မြန်မာပြည် ပိတ်ဆို့ရေး အမေရိကန် အထက်လွှတ်တော် ထပ်မံအတည်ပြု

စစ်အစိုးရ အပေါ် ချမှတ်ထားသည့် စီးပွားရေး ပိတ်ဆို့မှု သက်တမ်းကို နောက်ထပ် တနှစ်တိုးရန် အမေရိကန် အထက် လွှတ် တော်က ၉၉ မဲ ၁ မဲနှင့် ယမန်နေ့က အတည်ပြု လိုက်သည်။

ယခု ဥပဒေကို ဒီမိုကရက်တစ် ပါတီနှင့် ရီပတ်ဗလီကန် ပါတီ နှစ်ရပ်စလုံးက တခဲနက်ထောက်ခံခြင်းဖြစ်ပြီး စစ်အစိုးရ ပြုလုပ်မည့် အတုအယောင် ရွေးကောက်ပွဲကို အသိအမှတ်မပြုနိုင်ကြောင်း ပြသလိုက်ခြင်းဖြစ်သည်ဟု အထက်လွှတ်တော် အမတ်
မစ်ခ်ျ မက်ကော်နယ်က ပြောသည်။

“ဒီ အာဏာရနေတဲ့ စစ်အစိုးရဟာ အတုအယောင် ရွေးကောက်ပွဲကို ကျင်းပပြီးတော့ အဓိပ္ပယ်မရှိတဲ့ ဖွဲ့စည်းပုံကို  ဆက်လက် ကိုင်စွဲဖို့ ကြိုးစားနေတယ်”ဟု ၎င်းကဆိုသည်။

ရွေးကောက်ပွဲကို စစ်အစိုးရက မည်သည့် အချိန်တွင်လုပ်သည်ဖြစ်စေ မယုံကြည်ကြောင်း၊ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုလည်း ဆက်လက် ဖမ်းဆီးထိန်းသိမ်းထားပြီး မည်သည့် အစိုးရအဖွဲ့ အတွင်းမှာမှ မပါစေရန် စနစ်တကျ ပြုလုပ်ထားကြောင်း၊ ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရပါတီ ဖြစ်သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကိုလည်း မည်သည့် လှုပ်ရှားမှုမျှ မပြုလုပ်နိုင်ရန် ပိတ်ပင်ထားပြီး မကြာသေးမီကလည်း ရွေးကောက်ပွဲဝင်မည့်ပါတီများကို အလံများကိုင်ဆောင်၍ ချီတက် ခြင်း၊ ကြွေးကြော်သံများ အော်ဟစ်ခြင်းများ မပြုလုပ်ရန် ရွေးကောက်ပွဲကော်မရှင်က ဥပဒေများကို ထုတ်ပြန်ခဲ့ကြောင်း မစ်ခ်ျ မက်ကော်နယ် က ထောက်ပြခဲ့သည်။

အဆိုပါ စီးပွားရေး ပိတ်ဆို့မှု သက်တမ်းတိုးရေး ဥပဒေကို မကြာသေးမီက အမေရိကန် အောက်လွှတ်တော်မှလည်း အတည်ပြုပြီး ဖြစ်ရာ၊ ယခုအချိန်တွင် သမ္မတ ဘားရက် အိုဘားမား က လက်မှတ်ထိုး အတည်ပြုပေးရန်သာ ကျန်တော့သည်။

ထိုသို့ အထက်လွှတ်တော် ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ အမေရိကန် အခြေစိုက် မြန်မာ့အရေး ဆောင်ရွက်နေသည့် US Camp aign for Burma အဖွဲ့မှ ကြိုဆိုကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားလူနည်းစုများကို ဆက်လက် ကူညီသွားမည် ဖြစ်ကြောင်း ယင်းအဖွဲ့၏ ရှေ့နေJennifer Quigleyက ပြောဆိုလိုက်သည်။

မြန်မာစစ်အစိုးရ အပေါ် ပြဋ္ဌာန်းထားသည့် စီးပွားရေးအရ ဒဏ်ခတ်သည့် ဥပဒေကို ၂၀၀၃ ခုနှစ် ဒီပဲယင်းအရေးအခင်းပြီး နောက်ပိုင်း ပြဋ္ဌာန်းခဲ့ခြင်း ဖြစ်ပြီး မြန်မာနိုင်ငံမှ ကုန်ပစ္စည်းများ အမေရိကန်နိုင်ငံအတွင်း တင်သွင်းမှုကို တားမြစ်ခြင်း၊ စစ်အစိုးရ အနေဖြင့် နိုင်ငံတကာ ဘဏ်များမှ ငွေကြေး အထောက်အပံများ မရရှိစေရန် ပိတ်ပင်ထားခြင်း၊ စစ်အစိုးရ ခေါင်းဆောင်များနှင့် မိသားစုများ၏ ပိုင်ဆိုင်မှုများကို ထိန်းချုပ်ခြင်း နှင့် ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်ခြင်းတို့ပါဝင်သည်

ထို့အပြင် မြောက်ကိုရီးယားနှင့် စစ်အစိုးရတို့ စစ်ရေးဆိုင်ရာ ဆက်သွယ်မှုများ ပိုမိုများပြားလာမှုကိုလည်း စိုးရိမ်ကြောင်း အထက် လွှတ်တော်အမတ် မစ်ခ်ျမက်ကော်နယ် က ဆက်လက်ပြောဆိုသည်။

ယမန်နေ့က ကျင်းပသည့် အာဆီယံ ဒေသတွင်းဆိုင်ရာ ဆွေးနွေးပွဲ (ARF) အစည်းအဝေးတွင်လည်း အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး မစ္စ ကလင်တန်က“မြောက် ကိုရီးယား က စစ်အစိုးရကို စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့နေတာကို အားလုံးက စိုးရိမ် နေကြတယ်”ဟု ဗီယက်နမ် နိုင်ငံခြားရေး ၀န်ကြီးနှင့် တွေ့ဆုံအပြီးမှာ ထုတ်ဖော်ပြောကြားခဲ့သည်။

မကြာသေးမီကလည်း မြောက်ကိုရီးယား လက်နက်များ တင်ဆောင်လာသည့် သင်္ဘောတစီး မြန်မာနိုင်ငံသို့ ဆိုက်ရောက်လာ ကြောင်း၊ စစ်အစိုးရက မြောက်ကိုရီးယား အကူအညီဖြင့် နျူကလီးယား အစီအစဉ်ကို လုပ်ဆောင်နေကြောင်း မစ္စ ကလင်တန် က ဝေဖန် ပြောကြားခဲ့သည်ဟု APသတင်းတွင် ရေးသား ထားသည်။

မြန်မာ စစ်အစိုးရ ၏ လျှို့ဝှက်လုပ်ဆောင်နေသည့် နျူကလီးယား လက်နက်ထုတ်လုပ်ရေး အစီအစဉ်ကို ပြီးခဲ့သည့် လအတွင်းက အယ်လ်ဂျာဇီးယား ရုပ်မြင်သံကြား သတင်းဌာနက ဖော်ပြခဲ့ပြီးနောက်တွင် စစ်အစိုးရက ၎င်းသတင်းသည် လီဆယ် လုပ်ကြံမှုသာ ဖြစ်သည်ဟု နိုင်ငံပိုင်မီဒီယာများမှ တဆင့် ငြင်းဆိုခဲ့သည်။
Comments (1)Add Comment
0
...
written by ဒီဇင်ဘာလွမ်း, July 25, 2010
ဒီလို ပိတ်ဆို့မှုေ တွကြားကပဲ စစ်အစိုး ရကလဲ အောင်မြင်မှုတွေ ဆင့်ကဲ ရနေတာတော့ အမြင် ...

Write comment

busy
 
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်