရှင် အငယ်စားတဦးလို စိတ်ကြိုက် ခြယ်လှယ်ချင်သလို ခြယ်လှယ်လို့ မရတော့ဘူး။ သန်းကြွယ်သူဌေးတွေ ဖြစ်ကုန်လို့ အုပ်စုတိုက်ပွဲတွေကြားမှာ အသစ် တက်လာမယ့်အုပ်စုကို ခေါင်းလျှိုပြီးလည်း မဝင်ချင်ဘူး။ လွှတ်တော်နှစ်ရပ်ပေါ်ပြီး အဲဒီကနေ အပြန်အလှန် ထိန်းကျောင်းမှုနဲ့ လုပ်ချင်ရာ လုပ်လို့မရတဲ့ အနေအထားကို ပြန်ဆင်းဖို့က မလွယ်တော့ဘူး။ အရင်ရာထူးလို မက်လုံးမရှိတော့ဘူး။

သူတို့ တဦးချင်းရဲ့ ခံယူချက်တွေကို အခုလို နားလည်လို့ရရင် ဒီလိုအခြေအနေနဲ့ ညီညွတ်မှုမရှိတဲ့ အဖွဲ့အစည်းကနေ ရွေးကောက်ပွဲနိုင်ဖို့၊ အပြတ်အသတ်မဲ ရဖို့ဆိုတာ စဉ်းစားစရာဖြစ်ပါတယ်။

မဲလိမ်နိုင်တယ်

မြန်မာနိုင်ငံလို အာဏာရှင်စနစ်အောက်မှာ မဲလိမ်မယ်၊ မတရား အာဏာသုံးပြီး နိုင်အောင်လုပ်မယ် ဆိုတာတွေ မဖြစ်ပါဘူးလို့ ငြင်းစရာ မရှိပါဘူး။ ဒါပေမယ့် သူတို့ကိုယ်တိုင် ထုတ်ထားတဲ့ ဥပဒေကို အသေအချာ ကျင့်သုံးရင် မဲလိမ်ဖို့ ခက်တယ်ဆိုတာ သိနိုင်ပါတယ်။

ဒါကြောင့် USDP ရွေးကောက်ပွဲ နိုင်သွားတယ်ဆိုရင် သူတို့ ကြိုးစားအားထုတ်မှုကြောင့် မဟုတ်ဘဲ မဲဆန္ဒရှင်ပြည်သူတွေဟာ ကိုယ်လုပ်ရမှာကို မလုပ်လို့ နိုင်သွားတာလို့ သုံးသပ်လို့ရပါတယ်။

အဓိက မဲလိမ်မယ့် နည်းလမ်းက ကြိုတင်မဲပေးမှုမှာ ဖြစ်နိုင်ပါတယ်။ မဲဆန္ဒရှင် တစ်ဦးချင်းကနေ ကိုယ့်မဲကို လွယ်လွယ်မပေးလိုက်ဘူး၊ တန်ဖိုးထားပြီး သေချာ ကြည့်ပေးမယ်ဆိုရင် ဒါမျိုးမဖြစ်အောင် ရှောင်လွှဲနိုင်ပါတယ်။ USDP နဲ့ သူ့အပေါင်းအပါ ပါတီတွေကလွဲလို့ တခြား မဲထည့်နိုင်မယ့် ရွေးချယ်စရာသာ ပြည်သူတွေမှာ ရှိမယ်ဆိုရင် မဲက အဲဒီ နေရာတွေကို စုသွားမှာ ဖြစ်ပါတယ်။ ပြည်သူတွေဟာ သူတို့ ဒဏ်ခတ်လို့ရမယ်ဆိုတာ သေချာရင် အပြစ်ပေးမှာ ဧကန် မလွဲပါပဲ။ အခြေအနေအရပ်ရပ်ကို ကြည့်ရင် USDP ရဲ့ နိုင်ခြေဟာ အင်မတန်မှ နည်းပါးတာကို လက်တွေ့ကျကျ မြင်နိုင်ပါတယ်။

NLD ရဲ့ အခန်းကဏ္ဍ

NLD က ရွေးကောက်ပွဲကို သပိတ် မှောက်သွားပါပြီ။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ၂၀၁၀ ရွေးကောက်ပွဲကို လက်မခံနိုင်လို့ သပိတ်မှောက်တာ၊ ပါတီမှတ်ပုံ မတင်တာဟာ ပါတီတစ်ခုအနေနဲ့ အင်မတန်ကောင်းတဲ့ ရပ်တည်ချက်ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလို နိုင်ငံရေး သြဇာ၊ ဂုဏ်သိက္ခာကြီးတဲ့ ပါတီက ကိုယ်ကိုယ်တိုင်တော့ ရွေးကောက်ပွဲကို မဝင်ဘူး၊ ဒါပေမယ့် ဝင်ပြိုင်တဲ့ သူတွေအားလုံးကိုလည်း အပြစ်ပေးတဲ့ သဘောနဲ့ သစ္စာဖောက်တွေဆိုပြီး တံဆိပ်ကပ်မယ်ဆိုရင်တော့ မတရားဘူးလို့ ပြောချင်ပါတယ်။
ဘာကြောင့်လဲ ဆိုတော့ ခုနကပြောတဲ့ အခြေအနေအရ အဓိက ပြိုင်ဖက်ဖြစ်တဲ့ USDP နိုင်ခြေမရှိဘူး။  ဗိုလ်ချုပ်မှူးကြီးဟာ  သူ့စိတ်ကြိုက်လုပ်ထားတဲ့ ပွဲမှာ NLD မပါတာတောင် သူတို့ ရှုံးသွားတယ်ဆိုခဲ့ရင် ခါးသီးတဲ့ နိုင်ငံရေး သိက္ခာကျမှု အရသာကို ခံစားသွားရမှာဖြစ်ပါတယ်။ ဒီလို ခံစားသွားရစေဖို့အတွက် ဆရာကြီး ဦးဝင်းတင်လို လူမျိုးက စဉ်းစားသင့်ပါတယ်။ NLD မပါတော့ဘူး ဆိုပေမယ့် ဗိုလ်ချုပ်မှူးကြီးနဲ့ သူ့ရဲ့ USDP ကို ဒဏ်ခတ်တဲ့ အနေနဲ့ ပြည်သူများကို ဘယ်လိုပါတီမျိုးကို မဲထည့်ပါဆိုပြီး လမ်းညွှန်သင့်တယ်လို့ အကြံပြုလိုပါတယ်။

တဖက်က စဉ်းစားကြည့်ရင် သပိတ်မှောက်ရေးသည် အဖြေမဟုတ်ဘူးဆိုတာကို တွေ့ရပါတယ်။ မြန်မာနိုင်ငံရဲ့ လက်ရှိ လုပ်ထုံးလုပ်နည်းအရ လုံလောက်တဲ့ မဲမရလို့ ပွဲပျက်တယ်ဆိုတာ မရှိတဲ့အတွက် တစ်ယောက်တည်းထွက်ပြီး တမဲတည်း ထည့်ရင်လည်း သပိတ်မှောက်တာက မအောင်မြင်ပါဘူး။ အောင်မြင်ချင်ရင် တယောက်မကျန် အားလုံး မဲမထည့်မှသာ အောင်မြင်မှာ ဖြစ်ပါတယ်။

ဗိုလ်ချုပ်မှူးကြီးကို မနှစ်သက်သူတွေ များများထွက်ပြီး ကန့်ကွက်မဲ ထည့်မှသာလျှင် NLD ဘက်တော်သားများသည် ပိုပြီး အင်အားကြီးတယ်ဆိုတာကို သက်သေထူနိုင်မှာ ဖြစ်ပါတယ်။

ဗိုလ်ချုပ်မှူးကြီးအနေနဲ့ အခုလို ခါးသီးတဲ့ ဒဏ်ခတ်မှု အရသာကို ခံစားသွားစေဖို့ဆိုရင် ပြည်သူ တွေအနေနဲ့  အဲဒီလို ဒဏ်ခတ်နိုင်တဲ့ အခွင့်အရေးကိုရဖို့နဲ့  ဘယ်လို တက်ညီလက်ညီ ထိထိရောက်ရောက် အပြစ်ပေးလို့ရတယ် ဆိုတာတွေ သိဖို့လိုအပ်ပါတယ်။ ဒါကို ဒီလို လုပ်ခြင်းအားဖြင့် ဒဏ်ခတ်ရာ ရောက်တယ်ဆိုတာ ဦးဝင်းတင်လို ခေါင်းဆောင်မျိုးက ရှေ့ဆောင်လမ်းပြ လမ်းညွန်ပေးဖို့ အမှန်တကယ် လိုအပ်နေပါတယ် ဆိုတာကို အကြံပြု ထောက်ပြလိုပါတယ်။ အသေအချာကို နိုင်တော့မယ့် စစ်ပွဲကို အဘယ့်ကြောင့် မတိုက်ဘဲ နေရမလဲ ဆိုတာကို ဒီမိုကရေစီရေး ရှေ့ဆောင်လမ်းပြများ အသေအချာ စဉ်းစား သင့် ပါကြောင်း။
Comments (14)Add Comment
0
သပိတ်မှော က်ရေးသည် အဖြေ မဟုတ်ဘူး ဆိုတာကို မပြောသင့်ပါ။
written by ??????????, July 18, 2010
ပြည်သူ လူထုကို သပိတ်ေ မှာက်တတ်အောင် စည်းရုံးတိုက်တွန်းသင့်ပါသည်။ သပိတ်မှောက်မှ မဲမထဲ့ကြမှ နအဖ နဲ. ကြံ.ဖွတ်ေ တွ မဟုတ်တာ လုပ် တာသိ လာကြပါမည်။ ယုတ်ကန်းတာ ကိုဘ ယ်လိုရှောင်ကြမလဲ။ လူထု ထဲမှာ အကြောက် တရား မရှိအောင် ဘယ်လို စည်းရုံးကြမလဲ။ နအဖ နဲ. ကြံ.ဖွတ်တို.ေ ပါင်းလိမ်ကြမှာ ကိုဘယ်လို တားဆီးကြမလဲ။ တတ်သိ နိုင်ငံရေး ကျွမ်းကျ င်သူများက စည်းရုံး အကြံပေးကြပါ။ ကျွန်တော်တို. ပြည်သူတွေ မှာ အားကိုးစရာ မရှိတော့ပါ။ စစ်ဘီလူးတွေရဲ. ဖိနပ်ေ အာက်မှာ တသက်လုံး ကျွန်မခံပါရစေနဲ.။ မိုးနတ်မ င်းကြီးလည်း မကယ်နို င်တော့ဘူး ထင်ပါတယ်။
0
Do we need to dance to the SPDC's tune?
written by Myo Min, July 03, 2010
What Maung Koe tried to say is like finding a better place in the train which is heading and accelerating into hell. I don't know whether its like a last wish of a death roll prisoner just before heading for the gallows.
If my examples are not clear enough, let's try another! If you want to cool down some boiling water, will you just add more cold water into it endlessly ending up cold water gets warm and the pot gets over loaded, instead of extinguishing the fire underneath?
We patriotic Myanmars should find the main cause of the problem rather than concentrating over temporary solution which may be exactly the way Than Shwe has ever wanted to see. He might play music of death for the sake of playing music and why should we dance to his tune without analyzing the kind of music jeopardizing our just existence and rights ? Forget it.
How many of us, we ordinary people of Myanmar spent our times devoting on the cause of democracy, justice and human rights as much as Aunty Suu and her brave comrades did sacrificing even their lives? Will they simply do a decision that is more harm than good for the people of Myanmar without considering from several perspectives? No way! When we were gossiping and standing by, they were there to fight for us. Let's admit it.
If you still have doubts and wonder whether to vote or who to vote, that means you are dancing to the tune of SPDC and admitting that you were never been with NLD and majority of the people of Myanmar.
For example, as a Buddhist, when we abstain from killing, we are trained to concentrate on our own self making sure we do not kill anyway and not to look others whether they kill or not or find an excuse of like "even if we do not kill, there are still killings caused by others and there is no use of abstaining from killing for us". This kind of mentality is so corrupted, cheap and like testicles of a goat swaying from one thigh to another instantly.
So, people, let me urge you and remind you that you just do what you should do that is vote no party. You all must at the first place stand firm on the ground that this election is a sham. If you can't even justify what this election really is all about, you better be prepare to die in the darkness of military oppression.
DOWN WITH THAN SHWE, DOWN WITH SPDC, DOWN WITH USDP.
LONG LIVE AUNG SAN SUU KYI, LONG LIVE NLD, LONG LIVE GENUINE DEMOCRACY.
0
မယုံရေးချ မယုံ
written by ဇွဲကပင်သား, June 06, 2010
တခုပဲ မေးချင်တယ်။ ဒီရွေးကောက်ပွဲ တကယ် လုပ်ဖြစ်မယ်လို့  ဘယ်သူ အတိအကျ ပြောနိုင်လဲ။ အကြောင်း အမျိုးမျိုး ပြပြီး နောက်နှစ်တွေကို ရွှေ့ ချင် ရွှေ့ ၊ ဒါမှမဟုတ် ဖျက်သိမ်း လိုက်မှာ အသေအချာပါ။
သူတို့ ပဲ နိုင်ငံတော်အာဏာကို ထိမ်းထားချင်တာ ဘာကြောင့် အပင်ပန်း ခံပြီး လုပ်နေဦးမှာလဲ။
0
Underestimate?
written by REALITY, June 05, 2010
Maung Koe,

I appreciate that you tried your best to persuade on what you believe, at least. However, after reading the comments, you see the reality now, don't you?
Maung Koe, those SPDC generals are very cunning and smart in wrong way. Please don't be tricked in their game plan. Everybody knows what those generals really are.
0
don't dreaming on the cloud.
written by Banya, June 04, 2010
this is absolutely nonsense article, may be one man from Junta' insider who wants to accept Junta' election. We have had 90 election and obviously everyone knows result from that! We don't need any further navie elections at all!
0
Stupid
written by wuntho, June 04, 2010
မဲဆွယ် တာလား ကို ဆောင်းပါးရှင်။။။။ ? ဧရာဝတီ ကို တခုပြောချင် ပါတယ်။။ ကျွန်တော် တို့ဧရာဝတီ ကြိုက် တာ ဒီမိုက ရေ စီ ကိုအား ပေးတယ် ထင်လို့ပါ။။ ခု ဆောင်းပါးက ကြေးမုံ တို့ မြန်မာအလင်း တို့ ကိုပို့ သင့်ပါတယ်။။။
0
Do not vote for USDP. Still your choice vote for other party or no vote at all. That what we can do rather than do nothing and afraid to loose.
written by PPH, June 04, 2010
It's a shame that just believing Military regime will definitely win this election and do nothing what you can do (vote) as a citizen. Just do not vote for USDP and vote for other is better than just sit down and afraid to loose. How many of you who is insulting the author have the solution to dethrone this military regime? The simplest thing we can do as our right is to vote for others not USDP. When I head this election new, I told myself that I will vote for NLD. When I knew that NLD decided not to participate, I will vote for other party but not USDP. That is what I can do as a myanmar citizen. When gov gives you chance, just show that you dislike them by not voting for USDP.
0
I don't agree with you.
written by Zin Maung Maung, June 04, 2010
It does not matter who win in this coming election. Than Shwe will never move from his position until he dies. He has no choice . He has to do it that way . He cannot be soft. Otherwise, he and his family are in danger. Nobody will grantee that he and his family will be safe even if he just moves a little bit from the top position of army. If USDP does not win..do you think he will give some portions of power to the party that win in the election? no way..he will find a reason not to ..even he will held another elections if he needs to.. until he is sure for all his men are in power before he die..So..I am sure the writer knows about it too..the writer just wants to complain U Win Tin.

What U Win Tin did is just right. If you want our country to have democracy..don't think about this election. Think about how to remove Than Shwe from the top position of Army. Hope for the another general who stands for People, but not from his gang either.
0
ကိုယ်ဟာကိုယ့် လွတ်လွတ်ကျွတ်ကျွတ် ရူးကြပါ
written by myolay, June 03, 2010
ဟုတ်ပါပြီ NLD က ရွေးကောက်ပွဲ ဝင်ပြီ၊ ပြည်သူကလည်း NLD ကို မဲပေးေ ရွးချယ်လိုက်ပြီပဲ ဆိုပါစို့။ ဘယ်ဖြစ်မယ် ထင်တုန်း။ နအဖကိုများ ငအကြီများ မှတ်နေသလား။ ဒီမိုကရေစီ ဘက်သားတွေသာ ၉ဝ ရွေးကောက်ပွဲကို နမူနာ မယူတတ်တာ။ နအဖက ယူတတ်လွန်းလို့ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတောင် ၉ဝ ရာနှုန်းကျော်နဲ့ အတည်ပြုပြီးပြီး။ ရူးချင်လည်း ကိုယ်ဟာကိုယ့် လွတ်လွတ် ကျွတ်ကျွတ် ရူးကြပါ။ လူကောင်းတွေကို လက်ညိုးထိုးပြီး အရူးဇာတ် မသွင်းကြပါနဲ့။
0
...
written by bigcat, June 03, 2010
The author assumed that voters will be able to resist junta's plan to rig the vote but the experience in 2008 sham constitution right after Nagris disaster proved otherwise. Junta rigged the constitution vote but many countries including EU subsequently endorse the election. It will be the same story even after junta's sponsored parties win by any means.
..., Low-rated comment [Show]
0
သေချာနိုင်မယ်. စစ်ပွဲ ဟုတ်လား?? ????????
written by 9မောင်ခင်, June 03, 2010
ဆ၇ာကိုး ၇ယ် လွယ်လိုက်တာ နော် ။၁+၂= ၃ ဆိုတာ ကလေးတောင် သိတယ်။လက်၇ှိ ၀န်ကြီးတွေ ညီညွတ်မူ.မ၇ှိဘူး ဆို၇င် စစ်အစိုး၇ ဆိုတာ ၇ှိမှာတောင် မဟုတ်ဘူး။ ဗိုလ် ချုပ်မူးကြီးစကား ကလွဲ၇င် ဘယ်သူ. စကားမှ နားမထောင်ဘူး ဆို၇လောက် အောင် လို.ပြော၇လောက်အောင် တော. လျော.မတွက်ပါလေနဲ. ဦးနေ၀င်း သေတော. ဘာဖြစ်လာတယ် ဆိုတာ ဆရာလည်းေ တွ.နေတာပဲ။ အမှန်အတိုင်းပြော၇၇င် အတိုက်အခံ တွေ ဟာ စစ်တပ်လို ညီညွတ်မူ.၇ှိအောင် မတည်ဆောက် နိုင်တာတော. ဘယ်လိုမှ ငြ င်းမ၇ပါဘူး။ ပြ ည်သူ သဘောကြတာ မကြတာ ပြောတာ မဟုတ်ဘူးနော်။ ထောက်ခံမဲ ၇ နိုင်သလား မမေးနဲ.နော် ၂၀၀၈ အခြေခံ ဥပဒေ မှာ ဘယ် နှစ်ရာခိုင်နှုန်း ဆိုတာ ပြန် ကြည်.လိုက်ပါ။ ခေါင်းဆောင်မူ.ကတော. သိတဲ.အတိုင်းပဲ ပစ် ၇င်ဆို၇င် ဘာလုပ်တယ် ဆိုတာ ဆ၇ာ တွေ.တယ်နော်။ နိုင်ငံေ၇း ၇ပ်တည် ချက် သိချင်တယ်လို.မေး ၇င် တော. သတင်းစား ဖတ် လို.ပြော၇မယ် ဆ၇ာ။ မဲလိမ် တယ် ဆိုတာ ပြောလို.ပဲနေ မ၇ဘူးနော်။ သက်သေ ၇ှိမှ ။ သက်သေ၇ှိ ပြန် ၇င်လည်း အေ၇းယူမယ်. သူ က ဘယ်သူလဲ?????။ သပိတ် မှောက်ပါတယ် ဆိုမှ လမ်းညွှန်ပေး၇လောက် အောင် မပြတ်သားလောက် အောင် ဈေးပေါ ၇င် အစကတည်း က ၀င်ပြိုင်မှာပေါ.။ NLD မပါတဲ.ေ၇ွှးကောက်ပွဲ မှာ သူတို.၇ှုံး မ၇ှုံးဆိုတာ တော. ဘယ်သူ.မေးမေးသိပါတယ်။ အ၇ှုးမေး ၇င် တော.မသိဘူးလေ။ ဦးဝင်တင် ကို ခါးသီးတဲ.နိုင်ငံေ၇း သိတ်ခါ ကျမှု. အ၇သာ ခံစားသွား ၇မယ်။ လောလော ဆယ် ဘယ်သူ ကျ တယ်တက်တယ် ဆိုတာ ကတော. ။ဧ၇ာဝတီ မှာ ဆောင်ပါးတောင်ေ၇းနေတာ သိလောက်ပါတယ်။ စစ်ပွဲ ဆိုလို.ပြော ၇အုံးမယ် မြန်မာစစ်တပ် လက်သုံးစကား *ေ၇ဘူးပေါက်တာ မလိုချင်ဘူး ရေပါတာပဲ လိုချင်တယ်။ ကဲ --ဆ၇ာ ကိုးရေ ဒီလိုစစ်တပ် ကို သေချာနိုင်မယ်. စစ်ပွဲလို. ပြော နိုင်လောက်အောင် ဒါထက် ခိုင်လုံတဲ.အထောက် အထားပြ ပါအုံးနော်။ အဖြေ ထွက်တဲ.နေ. ကျ၇င်လဲ ဒီလိုပဲ ပြောင် ပြောင် လေး ဆောင်းပါးေ၇းနော် ။ စောင်.နေမယ်ဗျာ။
0
ပြောချင်တယ်..တစ်ခု
written by Burmese, June 03, 2010
မေးဖို့ တောင် လိုသေးလား ဆောင်းပါးရှင်ရယ်..။
ညီကြစို့, Low-rated comment [Show]

Write comment

busy
 
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်